ဂျွန်မက်ကိန်း နှင့် လွှတ်တော်အမတ်များ မြန်မာနိုင်ငံ လာမည်

ရန်ကုန်၊ ဇန်န၀ါရီ-၂၀
၂၀၀၈ အမေရိကန်ရွေးကောက်ပွဲတွင် အိုဘားမားနှင့်အပြိုင် သမ္မတနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ဂျွန်မက်ကိန်းမှာ ရှစ်လအတွင်း ၄င်း၏ ဒုတိယမြောက်မြန်မာနိုင်ငံခရီးစဉ်အဖြစ် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည်ဖြစ်သည်။
၎င်းနှင့်အတူ အမေရိကန်အထက်လွှတ်တော်အမတ် ဂျိုးလိုက်ဘာမန်း၊အထက်လွှတ်တော်အမတ် ကယ်လီ စသော နာမည်ကျော်လွှတ်တော်အမတ်များ ပါဝင်လာမည်ဖြစ်သည်။ ဂျွန်မက်ကိန်းမှာ ၄င်း၏ အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ၂၂ရက်တွင် တွေ့ဆုံမည်ဖြစ်ကာ၊ ထိုနေ့ ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲကျင်းပမည်ဖြစ်သည်။
၂၀၁၁ ဇွန်လဆန်းက ဂျွန်မက်ကိန်းမှာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

  7Day News Journal
ဂျွန်မက်ကိန်း နှင့် လွှတ်တော်အမတ်များ မြန်မာနိုင်ငံ လာမည် ဂျွန်မက်ကိန်း နှင့် လွှတ်တော်အမတ်များ မြန်မာနိုင်ငံ လာမည် Reviewed by သစ်ထူးလွင် on 17:02 Rating: 5

No comments:

Powered by Blogger.