ကျပ် ၅၀၀၀ တန် ဆင်း​မ်ကတ်အတွက် တရား​ဝင် ပူး​ပေါင်​ဆောင်ရွက်မည်

တယ်လီဖုန်း​ ဆင်း​မ်ကတ်တခုကို ကျပ် ၅,၀၀၀ နဲ့​ အများ​ပြည်သူ အသုံး​ပြုနိုင်ဖို့​ ​ရွှေပြည်တံခွန် ကုမ္ပဏီက မြန်မာ့​ဆက်သွယ်​ရေး​ စာတိုက်၊​ ​ကြေး​နန်း​ ဝန်ကြီး​ဌာနနဲ့​ ပူး​ပေါင်း​ဖို့​ တရား​ဝင် ​လျှောက်လွှာတင်လိုက်ပြီလို့​ မန်း​နေဂျင်း​ ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။
“ဒီ ​နေ့​ပဲ ကျ​နော် ဆက်သွယ်​ရေး​ကို တင်လိုက်တယ်။ အခုထိ ဘာမှ မသိရ​သေး​ဘူး​။ တင်တယ်ဆိုတာ ကျ​နော်တို့​ ဒီလုပ်ငန်း​အတွက် ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ကိစ္စ​တွေ၊​ စီး​ပွား​ရေး​ အစီအစဉ်​တွေ​ပေါ့​။ နည်း​ပညာပိုင်း​ ဆိုင်ရာ​တွေပါ နှစ်ခုလုံး​ပါတယ်။ ပြည်သူ​တွေ စရိတ် သက်သက်သာသာနဲ့​ တယ်လီဖုန်း​တွေ ကိုင်နိုင်​အောင် ကျ​နော် ကြိုး​စား​နေပါတယ်။ ဆက်သွယ်​ရေး​ ဝန်ကြီး​ဌာနလည်း​ ပူး​ပေါင်း​ ​ဆောင်ရွက်ပြီး​ ဘယ်လိုလုပ်လို့​ ရနိုင်မလဲ ဆိုတဲ့​ နည်း​လမ်း​တွေ​ပေါ့​။ ကျ​နော်တို့​က ဥပ​ဒေအရ၊​ မူ​ဘောင်အရ သွား​နေတာပါ။”
မြန်မာပြည်မှာ ဆက်သွယ်​ရေး​ နည်း​ပညာအတွက် ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေ မရှိ​သေး​တဲ့​အတွက် အစိုး​ရမဟုတ်တဲ့​ ကုမ္ပဏီ အဖွဲ့​အစည်း​တွေ အတား​အဆီး​လည်း​ ဖြစ်​နေတယ်လို့​ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။
“ကျ​နော်တို့​ ဆီမှာ ဆက်သွယ်​ရေး​နဲ့​ ပတ်သက်လို့​ ပြင်သင့်​တာ​တွေ ပြင်ဖို့​ နိုင်ငံ​တော်အကြီး​အကဲ​တွေ၊​ သက်ဆိုင်ရာ ဝန်ကြီး​ဌာန​တွေက ကျ​နော်တို့​ကို ​ပြောထား​တယ်။ ပြည်သူ​တွေအတွက် လိုအပ်လို့​ရှိရင် မြစ်ဆုံ ကိစ္စပဲကြည့်​၊​ ထား​ဝယ်​ကျောက်မီး​သွေး​ကိစ္စပဲ ကြည့်​ကြည့်​၊​ နိုင်ငံ​တော် သမ္မတကြီး​က မှန်ကန်တဲ့​ ဆုံး​ဖြတ်ချက်​တွေ ချခဲ့​တယ်။ အခု​လော​လောဆယ် အစိုး​ရရဲ့​ ဆက်သွယ်​ရေး​ ကွန်ရက်ကလည်း​ လုပ်နိုင်စွမ်း​ မရှိတာတို့​၊​ အင်တာနက်​တွေက ​နှေး​နေတာ၊​ ဆက်သွယ်​ရေး​ကို မြှင့်​တင်​အောင် လုပ်မှာဆို​တော့​ အဲဒီအပိုင်း​တွေကိုလည်း​ စဉ်း​စား​ထား​ပါတယ်။”
အစိုး​ရက ခွင့်​ပြုချက်ရရင် ၂၀၁၃ ခုမှာ အများ​ပြည်သူလက်ထဲ ထုတ်​ရောင်း​ နိုင်မယ်လို့​လည်း​ ​ပြောပါတယ်။
ဆင်း​မ်ကတ်တခုရဲ့​ မူလတန်ဖိုး​ဟာ မြန်မာကျပ်​ငွေ ၃၀၀ ပတ်ဝန်း​ကျင်သာ ရှိတယ်လို့​လည်း​ သိရပါတယ်။
မြန်မာဆက်သွယ် ​ရေး​၊​ စာတိုက်နဲ့​ ​ကြေး​နန်း​ဝန်ကြီး​ဌာနနဲ့​ နီး​စပ်တဲ့​ ကုမ္ပဏီ​တွေက​တော့​ ဂျီအက်စ်အမ် ဟန်းဖုန်း​ ဆင်း​မ်ကတ် တကတ်ကို ကျပ် ​ငွေ ၃သိန်း​ နဲ့​ ၂၀၁၂ မှာ ​ရောင်း​ချမယ်လို့​လည်း​ သိရပါတယ်။ 
ဒီဗွီဘီ
ကျပ် ၅၀၀၀ တန် ဆင်း​မ်ကတ်အတွက် တရား​ဝင် ပူး​ပေါင်​ဆောင်ရွက်မည် ကျပ် ၅၀၀၀ တန် ဆင်း​မ်ကတ်အတွက် တရား​ဝင် ပူး​ပေါင်​ဆောင်ရွက်မည် Reviewed by သစ်ထူးလွင် on 09:54 Rating: 5

42 comments:

Anonymous said...

