NLD ပါတီဝင်လျှောက်လွှာ တစ်သိန်း စတင်ဖြန့်ဝေ စည်းရုံးမည်

နိုင်ငံရေးပါတီ မှတ်ပုံတင်ရရှိ ပြီးသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ယခုလ(၉)ရက်နေ့ တွင်စတင် ၍ မြန်မာတစ်နိုင်ငံလုံး တွင်စည်းရုံးရေး အတွက် ပါတီဝင် လျှောက်လွှာစောင် ရေတစ်သိန်း စတင်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပါတီဗဟိုဦးစီးအဖွဲ့မှ ဦးအုန်းကြိုင်က ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်က နိုင်ငံရေးပါတီမှတ်ပုံတင်(၄၂) ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား ဇန်နဝါရီ(၅)ရက်က ပါတီ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီးနောက် ယင်း သို့ ပါတီစည်းရုံးရေးလုပ်ငန်းများကို   စတင် ဆောင်ရွက်တော့ မည်ဖြစ်သည်။''တနလင်0x081ာနေ့က စပြီးပါ တီစည်းရုံးရေး အနေနဲ့ပါတီဝင် လျှောက်လွှာ တစ်သန်းကို ပထမအ သုတ်အနေနဲ့မြန်မာတစ်ပြီလုံးစဖြန့် မယ်။တစ်စောင်ကိုကျပ်တစ်ရာနဲ့ဖြန့် သွားမှာဖြစ်တယ်။ အခုတစ်သိန်းနဲ့ မလောက်လို့ထက်လိုရင်လည်း ထပ်ပြီး ဖြန့်ဝေ ပေးသွားမယ်''  ဦးအုန်းကြိုင် က ဆိုသည်။

ဦးအုန်းကြိုင်
ပါတီကို အစကနေ ပြန်ပြီးထူ ထောင်မှဖြစ်တဲ့အတွက် ကျွန်တော် တို့ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ပါ လျှောက် လွှာပြန်တင်ရမှာပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်းတင်ရမယ်။ ပြည် နယ်နဲ့တိုင်းတွေအားလုံးပါဖြန့်မယ်။ အဲ့ဒီထဲကနေပြီး ကြားဖြတ်မှာ ပြိုင် မယ့်ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်မယ်''ပါတီကို အစကနေ ပြန်ပြီးထူ ထောင်မှဖြစ်တဲ့အတွက် ကျွန်တော် တို့ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ပါ လျှောက် လွှာပြန်တင်ရမှာပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်းတင်ရမယ်။ ပြည် နယ်နဲ့တိုင်းတွေအားလုံးပါဖြန့်မယ်။ အဲ့ဒီထဲကနေပြီး ကြားဖြတ်မှာ ပြိုင် မယ့်ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်မယ်'' ဟု အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပါတီ ဗဟိုဦးစီးအဖွဲ့ မှ ဦးအုန်း ကြိုင်က ထပ်လောင်းပြောကြားသည်။''သောကြာနေ့က NLD ကို NDF ကနေပြီးနှုတ် ထွက်ခွင့်ပြု ပြီးတဲ့အကြောင်း အစုံအလင်ပါတဲ့ စာတင်ခဲ့တယ်။ နောက် NLD က ပါတီဝင် လျှောက်လွှာဖြန့်တဲ့ နေ့မှာ ပြည်သူတွေ ကိုအသိပေးထား တဲ့အတိုင်း တင်မှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟာ အခုလိုပါတီ ဝင်လျှောက လွှာတွေဖြန့်ဝေခြင်းသည် ပါတီကို အသစ်တဖန် ပြန်လည်ထူထောင် တယ်လို့ထင်ပါတယ်''ဟု  အမျိုးသား လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။''နောက် တစ်ပတ်ထဲမှာတော့ ပါတီဝင်လျှောက်လွှာတင်သွားမယ်။ မစုတောင် လျှောက်လွှာတင်ပြီး ပါတီဝင် ရမယ်ဆိုတော့ ကျွန်တော်တို့ လည်းတင်ရမှာပေါ့။ကျွန်တော်တို့က အန်အယ်ဒီနဲ့ အရင်ကတည်းက လုပ် ဖော်ကိုင်ဖက်တွေဆိုတော့ စီနီယာ ဆိုတာ အရေးမကြီးပါဘူး။ နောက် တစ်ပတ်လောက်မှပဲတင်မယ်'' ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ကဆိုသည်။အဆို ပါပါတီသည် ပါတီ တည်ထောင်ခွင့်ကို နိုဝင်ဘာ(၂၅) ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သို့ ဦးတင်ဦး ပါ (၂၁)ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမည်ဖြင့်လျှောက်ထား ခဲ့ပြီး ဒီဇင်ဘာ(၁၂)ရက်နေ့ကပါတီ တည်ထောင်ခွင်ရရှိခဲ့ပြီးဖြစ်သည်။ ပါတီမှတ်ပုံတင်လျှောက်ထားခြင်း ကိုဒီဇင်ဘာ(၂၅)ရက်နေ့ကပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီအဖွဲ့ခေါင်းဆောင် ဦးတင်ဦးနှင့် ဒုတိယ ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်တို့က သွားရောက် လျှောက် ထားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းမ်

NLD ပါတီဝင်လျှောက်လွှာ တစ်သိန်း စတင်ဖြန့်ဝေ စည်းရုံးမည် NLD ပါတီဝင်လျှောက်လွှာ တစ်သိန်း စတင်ဖြန့်ဝေ စည်းရုံးမည် Reviewed by သစ်ထူးလွင် on 18:26 Rating: 5

No comments:

Powered by Blogger.