ကျပ် ၅ထောင်တန် ဖုန်းဆင်းကဒ်ရောင်းချနိုင်ရေးအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားပြီးကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက ပြောဆို

တယ်လီဖုန်းဆင်းမ်ကဒ်တစ်ခုကို ကျပ် ၅,၀၀၀ နှင့်အများပြည်သူကို ရောင်းချနိုင်ရေးအတွက် ရွှေပြည်တံခွန်ကုမ္ပဏီမှ မြန်မာ့ဆက်သွယ်ရေး စာတိုက်၊ ကြေးနန်း ဝန်ကြီးဌာနသို့ တရားဝင် လျှောက်လွှာတင်လိုက်ပြီဖြစ်ကြောင်း  ရွှေပြည်တံခွန် ကုမ္ပဏီမှ သိရှိရသည်။
`ပြည်သူတွေ စရိတ် သက်သက်သာသာနဲ့ တယ်လီဖုန်းတွေ ကိုင်နိုင်ဖို့ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနလည်း ပူးပေါင်း ဆောင်ရွက်ပြီး ဘယ်လိုလုပ်လို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေပေါ့”ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ  ဦးလွင်နိုင်ဦးက ဆိုသည်။
၎င်းငါးထောင်ကျပ်တန်ဖုန်းဆင်းမ်ကဒ် အတွက် ကြိုတင်ငွေပေးကတ်တန်ဖိုးနှုန်းထား သတ်မှတ်ချက်မှာ ငါးထောင်၊ တစ်သောင်း၊ ငါးသောင်းဟု အကြမ်းဖျဉ်းသတ်မှတ်ထားကြောင်း အဆိုပါ ဆင်းမ်ကတ်တခုရဲ့ မူလတန်ဖိုးသည် မြန်မာကျပ်ငွေ ၃၀၀ ပတ်ဝန်းကျင်ခန့်ရှိကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီမှ သိရှိရသည်။
 မြန်မာနိုင်ငံသားမှန်ပါက မည်သူမဆိုဝယ်ယူနိုင်မည်ဖြစ်ပြီး အစုရှယ်ယာအတွက် လည်း လျာထားမှုများရှိနေကြောင်း သိရှိရသည်။
ရွှေပြည်တံခွန်ကုမ္ပဏီသည် ငါးထောင်တန်ဖုန်းစီမံကိန်းကို နိုင်ငံတော်သို့တင်ပြထားရာ အဆိုပါစီမံကိန်းဆောင်ရွက်ပါက တာဝါတိုင်ပေါင်း ၂၈၀၀ ၀န်းကျင်ခန့် တည်ဆောက်ရန် စီမံထားကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ကပြောသည်။
လက်ရှိကာလတွင် ဖုန်းခေါ်ဆိုခအားမြို့တွင်း ၂၅ကျပ် သတ်မှတ်ထားသည့်နည်းတူ စာတိုပို့စနစ်တစ်စောင်အတွက် အကြမ်းဖျဉ်းသတ်မှတ်နှုန်းထား ၂၅ ကျပ်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲမတိုင်မီ ဆက်သွယ်ရေးကဏ္ဍကိုဖွံ့ဖြိုးစေရန် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အဖြစ်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ်(ရွှေမြစ်မခ)
ကျပ် ၅ထောင်တန် ဖုန်းဆင်းကဒ်ရောင်းချနိုင်ရေးအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားပြီးကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက ပြောဆို ကျပ် ၅ထောင်တန် ဖုန်းဆင်းကဒ်ရောင်းချနိုင်ရေးအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားပြီးကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက ပြောဆို Reviewed by သစ်ထူးလွင် on 17:32 Rating: 5

11 comments:

Anonymous said...

ညစ်လာပြီနော် သေချာလား ၅၀၀၀ တန် ၁ လုံး ၊ ၁၀၀၀၀ တန် ၁ လုံး၊ ၅၀၀၀၀ တန် ၁ လုံး ၀ယ်ကိုင်ပစ်မယ်

Nyein Chan EP 2002 said...

Hi, why I cannot share this on Facebook? Anybody can help?

pitipaygyi said...

