မန္တလေးခရိုင်ရှစ်ခုတွင် အမှိုက်စွန့်၊ ဟွန်းတီး၊ ကွမ်းတံတွေးထွေးခြင်း အရေးယူမည်

ကွမ်းတံတွေး
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့ရှစ်မြို့တွင် သန့်ရှင်းလှပစေရန်အတွက် အများပြည် သူစိတ်အနှောင့်အယှက်ဖြစ်စေသည့် ကိစ္စပ်များဖြစ်သည့် ယာဉ်ပေါ်မှအမှိုက်စွန့်ပစ်ခြင်း၊ ကျယ်လောင်စွာဟွန်း တီးခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းများကို လာမည့် ဖော်ဖော်ဝါရီလမှစတင်၍ တိုင်းဒေသကြီးယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက အရေးယူသွားမည်ဖြစ်ကြောင်း ယင်းကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၁ မြို့နယ်ရှိပြီး မန္တလေး၊ ပြင်ဦးလွင်၊ ကျောက် ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်းနှင့် နေပြည်နော် စသည့်ခရိုင်ရှစ်ခုရှိကာ ယင်းခရိုင်များတွင် အဆိုပါ အရေးယူမှုကို ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

အဆိုပါ အရေးယူမည့်ကိစ္စရပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသိပညာပေးကာလအဖြစ် ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ သတ်မှတ် ထားကာ ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီက လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး ခရီးသည်များကို ဇန်န၀ါ ရီလ ၂၅ ရက်နေ့မှစတင်၍ သတိပေးနှိုးဆော်ခြင်း၊ ယာဉ်များပေါ်တွင် သတိပေးစာတန်းများ ကပ်ခြင်းတို့ကိုပြု လုပ်နေကြောင်း၊ လာမည့်ဖေဖော်ဝါရီလမှစတင်၍ စည်ပင်သာယာရေးဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly Journal
မန္တလေးခရိုင်ရှစ်ခုတွင် အမှိုက်စွန့်၊ ဟွန်းတီး၊ ကွမ်းတံတွေးထွေးခြင်း အရေးယူမည် မန္တလေးခရိုင်ရှစ်ခုတွင် အမှိုက်စွန့်၊ ဟွန်းတီး၊ ကွမ်းတံတွေးထွေးခြင်း အရေးယူမည် Reviewed by သစ်ထူးလွင် on 18:15 Rating: 5

3 comments:

fujiman said...

ကျွန်တော်တို့လူထုလဲ ဒီမိုကရေစီအတွက် လေ့ကျင့်တဲ့အနေနဲ့ လိုက်နာစေချင်ပါတယ် စည်းကမ်း စနစ်ကျတာ ကိုယ့်အတွက်ရော ၀န်းကျင် တိုင်းပြည်အတွက်ပါ ကောင်းကျိုးရှိစေလို့ လိုက်နာစေချင်ပါတယ်

said said...

မန်းတလေးမှာလုပ်မှာသေချာလို့လား။နေပြည်တော်မှာပဲလုပ်မယ်ထင်တယ်။အခုထက်ထိတာ့ အစိုးရသဲကားများကတော့လေဟွန်း(air horn)တွေကတော့တီးနေတာမှတိုက်တောင်ပြိုမယ်။မန်းတလေးမှာ35လမ်းမှာဆိုရင်အများကြီးပဲ ။ သေချာမှထုတ်ပြန်ပါဆရာတို့ရယ်။

ရာရာ said...

မလိုအပ်ကားဟွန်းများဆူညံစွာ တီးခြင်းများ မဖြစ်သင့်သည်မှာမှန်ပါသည်။ စည်းကမ်းမဲ့ စွာ ရုပ်ဆိုးအကျည်းတန်စွာ ထွေးထုတ်၍ ပတ်ဝန်းကျင်ကိုပျက်စီးစေခြင်းကိုလည်း လုံးဝကန့်ကွက်ပါသည်။..
စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမှာလည်းလုံးဝ မဖြစ်သင့်ပါ...။ သို့သော် စည်းကမ်း တကျအမှိုက်စွန့်ပစ်ရန်အတွက် အမှိုက်ပုံးများ အလုံအလောက်ထားရှိပေးရန်လည်းလိုပါသည်။ ထိုအမှိုက်ပုံးများကိုအချိန်မှန် သိမ်းဆည်းပေးရန်မှာလည်း အရေးကြီးပါသည်။ ရေခြားမြေခြားတိုင်းပြည်တစ်ခုမှ မာကျူရီနတ်ရုပ် ရှေ့တွင် လူတစ်ဦးအမှတ်တရရိုက်ထားသော ဓါတ်ပုံလေးတစ်ပုံကို မှတ်မိပါသည်။..ထိုဓါတ်ပုံလေးတွင် ပါသောအကျယ်အ၀န်းမှာ ဆယ်ငါးပေပတ်လည်လောက်ရှိပါသည်။ ထိုအကျယ်အ၀န်းတွင်ပင် အမှိုက်ပုံး ရှစ်ပုံးလောက် ကိုတွေ့မြင်ရပါသည်။..ထို့ကြောင့်..လက်တွေကျဖို့လိုပါသည်။...လက်တွေမကျစွာ ထုတ်ပြန်သောစည်းမျဉ်းဥပဒေများမှာ ရေရှည်တည်မြဲဖို့မဖြစ်နိုင်ပါ။...ရေရှည်လိုက်နာဖို့လည်းခဲယဉ်းပါမည်။..ကောက်ရိုးမီးတောက်လိုပဲဖြစ်ပါမည်။..

Powered by Blogger.