၅၀၀၀ တန်ဖုန်း ဆင်းမ်ကဒ် စီမံကိန်းနှင့် ပတ်သတ်ပြီး လုပ်ဆောင်ထားချက်များကို ရှင်းလင်းမည်

5000 တန် ဆင်းမ်ကဒ်နှင့် ပတ်သတ်ပြီး ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ထရိတ်ဒါး ဟိုတယ် ကုန်းဘောင်ခန်းမ၌ ဇန်န၀ါရီလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၅၀၀၀ တန်ဖုန်း ဆင်းမ်ကဒ် စီမံကိန်းနှင့် ပတ်သတ်ပြီး လုပ်ဆောင်ထားချက်များကို ရှင်းလင်းမည်ဖြစ်ပြီး၊ နိုင်ငံတော် သမ္မတရုံးမှ အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာမရရှိသေးကြောင်း   ရွှေပြည်တံခွန်ကုမ္ပဏီ၏  ပြောရေးဆိုခွင့်ရှိသူ ဦးထန်ကျင်ထောင်းက ပြောသည်။
မက်စင်ဂျာ ဂျာနယ် (ဖေ့စ်ဘုတ်)
၅၀၀၀ တန်ဖုန်း ဆင်းမ်ကဒ် စီမံကိန်းနှင့် ပတ်သတ်ပြီး လုပ်ဆောင်ထားချက်များကို ရှင်းလင်းမည် ၅၀၀၀ တန်ဖုန်း ဆင်းမ်ကဒ် စီမံကိန်းနှင့် ပတ်သတ်ပြီး လုပ်ဆောင်ထားချက်များကို ရှင်းလင်းမည် Reviewed by သစ်ထူးလွင် on 18:44 Rating: 5

24 comments:

Myanmar said...

ငါးထောင် X သန်းခြောက်ဆယ် ကျော် = လက်၇ှိဈေးကွက် ...........

Anonymous said...

ဟင်း))))) ၇ှင်းနေတာနဲ့ပဲ ဈေးတက်တော့မယ် ပျားစိတ်ညစ်တယ်နော်

koko heav said...

ဝမ်းသာတယ်ဗျာ အခုလိုကြားရတာ တိုင်းပြည်ကိုတိုးတက်အောင် လုပ်တယ်ဆိုတာ အဲဒီလိုမှဗျ စေတနာနဲ့တာလုပ်ဗျာ စေတနာမှန် ရင် အောင်မြင်လာမှာဘဲ ဆက်သွယ်ရေးကချီးထုတ်တွေကတော့ သုံးစားမရဘူး သူတို့တွက်ဘဲကြည့်ကြတယ်

အမြင့်စံ said...

ဟုတ်တယ်ဗျာ တစ်ဆိတ်ရှိ ဥပဒေ ဥပဒေနဲ့ပဲ ပြောနေတယ် ဥပဒေမှာ ဖုန်းတစ်လုံးကို ၁၅ သိန်းနဲ့ ဒါမှမဟုတ် ၅ သိန်းနဲ့မှ ရောင်းရမယ်လို့များ ပြဋ္ဌာန်းထားလို့လား

Maunglusoe said...

ခု ရှုပ်မှနောင်၇ှင်းတဲ့ 
လုပ်၇မယ်
မတန်တဆမှန်းသိရက်နဲ့ 
မသုံးဘဲ မနေနိုင်ဘူးလား

Ko Sane Nwe said...

ကိုရင်တီးတဲ့ မယ်ဒလင်သံ ကြားဖူးကြလား..'ဒီတိုင်းတိုင်း..ဒီတိုင်းတိုင်း'
ဒီလိုအသံဘဲထွက်တယ်.ဘယ်သူတီးတီး ဒီအသံဘဲ..
ဒီတော့ ..နောက်ဆုံးတော့ ကျော်ဟိန်းကကျော်ဟိန်း ပါဘဲ...အဲ..ငါးသိန်းက ငါးသိန်းပါဘဲ....