It is good news for Myanmar people if they can really sell one sim card with the price only 5000 kyats.

SN said...

၃ သိန်းနဲ့ ၃ ထောင် .....ပွဲကတော့ လှပြီ....

Nyi Nyi Kyaw said...

ကျပ် ၅၀၀၀ တန်ဆင်း​မ်ကတ် သတင်းကို နယ်စပ်က လူတွေက ဂရုကိုမစိုက်တာ သူတို့တွေက အခြားနိုင်ငံက ဆင်း​မ်ကတ်ကိုပဲသုံးနေတာ..
အခြားနိုင်ငံကဆင်း​မ်ကတ်ကို သုံးတဲ့အတွက် အခြားနိုင်ငံကို ကျွန်တော်တို့ ငွေတွေဝင်သွားတယ်..ငွေအနေနဲ့တွက်ချက်ကြည်ရင်..တစ်ရက်ကို ဘယ်နဲ့သန်းလောက် အခြားနိုင်ငံထဲဝင်နေမသိဘူး.
မြ၀တီမှာ ထိုင်းဆင်း​မ်ကတ်ကို တစ်ထောင်ကျော်ပဲ ပေးရတယ်...

ven said...

ဘယ်လိုလဲဗျာ အရင်တုန်းကတော့ သမတရုံးခန်းတင်ထားတယ် ခွင့်ပြုမိန့်ကျတာနဲ့ သုံးလပိုင်းလေးလပိုင်းလောက်မှာ တစ်သန်းစရောင်းနိုင်မယ် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းပဲရမယ် ဆိုပြီး သတင်းပြေးနေတာလေ အခုတော့ ခွင့်ပြုရင်တောင် နှစ်ထောင့်ဆယ့်နှစ်တဲ့ ဆိုးလိုက်တဲ့ဒို့ပြည်သူတွေဘ၀ေ
အာ်...............တစ်နေ့ရွှေ တစ်နေ့ငွေဆိုတာ ဒါပါ့လား...........

kt said...

