ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် ထားဝယ်မှာ ဘာတွေလုပ်မလဲ

၂၈-၀၁-၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် -တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အစောဆုံးလေယဉ်နဲ့ ထားဝယ်မြိုဆီ ရောက်လာမယ်လို့မျော်လင့် ထားကြောင်း ထားဝယ်နဲ့ လောင်းလုံးရှိ NLD ပါတီဝင်တွေကပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်တွေနဲ့တွေ့ဆုံမဲ့ ထားဝယ်မြိုက ပါတီရုံး

ထားဝယ်ကိုရောက်ရောက်ချင်း ထားဝယ်မြိုရှိ ပါတီ-တိုင်းရုံးဆီ အယင်ဆုံးဝင်ပီး အဲဒီမှာ တိုင်းဥက္ကဌ ဦးလှမင်း အပါဝင် တိုင်းကော်မီတီဝင်တွေ။ ထားဝယ်။ လောင်းလုံး။ သရက်ချောင်းနဲ့ ရေဖြူမြိုနယ်က ပါတီဝင်တွေနဲ ပထမ-ဆုံးတွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုဖို့ပြင်ထားတဲ့ ရုံးတွင်းက  မြင်ကွင်း

ပါတီဝင်တွေနဲ့ဆွေးနွေးပီးတဲ့အခါမှာတော့ ပြည်လူထုစည်းရုံးရေးခရီးစဉ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD ပါတီက ၀င်ပြိုင်ဖို့စာရင်းပေးထားတဲ့ ထားဝယ်နဲ့ တနာရီခန့် ကားမောင်းရ တဲ့ လောင်းလုံးမြိုဆီ သွားပီး လောင်းလုံးမြိုနယ် ပါတီရုံးရှေ့မှာ လူထုဟောပြောပွဲလုပ်မယ်လို့ သိရပါတယ်။
လောင်းလုံးကဟောပြောပွဲပီးတာနဲ့ နောက်ထပ် မီနစ် ၃၀- ခန့်ကားမောင်းရတဲ့ အောက်ရေဖြူ ရွာမှာ လူထုဟောပြောပွဲနောက်တခုထပ်လုပ်မယ်လို့သိရပါတယ်။



အဲဒီဟောပြောပွဲပီးရင်တော့ အောက်ရေဖြူကနေ ထားဝယ်ဖက်ကိုပြန်လာပီး ကမြောကင်းတံတားအနီး သို့မဟုတ် ထားဝယ်တက္ကသိုလ်အနီးရှိ သောကြာပြင် လမ်းဆုံမှာ နောက်ထပ်လူထုဟောပြောပွဲတခုလုပ် မယ်လို့သိရပါတယ်။ အဲဒီပွဲပီးရင် မောင်းမကန်ကမ်းခြေကိုဆက်သွားမှာဖြစ်ပီး အဲဒီမှာ လူထုဟောပြောပွဲ
တခုထပ်လုပ်မယ်လို့သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲလုပ်မဲ့ ထားဝယ်မြိုက တော်ဝင်စတိုးရှေ့ မြင်ကွင်း

မောင်းမကန်ကဟောပြောပွဲပီးတာနဲ့ လောင်းလုံးမြိုနယ်က ဟောပြောမှုအားလုံးကို ရပ်တန့်ပြီး ထားဝယ်မြို ဆီတန်းပြန်မယ်လို့သိရပါတယ်။ ထားဝယ်မြိုကအထွက် လေယဉ်ကွင်း မသွားခင်လေးမှာ တော်ဝင်ဦး စတိုး ရှေ့မှာ ထားဝယ်လူထုကို ဟောပြောပွဲတခုလုပ်ပေးဖို့စိစဉ် ထားတယ်လို့ ထားဝယ်နဲ့ လောင်းလုံးရှိ ပါတီ ၀င်လူငယ်တွေဆီကနေသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲလုပ်မဲ့ လောင်းလုံးမြိုက ပါတီရုံး


