ပြင်သစ်၏ ရန်ကုန်ဓာတ်ပုံပွဲတော် ဒေါ်အောင်ဆန်းစုကြည် အကဲဖြတ်ဒိုင်ဥက္ကဋ္ဌလုပ်မည်

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ  ပြင်သစ်လို ဖြေကြား၊
 ပြောဆိုသွားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
 (ဓါတ်ပုံ-Google Images)
ပြင်သစ် ယဉ်ကျေးမှုဌာနက ကျင်းပပြုလုပ်သော ရန်ကုန်ဓာတ်ပုံပွဲတော်တွင် ပါဝယှဉ်ပြိုင်ပြသ သည့် မြန်မာဓာတ်ပုံများကို အကဲဖြတ်ရာ၌ ဒေါ်အောင်ဆန်းစုကြည်က ဒိုင်လူကြီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်သစ်ယဉ်ကျေးမှုဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါဓာတ်ပုံပွဲတော်ကို ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီမှစတင်ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း၊ ဓာတ်ပုံပွဲတော်ကို ရန်ကုန်ဓာတ်ပုံပွဲတော်ညဟု အမည်ပေးထားကာ ပွဲတော်တွင် ပင်လယ်ပျော်ဆလုံ များအကြောင်း၊ တရုတ်ပြည်မှ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအခြေအနေပြ ဓာတ်ပုံများ၊ ရေ၏မရှိမဖြစ်အ ရေးကြီးမှုဓာတ်ပုံများ၊ ပျားရည်ရှာဖွေစုဆောင်းသူများ၏ ဓာတ်ပုံများ၊ ရှန်ဟိုင်းမှအမှတ်တရနှင့် ခံယူချက်ဓာတ်ပုံ များအပြင် ၀င်ရိုးစွန်းများကို ထိန်းသိမ်းကြပါစို့ဟူသောအမည်ဖြင့် နိုင်ငံတကာဓာတ်ပုံများတို့ ပါဝင်မည်ဖြစ် ကြောင်း၊ ပြပွဲတွင် ညနေ ၆ နာရီ၌ တစ်နှစ်တာ ဇာတ်လမ်း နောက်ခံအကောင်းဆုံး ဓာတ်ပုံများတို့ပါဝင်မည် ဖြစ် ပြီး ယင်းဓာတ်ပုံများအား အကဲဖြတ်ဆုရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဒိုင်လူကြီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ည ၈ နာရီ၌ဒိုင်လူကြီးများ အကဲဖြတ်ရွေးချယ်ထားသော တစ်နှစ်တာအ ကောင်းဆုံး ဓာတ်ပုံဆုနှင့် Canon Kodak ဓာတ်ပုံဆုများချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ရန်ကုန်ဓာတ်ပုံပွဲတော်ညအမည်ရှိ ဓာတ်ပုံပြပွဲကို ပြင်သစ်ယဉ်ကျေးမှုဌာန မြက်ခင်းပြင် အမှတ် ၃၄၀၊ ပြည်လမ်းစမ်းချောင်းတွင် ကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာကြည့် ရှုနိုင်မည်ဖြစ်သည်။
The Voice Weekly Journal 

ပြင်သစ်၏ ရန်ကုန်ဓာတ်ပုံပွဲတော် ဒေါ်အောင်ဆန်းစုကြည် အကဲဖြတ်ဒိုင်ဥက္ကဋ္ဌလုပ်မည် ပြင်သစ်၏ ရန်ကုန်ဓာတ်ပုံပွဲတော် ဒေါ်အောင်ဆန်းစုကြည် အကဲဖြတ်ဒိုင်ဥက္ကဋ္ဌလုပ်မည် Reviewed by သစ်ထူးလွင် on 03:10 Rating: 5

No comments:

Powered by Blogger.