Anonymous said...

comment ကလည်း ရေးရခက်လိုက်တာ။ လာမဲု့ကားဖြတ်ရွေးကောက်ပွဲမှာုကံ့ဖွတ်က သူတို့သာ အနိင်ရရင် မြန်မြန်ဆောင်ရွက်ပေးမယ်လို့ ပြည်သူတွေကို ပေးမဲ့ မက်လုံးတွေအဖြစ် ရောက်သွားဦးမယ်။ သမတုကီးက မအားလပ်ဘူးလေ။ ဒီလောက်တော့ အုကံပေးတွေလောက်က ဆုံးဖြတ်နိုင်ပါတယ်နော်။ ပြည်သူအတွက် စေတနာထားတယ် ဆိုရင်ပေါ့၊ အမြန်ဆုံးဖြစ်စေချင်တယ်။

Yangon Thar said...

Its very hard to break the monopoly of SIM card market company in Myanmar. Those who cornered the SIM market and MPT is not going to share its spectrum and cell towers to any new comer. The cellphone spectrum and cell sites which are over subscribed already. The new company must find a way to enter and break the cellphone market monopoly with new technology and access points to offer cheaper version of SIM card than its rival expensive one.

Honeybaby said...

Actually the rate of Simcard is cheap in everywhere. So why we can't get same price!!! It's true. Some mobile shops make discount, if you buy mobile they will give you simcard as well.... So we wish it will come soon.

Yangon Thar said...

Ks 5000 USIM card is possible if

1. MPT would allow to let the new company free of use the cell-site towers which coverage is dismay already enough with drop calls.

2. MPT would allow its competition the new company to use new UMTS 2100 spectrum without compensation.

3. If the new company use UMTS system for its USIM card, then old CDMA cellphones do not have to be replace to use the new UTMS 2100

san oo said...

sim ကတ်တွေကို.. ထိုင်းမှာဆို.. အလကားတောင် ဝေနေပြီတဲ့..

သုည said...

ဥပဒေဆိုတာပြည်သူကိုကာကွယ်ဖို...ပြည်သူကောင်းကျိုးဖြစ်စေဖို.ပြဌာန်းတာပဲ ..ပြည်သူ.အတွက်ဆိုတာနဲ.တင်ဥပဒေဆိုတာပြန်ပြင်လို.ရပါတယ်...
လွတ်တော်ဆိုတာဘာလုပ်ဖို.လဲ....လူတွေကောင်းကျိုးဖြစ်စေမယ်.ဥပဒေကိုထုတ်ဖို.လား လူတွေခက်ခဲစေမယ်. ဥပဒေကိုထုတ်ဖို.လားးးးးးးး

maung said...

ဆက်သွယ်ရေးကကောင်တွေကတော့ဘယ်သူဘာပြောပြော....အေးဆေးပါဘဲလိုင်းတွေကတော့ညနေဆိုရင်အကုန်ကျတော့တာပါဘဲ....mandalayမှာတော့အဆိုးဆုံးဘဲ....ဖုန်းလိုင်းတွေကလည်းအမြဲတမ်းလိုင်းတွေပူးနေတယ်..ဟန်းဖုန်းတွေလိုင်းပူးတာနော်..ကြိုးဖုန်းတွေကတော့ပြောစရာတောင်မလိုတော့ပါဘူး...ပြီးတော့ဖုန်းဘီတွေလည်းအမြဲတမ်းပိုပိုနေပါတယ်...တစ်လလောက်ပိတ်ထားတဲ့ဖုန်းတောင် ၃၀၀၀၀လောက်ဆောင်ရတယ်...သူတို့ကိုမေးကြည့်တော့လည်းcomputerကမှားတာပါလို့ပြောတယ်...တော်တော်ကိုများနေပြီ...mandalayမှာအမြဲတမ်းဖြစ်ပါတယ်....

သုခမိန် said...

