ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်ပါဝင် ရန် လိုလားကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။

ထိုသို့ပြောဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသောဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂) ဇန်န၀ါရီလ ၂၃ ရက်နေ့ထုတ်စာစောင်တွင် ဖော်ပြခဲ့သည့်အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကိုပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်ကပါဝင် ပူးပေါင်းဖို့လိုလိမ့်မယ်" ဟုဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး၌ ပြောကြားခဲ့ပါသည်။

" တပ်မတော် မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး။ ကျွန်မအ နေနဲ့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုရှိမှ ဒီမိုကရေစီရေးရာအောင်မြင်နိုင်မယ်လို့ ပြောတာဟာလိုအပ်ချက်အရ ရော၊ လိုလားချက်အရပြောတာပါ။ လိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ တပ်မ တော်ကပါဝင် ပူးပေါင်းဖို့ လိုအပ်တယ်။ ကျွန်မအနေနဲပလည်းစစ်တပ်က ပူးပေါင်းပါဝင်လာတာကို လိုလားပါ တယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင် တာဗျူးထဲ၌ ဆက်လက်ပြောကြားခဲ့ပါသည်။
Weekly Eleven News Journal - အတွဲ ၇၊ အမှတ် ၁၈
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား Reviewed by သစ်ထူးလွင် on 09:13 Rating: 5

7 comments:

kk said...

တပ်မတော်ပါလာရင် တပ်မတော်ပဲ သက်စိုးရှည်သွားမှာ ပေါ့ အဓိက ပြောချင်တာ ငြိမ်းချမ်းရေးကို လိုချင်ရင် ဘယ်တော့မှ ငြိမ်းစွာမတောင်းဆိုပါနှင့် လက်ရှိ မြန်မာပြည်မှာ ရှိနေသော မြေပေါ်မြေအောက်သံယံဇာတ များကို တပ်မတော် နှင့်တရုတ်ပေးမည့်အစားလက်နက်နှင့်ဖလှယ် ပြီးရင် ဥရောပနိုင်ငံများ ရဲ့ အကူအညီဖြင့် တပ်မတော် ကို ဖြုတ်ချ ပြီးရင် အရင်က ကျူးလွန်ခဲ့သောတပ်မတော်ရဲ့အမှု ကို ဥရောပအကူအညီဖြင့် စစ်ဆေးပြီး စစ်ခုံရုံးတင်ပြီး Mr.Cheguevara နဲ့ Mao Zedong လို့တိုင်းပြည်ကို ပြည်ထူထောင်။

blackeyes said...

အမေ့စကားက သွေးထွက်အောင် မှန်လွန်းနေပေမယ့် သူတို့တွေက မြန်မာပြည်သူတွေ အကျိုးစီးပွားအတွက် တကယ်ကောင်းအောင် လုပ်ပေးမလား .. သားစဉ်မြေးဆက် ကောင်းစားရေးပဲကြည့်ပြီး စစ်အာဏာကို ဆက်လက် ဆုပ်ကိုင်သွားမလား စဉ်းစားမိရင်း အရမ်းကို ရင်မောရပါတယ် အမေရယ် ... သမိုင်းထဲကပြောခဲ့တဲ့ စစ်တပ်ရဲ့ ပုံရိပ်တွေကတော့ ...

ပုဂံစစ်သည် said...

အမေရယ်တပ်မတော်ကြောင်းမပြောပါနဲ့ တပ်မတော်ပြောရင် သတ်မယ်နော်ကြီးကြားကြားနေလို့။ ပြည်သူတွေရဲ့အသက်တွေ၊ နိုင်ငံရဲ့သယံဇာတတွေလဲပေးပြီးပြီ။ တပ်မတော်သာ ထပ်လက်တွဲရင်တော့...

Anonymous said...