ရွှေပြည်တံခွန်က ဦးလွင်နိုင်ဦးရေ...ဘာလို့စကားတွေကရှေ့နောက် မညီတာလဲဗျ..ခင်ဗျားပြောတော့ လပိုင်းအတွင်းလောက်ပဲရတော့ မလိုလိုနဲ့.. ခုကျတော့ 2013ကိုရောက်သွားပြန်ပြီနော်။ ဒီမှာကိုယ်လူ..ဖုန်းကတ်တစ်ကတ်ကို မြန်မာငွေ5000တောင်မတန်တာ ခင်ဗျားတစ်ယောက်တည်းသိတာမဟုတ်ဘူးဗျ။တာဝန်ရှိသူတွေအပါဝင်တစ်နိုင်ငံလုံးက ထိပ်ထိပ်ကြဲသူဌေးတွေလည်းသိတယ်။ခုလုပ်နေတဲ့ဖုန်းလိုင်း သန်း(30)ပရောဂျက်ထဲမှာ သူတို့ဝင်တွေမြုတ်ထားတယ်လေဗျာ။ ခင်ဗျားကခုမှ အောက်ကနေ၀င်ရိုက်လိုက်တော့ အကုန်လုံးက မျက်လုံးတွေပြူးကုန်တာပေါ့။တချို့ကုမ္မဏီတွေဆို တာဝါ တိုင်တွေတောင်ထောင်ပြီးနေပြီ။တချို့လည်း တပ်ဆင်နေကြတဲ့အချိန်မှာ ခင်ဗျားက ပွဲဆူအောင်လုပ်လိုက်တာကိုးဗျ။အဲ့ကုမ္မဏီတွေအကုန်လုံး ကအစိုးရနဲ့သဘောတူညီချက်တွေအထပ်ထပ်လုပ် ၊ အကျိုး အမြတ် တွေ သေချာခွဲဝေရေးစာချုပ်တွေချုပ်ပြီးမှ ခင်ဗျားကပြီး မှလူသိရှင်ကြား မီဒီယာတွေကိုဖွလိုက်တာလေ။Proposal တင်တယ် ဆိုတာ စီးပွားရေးသမားတိုင်းလုပ်တတ်ပါတယ်ဗျာ။သေချာတာ တစ်ခုတော့ရှိတယ်ဗျ2014ရောက်တဲ့အထိ ခင်ဗျားအိမ်မက်တွေဖြစ် မလာနိုင်သေးဘူး။ကျွန်တော်လည်း ဖုန်းတစ်လုံးကို အနည်းဆုံးနှုန်းနဲ့ပြည်သူတွေကိုင်တာမြင်ချင်ပါတယ်ဗျာ။ရင်ထဲကဆန္ဒပါ။
ဒါပေမယ့် ခင်ဗျားရွေ့လိုက်တဲ့အကွက်ကြီးက တော်တော်လေး ကြမ်းသွားတယ်ဗျ။သန်း(30)ပရောဂျက်ရှိနေတာကို ခင်ဗျားကသိသိကြီးနဲ့ပြောတာကိုက ခင်ဗျားမရိုးသားလို့ပေါ့ဗျာ။ Proposalတင်ထားတဲ့အချိန်ကတည်းကမဖြစ်နိုင်သေးဘူးဆိုတာသိသိကြီးနဲ့ခင်ဗျားတင်ခဲ့တယ်။ခွင့်ပြုမိန့်မကျသေးပဲနဲ့ပြည်သူတွေကို ခင်ဗျားဖွ ခဲ့တယ်။တကယ်တော့ တိုးတိုးတိတ်တိတ်လုပ်ရမယ့်ကိစ္စမှာ ခင်ဗျားက အသံကုန်ဟစ်ခဲ့တယ်လေ။ခုတော့ ခင်ဗျားပဲကွဲတာပေါ့။ခုကိစ္စကို ကျွန်တော်ကတော့တော်တော်လေးစိတ်ဝင်စားသွားပြီဗျို့။ခင်ဗျားအပြင် မီဒီယာတွေကိုလည်းပြောချင်သေးတယ်ဗျာ..ကိုရွှေမီဒီယာတို့..ခင်ဗျားတို့ပဲအစဆွဲထုတ်တုန်းကတော့ထုတ်ပြီး ခုတော့နာစေးနေကြတာလား.. ဘာကြောင့် ရွှေပြည်တံခွန် လျှောချသွားသလဲဆိုတဲ့နောက်ကို မလိုက်ကြတော့ဘူးလား။လုပ်ပေးမယ့်သူက လုပ်ပေးပါ့မယ်ဆိုတာတောင် ခုတော့ဘာလို့များအသံတိတ်နေကြတာလဲ...အဲ့အစကိုကုန်အောင်ဆွဲထုတ်နိုင်ရင်တော့ ခင်ဗျားတို့ဖြစ်ချင်တဲ့5000တန်ဖုန်းရနိုင်တယ်ဗျို့။ ကျွန်တော်တို့ပြည်သူချစ်သော သမ္မတကြီးကရော ပြည်သူတွေ ဖုန်းကိုဈေးချိုချိုနဲ့ကိုင်နိုင်ရင် သူလည်းသဘောကျမှာပါဗျ။(ဟားး..ဟားး)

sunny said...

I agree with this.Bravo.Tanks very much.

Myanmar said...

အင်း အောင့်မထားနိုင်တော့လဲ အခုလို ပွင့်ထွက်လာတာကောင်းတာပေါ့ မဟုတ်၇င် အထဲမှာဘဲပုပ်နေ၇င် မကောင်းဘူးလေ။ ဘာဘဲပြောပြော စီးပွားေ၇းသမားဆိုတာ ၀ိသမသမားက အများစုပေကိုး တစ်ကျပ်တန်ကို တစ်သိန်းနဲ့ေ၇ာင်းခွင့်၇၇င်ေ၇ာင်းမှာဘဲ သိပ်ဝန်လေးနေမယ်မထင်ပါဘူး။ မြတ်ချင်လို့လုပ်တာကိုး။ ကုသိုလ်ဖြစ်လုပ်နေတာမှမဟုတ်တာ။ ဥပဒေခိုင်ခိုင်မာမာ မထွက်ပေါ်လာသေးသ၍ ခံလိုက်ပါအုံး။ အ၇င်ခေတ်ကထက်စာ၇င် တော်တော်ကောင်းလာပါပီ။ တလက်စတည်း ခံလက်စလေးနဲ့ဗျာ...။ ပျော်၇ွှင်ကြပါစေ...။

ရာရာ said...

ကေတီ...
သေသေခြာခြာစဉ်းစားပြီးမှပြော..သန်းသုံးဆယ်ပရောဂျက်ကြီးက မရိုးသားတာလား..အဲ့ဒါကိုသိလို့ ဖွင့်ချပြတဲ့သူက မရိုးသားတာလား...ဒါတွေကိုလည်းမီဒီယာတွေက ထုတ်ပြလို့သိရတာလည်း သတိရဦး မင်းအဘဘိုးကျော်ဆန်းရဲ့သတင်းစာမှာမှန်ဘီလူးကြီးနဲ့ရှာလည်းမတွေ့နိုင်တဲ့သတင်းလေ...အခုမီဒီယာတွေက ပြည်သူအကျိုးရှိရင် ရှိသလိုအမြန်ချပြလို့ အချိန်နဲ့တစ်ပြေးညီသိနေရတာလည်း သတိရဦး..ဆက်သွယ်ရေးက ဖြန့်မယ့် တန်ဘိုးနည်းပါတယ်ဆိုတဲ့ သုံးသိန်းတန်ဖုန်းကြီးရဲ့နောက် တဖြည်းဖြည်းတန်ဖိုးလျော့ချပါ့မယ်လို့ပြောထားတဲ့အတိုင်းလုပ်ရင်တောင် 2050 ရောက်တဲ့အထိ ငါးထောင်ဖြစ်ဦးမှာမဟုတ်ဘူး...2014 ရောက်လည်းရောက်ပဲ..
ဦးဏှောက်သေးသေးလေးနဲ့လျောက်မရမ်းနေနဲ့...

skk said...

