တောင်ကုတ်မြို့ လောင်စာဆီရောင်းချဆိုင်မှ မီး စလောင်

တောင်ကုတ်ဈေးအနီးတွင် ယနေ့ နေ့ လည် တနာရီ ခွဲ ခန့် က မီးလောင်မှုဖြစ်ပွား by Burma VJ Media

မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာ ရရှိတဲ့ သတင်းအရ တောင်ကုတ်မြို့ ဈေးအတွင်းရှိ လောင်စာဆီများ ရောင်းချသော ဦးကျွမ်းသမီး ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ဆီအထုတ်အသွင်း ပြုလုပ်စဉ် ဆေးလိပ်သောက်မှုကြောင့်ဖြစ်ကြောင်း သိရပါတယ်။ ဈေးအတွင်းရှိဆိုင်ခန်း ၇ ခန်း ခန့် မီးလောင်ကျွမ်းသွားပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့်အပျက်အစီး စာရင်းတန်ဖိုးကို မသိရသေးပါဘူး။နေ့ လည်၁နာရီခွဲခန့် က စလောင်တာဖြစ်ပြီး ၂နာရီခွဲ ခန့် မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ဆိုင်ခန်းများအပြင်ဈေးအပြင်ဘက်တရားရုံး အနီးရှိ လူနေအိမ်တလုံးလည်း ပါသွားတယ်လို့ သိရပါတယ်။ တောင်ကုတ်မြို့ မီးသတ်စခန်းမှ မီးသတ်ကားတစီးဖြင့်သာ လာရောက်ငြိမ်းသတ်တာကို တွေ့ ရပြီး မီးသတ်ကား မနိုင်နင်းမှုကြောင့်လည်း အခုလောက်ထိ ပျက်စီးဆုံးရှုံးမှု ရှိခဲ့တာဖြစ်ကြောင်း တောင်ကုတ် မြို့ ခံက သုံးသပ်ပါတယ်။

ဘားမားဗီဂျေ
တောင်ကုတ်မြို့ လောင်စာဆီရောင်းချဆိုင်မှ မီး စလောင် တောင်ကုတ်မြို့ လောင်စာဆီရောင်းချဆိုင်မှ မီး စလောင် Reviewed by သစ်ထူးလွင် on 18:27 Rating: 5

No comments:

Powered by Blogger.