ရော်ခက်ပြီ အစ်ကိုတို့ရယ် အမေစု ပြောတာမှန်တယ် နောက်ကြောင်းပြန်လှည့် လို့မရအောင်လုပ်ချင်ရင်
တပ်မတော်က အမေစုနဲ့တသားတည်းဖြစ်နေမှ အားလုံးအောင်မြင်မှာ ဖြစ်ပါတယ်၊ အမေစုက တစ်ခြားလူမဟုတ်ဘူး တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ တစ်ဦးတည်းသော ဖအေတူသမီး၊ ရိုးသားတယ် ကြိုးစားတယ် ရဲရင့်တယ် တိုင်းသူပြည်သားများအတွက်ဆို အရာရာစွန့်လွတ် အနစ်နာခံနိုင်တယ် အဲဒီတော့ သူ့ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်ကိုလည်း သူမြတ်နိုးမှာပဲ၊ အာဏာရှင်လူတစ်စုကြောင့် ပြည်သူတွေက တပ်မတော်အမြင်စောင်းနေကြတာပါ တပ်မတော်ထဲမှာလည်း ဒီမိုကရေစီကို လိုလားတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ် အမေစုကသာ တပ်မတော်ကိုထိန်းကြောင်းပြုပြင် လိုက်ရင် ငါတို့ပြည်သူတွေနဲ့ တပ်မတော်သားတွေ ဘာလို့မညီညွတ်ရမှာလည်း တပ်မတော်သားတွေဟာ ဒို့ပြည်သူပြည်သားတွေရဲ့ သားသမီးတွေပဲဆိုတာ မမေ့သင့်ဘူး၊
အဲဒီတော့ အမေစုရဲ့လုပ်ရပ်ဟာ ရေရှည်အတွက်သိပ်လိုအပ်တယ် ဆိုတာသဘောပေါက်သင့်တယ်။။

ကျေးဇူးတင်စွာဖြင့် ဘယ်သန်ဘမှန်၊၊။။၊၊။။၊၊။။၊၊၊။

အောင်ဆန်းသွေး said...

ပူးပေါင်းတာ မပူးပေါင်းတာက သမိုင်းက တပ်မတော်အပေါ်မှာ ဆုံးဖြတ်ပေးသွားမှာပါ..။ တပ်မတော်သားတွေရဲ့ သတ္တိရှိမရှိဆိုတာ ဒီသမိုင်း အချိုးအကွေ့က ဆုံးဖြတ်ပေးသွားမှာပါ..။ တပ်မတော်မကောင်းကြောင်း ပြောနေရုံနဲ့တော့ နိုင်ငံကို တည်ထောင်လို့ လုံးဝမရပါဘူး..။ (၂၀၀၇ မှာ တပ်မတော်မှ ကျွန်တော်တို့ အပေါ်မှာ သေနတ်တရမ်းရမ်းနဲ့ အချိန်ခံရဘူးပါတယ်..။) အမေပြောတာသွားကို ထောက်ခံပါတယ်..။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးစကား၊ စည်းရုံးရေးစကားမဟုတ်ပဲ မေတ္တာစကားလို့ သုံးသပ်မိပါတယ်..။

Su Nyi said...

အင်မတန်မှ အရေးကြီးတဲ့ပါပဲ။ တပ်မတော်ဟာ ရန်သူမဟုတ်သလို၊ မိုးကျရွေကိုယ်တွေလည်း မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ သားတွေ၊ အစ်ကိုတွေ ပါပဲ။ ပြည်သူလူထုပါပဲ။ အများစုဟာ ပြည်သူဆင်းရဲချိန်မှာ ပိုလို့တောင်ဆင်းရဲကြပါသေးတယ်။ ပြည်သူလူထုနဲ့ တပ်မတော်နဲ့ ပူးပေါင်းနိုင်မှသာ တပ်မတော်ကို အသုံးချပြီး လူထုကိုစော်ကားတဲ့ အာဏာရှင်စနစ် နလံမထူနိုင်ဖြစ်သွားမှာပါ။

တောင်သာသား said...

ကျွန်တော့် အမြင်ကတော့..တပ်မတော်ထဲက လူတွေကိုယ်တိုင်ကလည်း.. ဒီမိုကရေစီကို လိုလိုလားလားလက်ခံလာရမယ်/လာသင့်တယ်လို့ အမေစုက သွယ်ဝိုက်ပြောတာထင်ပါတယ်.. ဒီမိုကရေစီအရေးကို ဖျက်စီးမယ့်သူတွေက သူတို့ပဲရှိတာကိုး..

Powered by Blogger.