အားလုံးကြိုးစားရင်ဖြစ်တယ် ၊ ကဲ ဘာပြောမလဲ

Unknown said...

where the heaven is freedom???
damn it!

Su Nay Lay said...

everyone hoped that will be in 2012 but now ah ah

gwantaylay said...

ကဲ ..ငါတို့ပြည်သူတွေ ဘယ်သူ့ကိုယုံရမှာလဲ...ဘယ်သူကမှန်ပြီးဘယ်သူကမှားနေတယ်ဆိုတာ..?

Unknown said...

Have you already consider and calculate the capacity of the network load ?????
Later, only one phone can make call out of 100 or 1000.
Everytime, Network will busy 24/7.

my world said...

ဆိုရှယ်လစ်ခေတ်လွန်နိုင်ငံတော်တော်များများဟာတိုးတက်ဖို့အလွန်ခက်ခဲပါတယ်၊ဟောင်းနွမ်းလွန်းပြီးသောက်သုံးမကျတဲ့ဥပဒေတွေ၊ ရှေးရိုးစွဲသောက်သုံးမကျတော့တဲ့ပြည်သူ့ဝန်ထမ်းတွေ ၄င်းနိုင်ငံတွေမှာဆက်လက်တည်ရှိသ၍မည်သို့မှခေတ်မှီတိုးတက်ဖွံဖျြိးရန်မဖြစ်နိုင်ပါကြောင်း

ko ng said...

သူများနိုင်ငံမှာ အလကားပေးနေချိန်မှာ မြန်မာပြည်မှာ SIM Card တစ်ခုကို ငါးသိန်း .....

ko2wayart said...

အင်းဗျာ တော်တော် စိတ်ဝင်စားဖို့တော့ကောင်းနေပြီဗျာ
သိတဲ့သူတွေ ဒီလိုပဲ ကွန်မန်းရေးမနေပါနဲ့
ဖြစ်နိုင်ရင် အများသူငါ သိနိုင်တဲ့
သတင်းမီဒီယာ ပေါ်မှာ ဖြစ်ဖြစ် (ဖြစ်နိုင်ရင်ပြောတာနော်)
ဝက်ဆိုက်ဒ် ဘလောဂ့်ပေါ်မှာဖြစ်ဖြစ်
ဆွေးနွေးကြပါခင်ဗျာ
ငြင်းခုန်နေကြတာထက်စာရင်
အဲဒီလို ဆွေးနွေးကြမယ်ဆိုရင် အမှန်တရားတစ်ခု ဆီကိုရောက်နိုင်ပါတယ်

powre+ said...

KT ပြောတာလက်ခံပါတယ်...
ကျွန်တော်ပြောမယ်...နောက်ထပ်သမ္မတ အသစ်တစ်ယောက်တက်
လာရင်တောင်..ငါးထောင်နဲ့ ရဘို့ မစစဉ်းစားနဲ့..မင်းတို့ ဗမာ တွေက
သူးများပြောတိုင်း နားယောင်တဲ့ အကျင့် က ကဗ္ဘာ ပျက်တောင်
ပျောက် မှာမ ဟုတ်ပါဘူးကွာ...(ငါလဲ မြန်မာ ပဲ)ကွ...
ရှင်းရှင်းပြောမယ်..မင်းတို့တွေက.....---လုပ်တိုင်းခံ
နေတဲ့ လူမျိုးတွေဖြစ်နေတာကိုး...ငါလဲအပါအ၀င်ပေါ့ကွာ..ဟားဟာ..
Fool တွေ ရန်ဖြစ်နေကြသည်..ဟီး ငါလဲပါတွားပြီလားမတိ..

doll said...

ကေတီ (KT) ; အဲလောက်ပဲ..သိတာလား KTရယ်...ဖြစ်မှဖြစ်ရလေ ကွာ...။ စီးဟွးရေးသမားဆိုတာ..မြတ်ချင်လို.လုပ်တဲ.လူကြည်.ပဲ..မှန်တယ်...ရွှေပြည် တံခွန်က ဦးလွင်နိုင်ဦး ရဲ. ၅၀၀၀ တန် စီမံကိန်း (ပွဲဆူအောင် ဖွတယ်ပဲဆိုဆို)ဟာ.. အထိုက်အလျောက်တော. ရိုးသားမှု မရှိစွာ မတရားစီးဟွးလုပ်ချင်နေသူတွေအတွတ်တော. တော်တော်မြင်ပြင်းကပ်စရာပေါ.လေ...ကွပ်ရွေ.ကြမ်းတယ်ပဲ.ပြောပြော..ဒီအချိန်မှာ..ဒီစကားဟာ..ပြည်သူ တွေအတွက်တော. မျှော်လင်.ချင်စရာပါ။ဦးလွင်နိုင်ဦး ရဲ.စကားကြောင်.(ဦးဆုံး 300 000 ထက်မပိုတဲ.) သန်း ၃၀ စီမံကိန်း ပေါ်မှာ.. တစုံတရာ..အကျိုးသက်ရောက်ခဲ.မယ်..ဆိုရင်......။(သုံးသိန်းအောင်ဆိုတာ ဘယ်အတိုင်းတာ ထိဖြစ်သွား မလဲဆိုတာ စောင်.ကြည်.နော်..ဟဲ..ဟဲ.)။

