NLDပါတီ ကိုယ်စားလှယ်လောင်းများအား ဇန်န၀ါရီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပါတီသို့စာရင်းပေးသွင်းရမည်

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများအား ဇန်န၀ါရီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပါတီသို့စာရင်းပေးသွင်းရမည် ဖြစ်ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ရွေးချယ် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများအား ပြည်နယ်နှင့် တိုင်းများတွင်ရှိသော အဖွဲ့ဝင်များမှ တင်သွင်းလာကြမည် ဖြစ်ပြီး၊ဇန်န၀ါရီလ ၁၁ ရက်နေ့ထိ နောက်ဆုံးထားတင်သွင်းနိုင်ကြောင်း သိရှိရသည်။

အဆိုပါ ပါတီမှရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများမှာ ဧပြီလ ၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ဇန်န၀ါရီလ ၉ ရက်နေ့တွင် နာယက (၅) ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ (၇) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

နယကကြီးများအဖွဲ့တွင်  ဦးတင်ဦး ၊ ဦးဝင်းတင် ၊ ဦးသန်းထွန်း၊ ဦးလှဖေ ၊ဦးညွန့်ဝေ တို့ဖြစ်မှပါဝင်ပြီး  ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်  ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဥာဏ်ဝင်း ၊ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်နှင့် ဒေါက်တာမေ၀င်းမြင့် တို့ဖြစ်ကြောင်း သိရှိရသည်။

ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပါတီဝင်အသစ်များကို လက်ခံခဲ့ပြီး၊နယ်ဒေသများသို့လည်း ပါတီဝင်လျှောက်လွှာ တသန်း ဖြန့်ချိပေးခဲ့ကြောင်း သိရှိရသည်။ အန်အယ်ဒီပါတီအနေဖြင့် ဗဟိုအလုပ်အမှုဆောင်အသစ်များကိုလည်း တိုးချဲ့သွားရန် အစီစဉ် ရှိကြောင်း  သိရှိရသည်။

ဇန်န၀ါရီလ ၆ ရက်နေ့တွင် မှတ်ပုံတင်ကျခဲ့ပြီး၊ ဇန်န်ဝါရီလ ၉ ရက်နေ့တွင် ဆိုင်းဘုတ်အသစ်၊ အဖွဲ့ဝင်အသစ်တို့ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။

အန်အယ်ဒီပါတီသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့သော်လည်း ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် တပြည်လုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီဖြစ်သည်။

မေသင်္ကြန်ဟိန်၊ ၀င့်သင်ဇာကျော်(မြစ်မခ)
NLDပါတီ ကိုယ်စားလှယ်လောင်းများအား ဇန်န၀ါရီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပါတီသို့စာရင်းပေးသွင်းရမည် NLDပါတီ ကိုယ်စားလှယ်လောင်းများအား ဇန်န၀ါရီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပါတီသို့စာရင်းပေးသွင်းရမည် Reviewed by သစ်ထူးလွင် on 19:08 Rating: 5

No comments:

Powered by Blogger.