ရိုင်းသွားရင် ခွင့်လွတ်ကြပါ ..
ဥပမာ ပေးချင်လို့ပါ အကြောင်းအရာဖြစ်စဉ် တူတာကို ပြောတာပါ ခိုင်းနှိုင်းတာ မဟုတ်ပါ ...
၅၀၀၀ တန် sim card သတင်းက က ဘာနဲ့တူလဲဆို ဆင့်ဟိုးသင်း ခွေးမျှော် ဆိုသလို ၊ ခွေးဝမ်းသာအောင် ချီးနံပေး စကားပုံတွေရဲ့ အဓိပ္ပါယ်မျိုးဖြစ်နေ တယ်လေ ၊ ဘာမှာ ဖြစ်လာတာ မဟုတ်သေးဘူးလေ၊ ၀မ်းသာရမလို မျှော်ရ မလို အခုဘဲရတော့မလို၊ တန်ဘိုးနည်း gsm ဆိုရင်လဲ ပြောတဲ့ အချိန်ရောက် တိုင်း နောက်ကို ၃ လ လောက်ဆုတ်သွားဘဲလေ... ဘာတွေမှန်းကို မသိသူ အာရုံလွဲအောင်လုပ်နေတာလား မသိဘူး...

Anonymous said...

ခုရေတွင်းတူး။ခုရေကြည်သောက်ရန်လွယ်လွယ်နဲ့တော့မရနိုင်ပါ။

KPU -RAKHINE said...

ကို နိုင်လွင်ဦး
ခင် ဗျာ လဲ ရီုက်စားအဖွဲ့ ၀င် ဖြစ်သွားပြီလား

KPU -RAKHINE said...

ကို နိုင်လွင် ဦး
ခင်ဗျာ လဲ လူ ထု ကို ရိုက် စားလုပ် တဲ့ အထဲ ပါသွားပြီလား ?

ဇော် မင်းဦး လဲ ပြောလိုက်ပါ အုံး လူ ထု ကို လည် ပင်း ညှစ် တဲ့ အကြံ တွေ ထုတ်တာ လွန်နေပြီ ခန နေ ရင်ပြု တ် တော့ မယ် လို့ ၊၊

Aung Soe said...

Sim Cadrd တခုကို 5000/-တဲ့ 250000/-တဲ့ ဘယ်လောက် တောင်ကွာသလဲဆိုတာ။လေနဲ့တိုက်ပွဲဝင်နေတာ။ဒါတောင် အခုထိ ဈေးနှုန်းကို အတိအကျမသတ်မှတ်ရသေးဘူးနော်။ (ထိုင်းနိုင်ငံ မှာဆိုရင်သဘောင်္သီးထောင်းအသုတ်(2)ပွဲစာပဲရှိပါသတဲ့။)စဉ်းစားသာကြည့်ပါတော့။ အိမ်နီးချင်း နိုင်ငံတွေမှာ အလကားလိုလို ရနိုင်တဲ့ ဒီ Sim Card။ ဒီမှာကတော့ အခုထိ လေနဲ့တိုက်ပွဲဝင်လို့ မပြီးနိုင်သေးဘူး ။ ခေတ်ပြောင်း တာကို သတိမပြုမိကြသေဘူးထင်ပါရဲ့ ။လောဘဇော တိုက် တဲ့အကျင့်ဟောင်းတွေက အခုထိမကုန်ကြသေး ဘူးနော်။ ဘာပဲဖြစ်ဖြစ် ရွှေပြည်တံခွန်ရဲ့ Company ဥက္ကဌ ကိုတော့ကျေးဇူးတင် ရမှာပဲ။

ရာရာ said...

ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး.....ဓူဝံကြယ်စင် မြင်နေလည်းဝေး...

Ko Tee said...

ဒါဘာသဘောလည်း အကိုတို့ရယ် ရွှေပြည်တံခွန် ကပြောလိုက် မြန်မာ့ဆက်သွယ်ရေးက ပြန်ခြေပလိုက်နဲ့ .......အရင်ကလိုသာဆိုရင် ရွှေပြည်တံခွန် ဟာ ဒေ၀ါလီခံသွားရရုံတင်မကဘူး ထောင်ထဲတောင်ရောက် လာက်ပြီ ခုတော့နှစ်ဘက်လွတ်လပ်စွာ စကားစစ်ထိုးနေကြတာ ဘာသဘောလည်း......

lion said...