htoohann said...

ဘာဘဲပြောပြောရွှေပြည်တံခွန်ကခုလိုဖွင့်ခြပြတာကိုလက်ခံတယ်ဗျာမီဒီယာဖွတယ်ဘဲပြောပြောဒီလိုမှမရေးရင်ကျနော်တို့ဘာမှသိရမှာမဟုတ်ဘူးသူတို့ချပေးမှသုံးရမယ်ဆိုရင် 2050 ဆိုတာတောင်သေချာပါ့မလား.......

Unknown said...

http://www.bbc.co.uk/burmese/programmes/2012/01/120118_cooltech_5000phone_analysis.shtml

N2N said...

ဘာပဲဖြစ်ဖြစ် အဆင့်ကျော်တင်ခြင်းမှလွဲပြီး ရွှေပြည်တံခွန်နှင့် MEDIA များကြောင့်နုတ်ပိတ်ပြီးလုပ်စားခြင်းကိုပေါ်လွင်စေသော ၅၀၀၀တန်စီမံကိန်းကိုကျေးဇူးတင်ပါသည် ရေရှည်တွင် ဆက်သွယ်ရေး အနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီနည်းဥဗဒေများပြဌာန်းပြီး ပြည်တွင်း-ပြည်ပ ကုမဏီများကို TELECOM OPERATOR များအဖြစ် တရားမျှတစွာယျှဉ်ပြိုင်စေခြင်းဖြစ် OPEN MARKET-FAIR BIDDING လမ်းကြောင်းပေါ်သို့သွားရတော့မည်ဖြစ်ပါသည်

N2N said...

ဘာပဲဖြစ်ဖြစ် အဆင့်ကျော်တင်ခြင်းမှလွဲပြီး ရွှေပြည်တံခွန်နှင့် MEDIA များကြောင့်နုတ်ပိတ်ပြီးလုပ်စားခြင်းကိုပေါ်လွင်စေသော ၅၀၀၀တန်စီမံကိန်းကိုကျေးဇူးတင်ပါသည် ရေရှည်တွင် ဆက်သွယ်ရေး အနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီနည်းဥဗဒေများပြဌာန်းပြီး ပြည်တွင်း-ပြည်ပ ကုမဏီများကို တရားမျှတစွာယျဉ်ပြိုင်စေခြင်းဖြစ် OPEN MARKET-FAIR BIDDING လမ်းကြောင်းပေါ်သို့သွားရတော့မည်ဖြစ်ပါသည်

dotehtawattithar said...

kt ရေ ဒါက ကွဲတာ မဟုတ်ဘူး။ ပြည်သူတွေမျက်စိပွင့်အောင် ဖွင့်ချပြလိုက်တာပါ၊ တကယ်ဆိုရင် MPT မှာ infrastructure ရှိပြီးသား၊ တကယ်ဆိုရင်လုပ်နိုင်ရမှာ ၊ ဘာလို့မလုပ်ခဲ့တာလဲ၊ သူများလုပ်မယ်ဆိုတော့လည်း မဖြစ်နိုင်ဘူးဆိုပြီး ပြောပြန်တယ်၊ ၃လလောက်နဲ့မပြီးနိုင်လည်း ကိစ္စမရှိပါဘူး၊ အဓိက ကတော့ ဖြစ်မြောက်ဖို့ပဲ၊ မြန်မာပြည်မှာ operator များလေကောင်းလေပဲ၊ဒါမှ MPT က လက်ဝါးကြီး မအုပ်နိုင်မှာ၊ နို့မို့ဆို တရုတ်ကောင်းစားရေးလမ်းစဉ် ဖြစ်နေအုံးမှာ၊ တရုတ်လက်အောက်ခံတွေ အထုပ်သာပြင်ထားပေတော့

HtetNWin said...

ဆက်သွယ်​ရေး​ကို တင်လိုက်ပီဆိုတော့ကား မဖြစ်နိုင်ရင် ဘာကြောင့်မဖြစ်နိုင်တာလဲ ဆိုတာတော့ ပြည်သူတွေ သိခွင့်ရှိပါတယ် ။

Mg La Min said...

ြိမန်မြန်ဖြစ်အောင်တာလုပ်ဗျာ ကျေးဇူးလဲတင်တယ်

Mg La Min said...

အရေးမကြီးတာ အရာလုပ်နေကြတာပါဗျာ
ဒီလို ဖြစ်သင့်တာကကြာပါပြီ

Gunner Star said...