ဒါဟာ သူတို့ဖက်က စီစဉ်ထားတဲ့အစီစဉ်တွေသာဖြစ်ပီး ဒေါ်အောင်ဆန်းစုကြည်ရောက်လာမဲ့ အချိန်။ လေယဉ် အချိန်ဇယား။ ရာသီဥတုနဲ့ တခြားအခြေနေတွေပေါ်မူတည်ပြီး ဟောပွဲပြောပွဲ အစီစဉ် တွေ ပြောင်းလဲတာမျိုး ရှိကောင်းရှိနိုင်တယ်လို့လဲ သူတို့ကဆိုပါတယ်။


ဒီခရီးစဉ်ဟာ ၁၉၉၀-ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်မှုနောက် ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ-ဆုံး ထားဝယ်ဒေသခရီးစဉ်ဖြစ်ပါတယ်။ အခုခရီးစဉ်ဟာ ပါတီ စည်းရုံးရေးကိစ္စသာဖြစ်ပီး မဲဆွယ် တဲ့ခရီးစဉ်မဟုတ်သေးဘူးလို့ ပါတီ-ဗဟိုတာဝန်ရှိသူတွေကပြောထားပါတယ်။

 လောင်းလုံးနဲ့ ကျွန်းစုမြိုနယ်တွေမှာဝင်ပြိုင်မဲ့ NLD အမတ်လောင်း ဦးအောင်စိုးနဲ့ ဒေါ်တင်တင်ရီ

ဧပြီလ ၁-ရက်နေ့မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈-နေရာစလုံးအတွက် NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ်လို့စာရင်းပေးထားပီး အဲဒီထဲမှာ တနသာင်္ရီတိုင်းရှိ လောင်းလုံးမြိုနယ် နဲ့ ကျွန်းစုမြိုနယ်တို့ပါဝင်ပါတယ်။ လောင်းလုံးမြိုနယ် အတွက် NLD အမတ်လောင်းကတော့ ဦးအောင်စိုး ဖြစ်ပီး ကျွန်းစုမြိုနယ်အတွက် ကတော့ ဒေါ်တင်တင်ရီ-ဖြစ်ပါတယ်။

လောင်းလုံးမြိုနယ်မှ လှပတဲ့ ပင်လယ်ကမ်းခြေတခု

အခု ထားဝယ်ခရီးစဉ်ဟာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ-ဆုံး ရန်ကုန်မြိုပြင်ခရီးစဉ်ဖြစ်ပီး ထားဝယ်ခရီးစဉ်ပြီးရင် မန္တလေးဖက်ကို ဆက်သွားမယ်လို့ ပါတီဝင်တွေဆီကနေ သိရှိရပါတယ်။ ။

(ဒီထဲက ဓါတ်ပုံတချို့ဟာ ထားဝယ်မြိုတော် Facebook မှ တဆင့်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါကြောင်း)
ထက်အောင်ကျော်
ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် ထားဝယ်မှာ ဘာတွေလုပ်မလဲ ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် ထားဝယ်မှာ ဘာတွေလုပ်မလဲ Reviewed by သစ်ထူးလွင် on 19:04 Rating: 5

2 comments:

phoe man chu said...

ဒေါ်အောင်ဆန်းစုကြည်

ကျန်းမာချမ်းသာပါစေ။လိုအင်ဆန္ဒပြည့်ဝပါစေ။

ထားဝယ်သားလေး

တိုးတက်အောင် said...

အန်တီစု စည်းရုံးရေးဆင်တာကို အရမ်းသဘောကျတယ်၊ ဒါ့အပြင် ဒေသခံတွေရဲ့တာဝန်သိစိတ်ရှိကြဖို့ အထူးသဖြင့်လုံခြုံရေး အထူးဂရုစိုက်ကြဖို့နဲ့ ၀ိုင်းဝန်းစောင့်ရှောက်ကြစေချင်တယ်၊ အခုလို ပြုပြင် ပြောင်းလဲရေးကာလမှာ အန်တီစုက တန်ဖိုး မဖြတ် နိုင်လောက်အောင် ကြီးမားတယ်ဆိုတာ နိုင်ငံမပြောနဲ့ တကမ္ဘာ လုံးသိတယ်ဆိုတာ အားလုံးအားလုံးကို နားလည်စေချင်တယ်ဗျာ

Powered by Blogger.