အားလုံးကိုပြောချင်ပါတယ်။ ဘယ်အရာမဆိုသေသေချာချာ သိအောင်ပြုပါ။ သိမှပြောကြပါ။ ဘုရားရှင်ဟောသလို အလယ်အလတ်လမ်းစဉ်ကို နှလုံးသွင်းပါ။ အထက်ပါအကြောင်းချင်းရာများမှာ မည်သည့်ဖက်ကမှ မှားခြင်းမှန်ခြင်းမရှိသေးပါ။ နိုင်ငံတကာတွင် sim Card တစ်ခုကို မြန်မာငွေ ၅၀၀၀ အောက်မှာရှိပါတယ်။ မလေးငွေ ၅ ရင်းဂစ်ဆိုရင် မြန်မာငွေ ၁၅၀၀ ၀န်းကျင်၊ စင်ကာပူ ၅ ဒေါ်လာဆိုရင် မြန်မာငွေ ၃၀၀၀ ၀န်းကျင်၊ အမေရိကန် ၅ ဒေါ်လာဆိုရင် မြန်မာငွေ ၅၀၀၀ အောက်မှာပဲရှိပါတယ်။ လုပ်မယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုလ်တုမရှိသေးပါဘူး။ တာဝါတိုင်လုံလောက်အောင် မရှိသေးပါဘူး။ ဒါကြောင့် လက်ရှိ ဖုန်းလိုင်း တွေတောင်အမြဲ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတာကို သတိထားမိကြမှာပါ။ နောက်ထပ် ၃၀၀၀၀၀ တန်ဖုန်းတွေများ ဒီအနေ အထားအတိုင်း ထပ်ချပေးမယ်ဆိုရင်တောင် လူကြီးမင်းတို့ဟာ ဖုန်းကိုင် ပြီးပြောချင်တဲ့လူဆီကို ပြေးပြောရတဲ့အနေအထားရောက် သွားနိုင်ပါတယ်။ SPT ကပြောသလို ၅၀၀၀ တန်ဖုန်းကဒ်ရောင်းမယ်ဆို ရောင်းနိုင်ပါတယ်။ ဆက်သွယ်ရေးက ပြောသလိုမလွယ်သေးဖူးဆိုတာလည်း အခြေအနေအရ မှန်ပါတယ်။ အခြေခံ အဆောက်အအုံတွေ အများကြီးလိုအပ်နေသေးတာ ကြောင့်အချိန်တော့ ယူရပါလိမ့်ဦးမယ် လို့ဆွေးနွေးချင်ပါတယ်။

ပေါက်ပေါက်ဆုပ် said...

သမ္မတကြီးကလည်း ပြည်သူတွေကို ဖုန်းတလုံးငါးထောင်နဲ့ပေးကိုင်ရမှာဆိုတော့ ဈေးများတအားနည်းပီး ပြည်သူတွေ စိတ်ဆင်းရဲမှာစိုးလို့နဲ့တူတယ် ဆုံးဖြတ်ချက်ကိုမကျသေးဘူး..တော်တော်စဉ်းစားနေပုံရတယ်..

Min Chit said...

သေချာတွက်ကြည့်မယ်ဆိုရင်လုပ်သင့်တာကြာပြီ။ အရင်ကချမ်းသာတဲ့လူအနည်းစုဆီကအမြတ်များများယူပြီးလုပ်နေတာ။ အခုဆိုရင်လူတိုင်းဆီက ဖုန်းဆက်သွယ်ရေးခတွေရမှာလေ။ အစောကြီးထဲကဒီလိုလောဘနဲ့ စဉ်းစားရင်တောင် လူတိုင်းဖုန်းကိုင်လို့ရတယ်။ အခုတော့ဖုန်းကဆက်သွယ်ရေးအဆင်ပြေစေဖို့ ရည်ရွယ်တာမှမဟုတ်ပဲ လူတန်းစားခွဲဖို့ရည်ရွယ်သလိုဖြစ်နေတယ်။ ဒီအစီအစဉ်ကြီးအောင်မြင်ရင် မြန်မာတွေ နိုင်ငံတစ်ခါနဲ့ ရင်ဘောင်တန်းအောင် လိုက်နိုင်ပြီပေါ့

micromyo said...

in myanmar phone price is high ,phone conneting fee is high,but phone connection are alway bad.pls help shwe pyi da gon for all myanmar poor people.thanks you

Powered by Blogger.