လွဲတော့ လွဲနေပြီ၊ ဘယ်သူသေသေ ငတေမာ ပြီး ရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကောက်ကျစ်မှု ကိုတော့ လေးစား သွားပြီ။ ဒါလား ဒီမိုကရေစီ ဆိုတာ..။ စိတ်ဓာတ်ခိုင်မာမှု မရှိတဲ့ တွေးခေါ်နိုင်မှု နည်းတဲ့ ပြည်သူတွေ ကို စည်းရုံး၊ ပြည်သူ တွေကလဲ ပြည်သူတွေပါပဲ။ တနေကုန် လက်ဘက်ရည်ဆိုင်ထိုင်၊ အားနေ ဘောပွဲလောင်း၊ အလုပ်လုပ်ဆိုတော့ မလုပ်ချင်၊ ငတ်တော့မှ အစိုးကြောင့် ဆိုပြီး ဘေးကို လက်ညိုးထိုး ပြင်စရာ တော်တော် များတာပဲ။ သူများက အရံသင့် တာဝါတိုင်တွေ ထောင်ပြီး မှ သူက ၅၀၀၀ နဲ့ ရောင်းမယ်ဆိုတော့၊ တဘက်က ရင်းနှီး မြုပ်နှံထားတဲ့ ကောင်က ဘာဖြစ်သွားမလဲ၊ သူလုပ်ချင်တယ်ဆို၊ တောတွေ မှာ လုံးဝ လိုင်းမရသေးတဲ့ နေရာမှာသွားလုပ်ခိုင်းလိုက်လေ။ သူရောင်းနိုင်မလားလို့၊ သူ အရင်းအနှီး အများကြီး ရှိတယ်ဆို ဂြိုလ်ထု တင်လိုက်ပါလား။ နောင် ၁၈ နှစ်လုံး ရနေမဲ့ ၀င်ငွေလေ။ အစိုးရက ခွင့် မပြုရင်တော့ ဒါမှ ပြည်သူလိုလာမှာ၊ အားလုံး စဉ်းစဉ်းစားစား လုပ်စေချင်တယ်။။။ လိုင်းက အစိုးရက အလကား ပေးထားတာမဟုတ်ဘူးနော်၊ သူများနိုင်ငံက ၀ယ်နေရတာ..။အရမ်း ပိန်းလွန်းရင်လဲ မကောင်းဘူးဗျ၊ ကိုယ့်ကိုယ့် ကို အရင် တည့်မတ်နိုင်အောင်လုပ်ကြပါ၊ ပြီးမှ လိုအပ်တာကို လိုအပ်သလို ဖြည့်စွပ် တာကောင်းတယ်လို့ ထင်တယ်...

မျိုးချစ်မြန်မာလူငယ် said...

ဟား...ဟား....ရီရယ် KT ရေ...
မင်း comment ကိုဖတ်ပြီး အူတက်မတတ်ပဲ။
ဒီမှာ အခြေခံလူထုနဲ့ (တိုင်းရင်းသားအပါအ၀င်) ပြည်သူလူထု လိုလားနေတာ ဘာလဲဆိုတာ မင်းသိဖို့လိုနေပြီ...
ဒါပဲပြောချင်တယ်။
ကျူပ်တို့မြန်မာတွေ ညီညွတ်ဖို့လိုနေပြီ ...... လက်နက်ကိုင်..ကိုယ်ကျိုးကြည့်လုပ်နေတဲ့အစိုးရနဲ့၊ စစ်အစိုးရ (တရားဝင်ဓါးပြ ခေါင်းဆောင်လုပ်နေတဲ့)အုပ်ချူပ်သော လွန်ခဲ့တဲ့၂၃နှစ်ကတည်းက ကျွန်တော်တို့ တိုင်းရင်သားအပါအ၀င် မြန်မာလူထုတစ်ရပ်လုံးက (မွေးကတည်းက ဘာမှန်းမသိညာမှန်းမသိ ခြိမ်းခြောက်ခံနေရတဲ့) နိုင်ငံကိုကိုယ်ကျိုးမကြည့်ဘဲ နှစ်နာစွန့်လွှတ်ပြီး စတေးရဲတဲ့ အမေဒေါ်စုကို ၀ိုင်းဝန်းကူညီဖို့ တကယ်ပဲလိုအပ်ပါတယ်လို့ အလေးအနက်ပြောချင်ပါတယ်။
ကျူပ်တို့ မြန်မာနိုင်ငံ အလွန်မှ အောက်တန်းကျနေပါပြီ။ ဘာသာရေးကလွဲရင် မြန်မာနိုင်ငံမှာ ဘာမှ ကောင်းတာလဲမကျန်တော့ပါဘူး။
တရားဝင် လက်နက်ကိုင်သောင်းကျန်းပြီး တိုင်းပြည်ကို ရောင်းစားနေတာလဲ လူတိုင်းသိသိနဲ့ လူအတွေလိုနေနေရတာလဲ အသိပါ။
ဒါကို အမေစုကလွဲပြီး ဘယ်သူမှ မကူနိုင်ပါဘူး (ဒီဘက်ခေတ်မှာ မြန်မာနိုင်ငံကို သူ့ထက်စွန့်လွှတ်ပေးစပ် ထားသူရှိရင် ပြောပါ။)
နိုင်ငံကိုတကယ်တိုးတက်ချင်ရင် တစ်ခုရှိတယ်။
အမေစုကို လက်ခံရမယ်..အမေစုရဲ့ အဖေ ဗိုလ်ချူပ်အောင်ဆန်းရဲ့ ကျေးဇူးကိုသိတတ်ရမယ်။
အမေစုရဲ့ တိုင်းပြည်အတွက် family ကို စွန့်လွှတ်တဲ့ စိတ်ဓါတ်ကို လေးစားရမယ်။
ဒါကိုမှ နားမလည်သေးတဲ့ လူထုကို ပြောပြမတတ်အောင် မြန်မာပြည်အတွက် ၀မ်းနည်းမိတယ်။