ဒီသတင်းမှန်ကန်ပါစေလို့ဆုတောင်းပေးပါတယ်
အောင်လဲအောင်မြင်ပါစေလူတိုင်းဖုန်းကိုင်နိုင်မှာမို့
အထူးဝမ်းသာမိပါတယ်
တကယ်တမ်းကျဖုန်းဘေခလောက်ယူတယ်ဆိုတောင်
အရှုးံမရှိပါဘူးဖြစ်အောင်လုပ်ကြစေချင်ပါတယ်
လူတစ်ယောက်ဖုန်းဘယ်နှလုံးကိုင်ဆောင်လို့ရမလဲဆိုတာပါကြေငြာပေးစေချင်ပါတယ်

pitipaygyi said...

ဒီသတင်းမှန်ကန်ပါစေလို့ဆုတောင်းပေးပါတယ်
အောင်လဲအောင်မြင်ပါစေလူတိုင်းဖုန်းကိုင်နိုင်မှာမို့
အထူးဝမ်းသာမိပါတယ်
တကယ်တမ်းကျဖုန်းဘေခလောက်ယူတယ်ဆိုတောင်
အရှုးံမရှိပါဘူးဖြစ်အောင်လုပ်ကြစေချင်ပါတယ်
လူတစ်ယောက်ဖုန်းဘယ်နှလုံးကိုင်ဆောင်လို့ရမလဲဆိုတာပါကြေငြာပေးစေချင်ပါတယ်

Unknown said...

haha,,,,twarrr::lu soe..:D

san oo said...

sim card ကို ထိုင်းမှာ အလကား ဝေနေပြီလေ... စီင်္မကိန်းကြီး အောင်မြင်၇င်ကောင်းတာပေါ့.. ၀မ်းမြောက်စ၇ာ.....

Anonymous said...

ဟာ တတ်နိုင်၇င် ကြိုက်သလောက်ကိုင်မယ်လေ မနောက်နဲ့ ။ ဘယ်တိုင်းပြည်မှာမှ လူတယောက် ဖုန်းဘယ်နှစ်လုံးပဲကိုင်၇မယ်လို့ သတ်မှတ်ထားတာ မ၇ှိဘူး

Anonymous said...

၅၀၀၀။၁၀၀၀၀။၅၀၀၀၀၀ဆိုတာ ကြိုတင်ငွေဖြည့်ကဒ်ကိုပြောတာပါ။လိုင်းကဒ်တန်ဖိုးက၅၀၀၀ပါပဲ။

Jake Hammett said...

ဒီသတင်းကအပြည့်အ၀မှန်တယ်လို့ထင်ပါတယ်....ဖုန်းSIM ကဒ်ကို ၅၀၀၀နဲ့ရောင်းမယ့်...ရွှေပြည်တံခွန်ကုမ္ပဏီ ကိုယ်တိုင်ကကို...သတင်းစာရှင်းလင်းပွဲတွေအသေချာလုပ်ထားပါတယ်...
ပြီးတော့...ဆက်သွယ်ရေးဘက်ကလဲ..အဲ့လိုသာတန်ဖိုးသက်သက်သာသာနဲ့
ပြည်သူတွေကိုရောင်းနိုင်မယ်ဆိုရင်..သူတို့ဘက်ကလဲ..Welcome ပါတဲ့..
ကဲ...ဒါပေမယ့်..ဘယ်တော့ကိုင်ရမလဲတော့အတိကျမသိသေးဘူး...
ဘယ်နှယ့်ဗျာသူများနိုင်ငံတွေမှာဖုန်းကဒ်တွေကိုအလကားတောင်ပေးနေပြီ...

KPU -RAKHINE said...

ဇော် မင်းဦး လဲ ကို တင့် လွင် ကို အား ကျ တယ် ထင် တယ် ။
လူ ထု တွေ မတတ် နိုင်လို့ သက်တောင့် သက်သာ VOIP (အင် တာ နက် ဖုန်းနဲ့) ခေါ် တာ ကို (တိုင်ပြည် ၀င် ငွေ ထိ ခိုက် တယ် ဘာညယ ပြောပြီး ပိတ်တဲ့ စာ ထုတ် လို့၊ ၊လူထုကို ခေါ င်းပုံဖြတ်တဲ့ အတွေး အခေါ် ကျင့် သုံးလို့ ဒုခ၀န်ကြီး ဖြစ်သွားတာ ကို ။။

seazinyaw said...

tint lwin and zaw min oo,they are money warrior.they like power.and they want to take money.

Powered by Blogger.