အန်အယ်ဒီပါတီဝင် ရရှိမှု နှောင့်နှေး

ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ပါတီဝင်လက်ခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်အသစ်များ ရရှိရန် နှောင့်နှေး ကြန့်ကြာ နေကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။
ပါတီတစ်ခုလျှင် ပါတီဝင် တစ်ထောင်ရှိရမည် ဆိုသည့်အချက်ကို ကျော်လွန်မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့်စာလျှင်မှု ပါတီဝင်ရရှိမှုမှာ အားနည်းနေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
“တစ်မြို့နယ်ကို ၂၀၀၀ ထောင်လောက်ရအောင် မနည်းစုနေရတယ်။ ဒါတောင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတွေကို ဦးစားပေး ရွေးချယ်နေတာ။ ဒီအတိုင်းဆိုရင်တော့ မလွယ်လှဘူး”ဟု ယင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် စိုးရိမ်ကြောင့်ကြမှုများ ရှိနေသည်။
“ပြည်ခိုင်ဖြိုးက လူအား၊ ငွေအား တောင့်တင်းနေတာကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းနည်းပူပန်နေရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်တစ်ဦး ကပြောကြားသည်။
“မဖြူတို့က အခုထိ အောင်နိုင်ရေးအဖွဲ့အတွက် အခန်းတောင် ဌားဖို့ အဆင်မပြေသေးဘူး။ ကြံ့ခိုင်ရေးက တော်တော်ကို အလုပ်ဖြစ်နေပြီ”ဟု ယင်းက ဆိုသည်။
အန်အယ်ဒီပါတီဝင် လျှောက်လွှာများကို တစ်သန်းရိုက် နှိပ်ထားပြီး ဖြစ်သော်လည်း ယခုအချိန်ထိ  ၃သိန်းကျော်သာ ရောင်းချပြီးသည့် စာရင်းဝင် နေကြောင်း သိရသည်။
“၉၀ ကထက်စာရင် နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ ပါတီ နိုင်ငံရေးကို အထောက်အကူပြုလိုသူတွေ တော်တော်နည်းသွားပြီဗျာ”ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
         KS- yangonchronicle
အန်အယ်ဒီပါတီဝင် ရရှိမှု နှောင့်နှေး အန်အယ်ဒီပါတီဝင် ရရှိမှု နှောင့်နှေး Reviewed by သစ်ထူးလွင် on 09:56 Rating: 5

5 comments:

TTMY said...

အဲဒါဘာကိုဖော်ပြနေသလဲဆိုတော့ ပြည်သူကဒေါ်စုကိုပဲယုံတာ.. ပါတီမ၀င်
ပေမယ့်လဲ ဒေါ်စုမျက်နှာနဲ့တော့မဲရမှာပါ.. အရေးကြီးတာက ဒေါ်စုကိုမှီပြီး
တိုင်းပြည်ကို ကောင်းအောင်လုပ်နေသလိုနဲ့ မိမိကောင်းစားရေးလုပ်နေတဲ့သူ
တွေကို NLD ထဲမှာရှာပီးဖယ်ထုတ်ဖို့ပဲအရေးကြီးပါတယ်.. ၈၈ ကိုစွဲကိုင်
ထားတဲ့သူတွေပါနေရင်တော့ဒီလိုပဲဖြစ်မှာပါဘဲ

tharsein said...

ဦးညဏ်ဝင်းအပြောအဆိုပြင်သင့်ပြီ၊
လုပ်ဖေါ်ကိုင်ဖက်အဟောင်းတွေလဲ
တိုင်းပြည်အတွက်လုပ်ဒါပါ။

ahphyulay said...

အင်း...
ဒီနေရာမှာ အရေးကြီးလာပြီနော်၊
“ အမေစု ”ကို လှဲနေလှေအောင်းမြင်းဇာင်းမှမကျန်ရအောင်
သဲသဲလှုပ်နေကြပေမယ့်  ဘေးကဝိုင်းရံ နေတဲ့  တွဲလုံးတွေ
“ဟာမိုနီ ” မကျတာလည်း ဖြစ်နိုင်တယ်။ လူထု နိုင်ငံရေး
စိတ်မဝင်စားတော့ တာလဲ ဖြစ်နိုင်တယ်၊ သေချာတာက
လူထုက “နိုင်ငံရေး” ကို လုံးဝ စိတ်ပျက်သွားတာ..။

naingwinlwin said...

စေတနာမှန်ပြီး တကယ်လုပ်ချင်ကိုင်ချင်စိတ်ရှိသူတွေ အမြင်ကျယ်တဲ့သူတွေကို သေသေချာချာစိစစ်ရွေးချယ်ပြီး ယှဉ်ပြိုင်မှနိုင်မှာနော်၊ ၁၉၉၀ နဲ့ ၂၀၁၂ လုံးဝနီးပါး မတူတော့ဘူး၊၁၉၈၀ ၀န်းကျင်မှာမွေးခဲ့ကြတဲ့သူတွေ(အခုလူငယ်တွေ) သူတို့တွေရဲ့ဖြတ်သန်းခဲ့တဲ့ခောတ်နဲ့ ၈၈-၉၀
ကိုဖြတ်သန်းခဲ့ကြတဲ့သူတွေ(အခုဆိုရင် ၄၀ ကျော်လူလတ်ပိုင်းရောက်နေကြပြီ)အစစအရာရာခြားနားသွားပါပြီ၊အန်တီစုအပေါ်ချည်းပဲ အားကိုးနေပြီး ကိုယ့်ကိုကိုယ်အရည်အသွေး တက်အောင်လေ့ကျင့်ပျိုးထောင်မှု(Proactive)မရှိကြရင်တော့ တိုင်းပြည်အတွက်ရင်လေးပါတယ်ဗျာ။
ိနိုင်ဝင်းလွင်
စိုက်/သု

Myanmar said...

အန်တီကို လုံးဝယုံကြည်တယ်။ အသင်းဝင်ဘို့ကတော့ နားမလည်ဘူး ဘာလို့ အသင်းဝင်သင့်တာလဲ။ အသင်းဝင်ခြင်းနဲ့ မ၀င်ခြင်း၇ဲ့ ကွာခြားချက်ကဘာလဲ။ အာဏာ၇ှင်အောက်မှာ လူဖြစ်လာ၇တာ နိုင်ငံေ၇းဆိုတာဘာလဲတောင် သိပ်နားမလည်ပါဘူးဗျာ။ ။

Powered by Blogger.