ရွှေဘိုတွင် ကြံနှင့်ပဲစင်းငုံများ အထွက်နှုန်း နည်းပါးသည့်အပြင် ဈေးနှုန်းပါလျော့ကျ

ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တစ်ဝိုက်တွင် အဓိကစိုက်ပျိုးသည့် ကြံနှင့်ပဲစင်းငုံသီးနှံများ အထွက်နှုန်းနည်းပါးခဲ့ပြီး ဈေးနှုန်းလျော့ကျနေကြောင်း သတင်းရရှိသည်။
ကြံအထွက်နှုန်းမှာ ယခင်နှစ် များအောက် ထက်ဝက်ခန့်လျော့ကျ ခဲ့ပြီးဈေးနှုန်းမှာလည်း ယခင်နှစ်များ နှင့်ယှဉ်လျင် များစွာလျော့နည်းခဲ့ ကြောင်း သိရသည်။ ယခင်နှစ်တွင် ကြံတစ်ပိဿာ ကျပ် ၈၀၀ ၀န်းကျင်ခန့် ရှိခဲ့ရာမှ ယခုနှစ်တွင် ကြံတစ်ပိဿာဈေး ကျပ် ၄၀၀ ၀န်းကျင်ခန့်အထိ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
''ကျွန်တော်တို့ဘက်မှာတော့ ကြံရယ်၊ ပဲစင်းငုံရယ်ကို အဓိကထား စိုက်ကြပါတယ်။ ဒီနှစ်အနေနဲ့ကတော့ နှစ်ခုလုံး အထွက်နှုန်းရော၊ဈေးနှုန်းပါ သိသိသာသာ လျော့ကျသွားတယ်။ မနှစ်က ရာသီသိမ်းချိန်မှာ  ကြံစိုက်တာကနေ ကျပ်သိန်းနှစ်ဆယ်ဝန်းကျင် ရတယ်။ ဒီနှစ်ငါးသိန်းသာသာပဲ ရတော့တယ်။ ဒါတောင်တန်ချိန်နဲ့ ရောင်းလိုက်ရလို့။ ပိဿာနဲ့ဆို ဈေးမကိုက်ဘူး။ ကြံတစ်တန်ဈေးက ကျပ် ၃၁၈၀၀ ရပါတယ်''ဟု ခင်ဦးမြို့နယ် အုန်းပင်ကုန်းရွာဒေသခံ တောင်သူတစ်ဦးက ရှင်းပြသည်။
EMG
ရွှေဘိုတွင် ကြံနှင့်ပဲစင်းငုံများ အထွက်နှုန်း နည်းပါးသည့်အပြင် ဈေးနှုန်းပါလျော့ကျ ရွှေဘိုတွင် ကြံနှင့်ပဲစင်းငုံများ အထွက်နှုန်း နည်းပါးသည့်အပြင် ဈေးနှုန်းပါလျော့ကျ Reviewed by သစ်ထူးလွင် on 20:00 Rating: 5

No comments:

Powered by Blogger.