aungaung said...

ပြသတာတော့တက်ပြီ ငါသိန်းတန်က တမိနှစ်ကို ငါးဆယ် ငါးထောင်တန်က တမိနှစ်ကို နှစ်ဆယ်ငါးကျပ် သုံးသိန်းတန်ထွက်ခါနီးမှ ငါးထောင်တန်ကထွက်မယ်ဆိုတော့ သုံးသိန်းတန်ဖုန်းတွေ ထိုင်ငိုတော့မှာပဲ
ခုတောင်သုံးသန်းတန်ထွက်မယ်ဆိုလို့ ဝယ်မယ်သူတွေတော်တော်များတယ်
ငါးထောင်တန်ထွက်မယ်လဲဆိုရော သုံးသိန်းတန် ဝယ်မဲ့သူတွေ သိပ်စိတ်မပါတော့ဘူး

sky light said...

Gunner Star ပိန်းတာကခင်ဗျားဘဲ ဒီကိတ်စမှာမဖြစ်နိုင်ဘူးဆိုကပြည်သူတွေပေါ်မှာအမြတ်ကြီးစားချင်နေသေးတာရယ် စေတနာမပါသေးတာရယ်ကြောင့်ဘဲ ဘေးနိုင်ငံထိုင်း မလေးရှားကိုမပြောနဲ့ဦးဘင်္ဂလားဒေ့ရှ်မှာတောင်ဆင်းကဒ်တန်ဖိုးမြန်မာကျပ်၂၀၀၀မပြည့်ဘူး အိမ်နီးချင်းနိုင်ငံတွေကိုလဲကြည့်ဦးလေသူတို့ဆီမှာရောင်းလို့ရနေရင်ကိုယ့်နိုင်ငံမှာဘာလို့မရတာလဲ....

Unknown said...

မြန်မာနိုင်ငံတွင် လုပ်ငန်းများ ရေရှည်မအောင်မြင်ရခြင်းမှာ နီးစပ်ရာကုမ္ပဏီများ
လူကြီးနှင့် နီးစပ်သူများ လက်ဝါးကြီး အုပ်ထားသဖြင့် ဖြစ်ပါသည်။။အမှန်ဖြစ်သင့်
သည်မှာ နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းလုပ်သည့် ကုမ္ပဏီများနှင့် စာချုပ်
ချုပ်လုပ်ကိုင်သင့်ပါသည်။
ဦးခင်ညွန့်ကောင်းစားစဉ်က ထိုင်းနှင့်ပူးတွဲပြီး အင်တာနက်လုပ်ငန်းများ အကောင်
အထည်ဖေါ်သည်။ဦးခင်ညွန့် ထောင်သွင်းသောအခါ သူနှင့်ပါတ်သက်သည့်လုပ်
ငန်းများကို ဖျက်ဆီးလိုက်ရာ နောက်ဆုံး ပြည်သူများသာ ထိပါသည်။တိုင်းပြည်
အတွက် ဆုံးရှုံးလိုက်ရသည်။
မြန်မာနိုင်ငံတွင် စက်မှုဇုန်ကားများဆိုပြီး နီးစပ်ရာ နီးစပ်ရာများ အင်ဝိုင်းထု
သဖြင့် နောက်ဆုံး ခိုးကားများ ဇာတ်လမ်းဖြစ်ခဲ့သလို တိုးတက်မှုမရဘဲ ပြည်
သူများနစ်နာရပါသည်။။

Anonymous said...

မြန်မာနိုင်ငံမှာဖုန်းတကတ်ကို ၃ သိန်းပေး၇မယ်။ သူများနိုင်ငံမှာ ၅၀၀၀ ထက်မကျော်ဘူး။ အင်း ငါတို့အစိုး၇ တော်ပါပေတယ်။ ဖိလစ်ပိုင် မလေး၇ှားတို့ကို စင်ကာပူကနေ စာတိုက်ကနေ ငွေလွှဲလို့၇တယ်။ ငါတို့မြန်မာနိုင်ငံကို လွှဲလို့မ၇ဘူး ။ အင်း ငါတို့အစိုး၇ တော်ပါပေတယ် ။ သူတို့ လူကြီးတွေကျတော့ ပိုက်ဆံကို စင်ကာပူ ဘဏ်တွေကနေ ငွေမဲတွေ လွှဲနေကြတယ် ။ ငါတို့ကျတော့ အေးဂျင့်အလိမ် သူခိုးတွေကနေတဆင့် ငါတို့ချွေးနဲစာ ကို လွှဲကြ၇တယ် ။

kyaw said...

မဖြစ်နိုင်ဘူးဆိုပြီးပြောနေတဲ့သူတွေကိုမေးပါဦးမယ်...ဘာကြောင့်မို့မဖြစ်နိုင်တာလည်း..
သူသုံးမှာက..UMTS.စနစ်..အဲဒီစနစ်ကဘယ်လိုအလုပ်လုပ်လဲဆိုတာတော့သိမယ်
ထင်ပါတယ်ဗျာ...
ငါးထောင်တန်ဖုန်းကို.တသောင်းကဒ်နဲ့ပဲတွက်..တသောင်းခွဲ..
တကယ်လို့လုံးရေတသိန်းရောင်းရင်.သိန်းပေါင်းတသောင်းခွဲ...
အဲဒီအလုပ်မှာဝင်ပြီးတော့ရှယ်ယာဝင်ချင်တဲ့သူဘယ်နှစ်ယောက်လောက်ရှိမယ်လို့ထင်လဲ...
နိုင်ငံတကာမှာလည်း.ဖုန်းကိုပြောခပေါ်ကပဲစားကြတာ....
တကယ်လို့မြန်မာ့ဆက်သွယ်ရေးရဲ့လိုင်းထဲကိုပဲဝင်ရမယ်ထင်လား...
ငါးထောင်လောက်ပဲကုန်မယ်ဆိုရင်..လူအများစုကကိုင်ကြရင်..
မင်းတို့ရဲ့တမိနစ်၅၀တန်မြန်မာ့ဆက်သွယ်ရေးတောင်.နောက်ကျရင်သူ့လက်ဝေခံ
တောင်ဖြစ်သွားဦးမယ်..စင်ကာပူလိုပေါက်စမှာတောင်မှ.ဖုန်းလိုင်းလုပ်နေတဲ့
ကုမ္ပဏီ.သုံးခုရှိတယ်..
တကယ်လို့မြန်မာနိုင်ငံလိုမျိုးဆိုရင်လုပ်ချင်တဲ့ကောင်တွေအများကြီး....
ဂျာနယ်တွေကတော့ဆင်ဆာမတင်ပဲထုတ်လိုက်တာအခုအခြေအနေပြောင်းပေး
လိုက်ရပြီ..ဆင်ဆာတင်စရာမလိုပဲထုတ်လို့ရသွားပြီ...
UMTS..ကမြန်မာ့ဆက်သွယ်ရေးလိုင်းထဲကိုပဲဝင်ရမှာလား..
ဆက်သွယ်ရေးကငှားထားတဲ့ဂြိုလ်တုလိုင်းထဲကိုဝင်ရမှာလား....
နွားခြေရာခွက်ထဲကဖားလို့တော့အပြောမခံကြပါနဲ့ကွာ..

သုခမိန် said...

ကောင်းပါတယ်ဗျာ တန်ဖိုးကတော့ နည်းလေကောင်းလေပဲ နောက်ပိုင်းမှာ ဆက်သွယ်ခတွေ ရနေမှာပဲ လုပ်တဲ့သူတွေ မရှုံးပါဘူး

ကိုဇေလင်း said...

မျှော်လင့်စောင့်စား ပြည်သူအများ ၀မ်းနည်းဝမ်းသာ ရှိလှသာတည်း........

Raymond Ma said...

I agreed with dotehtawattithar...

aungaung said...

စိတ်ညစ်တယ် ဘာတွေမှန်းကိုမသိတော့ဘူး ကျွန်တော်ကတော့ ငါးထောင်တန် ကိုပဲအားပေးတယ် ဒါပဲ

aung san lin said...

ဘယ်သူတွေဘာပဲပြောပြော ပြည်သူတွေအတွက် အသက်သာဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ရင် ကျေးဇူးတင်ရမှာပဲ ( မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာမည်...။ )

shein said...

တစ်ယောက်ချင်းအမြင်တွေကို ဖတ်ရတာ အမြင်သစ်တွေအများကြီးရပါတယ်။
ကျွန်တော်လည်း ကိစ္စတွေအကုန်လုံးမသိနိုင်သေးတော့ ဘာပြောရမှန်းမသိသေးဘူး။
ဒါပေမယ့် မြန်မာပြည်မှာ ငါးထောင်တန်ဖုန်းတွေ တကယ်ပေါ်ပေါက်လာမယ်ဆို၊ တကယ်လုပ်နိုင်ခွင့်တွေပေးမယ်ဆို၊ တတ်နိုင်သမျှလည်း အမြန်ဆုံး အကောင်အထည်ဖော်ပေးမယ်ဆိုရင် မကြိုဆိုမယ့်သူတွေ မရှိဘူး ထင်ပါတယ်။
နစ်နာခဲ့သူတစ်ချို့ကလွဲရင်ပေါ့လေ..။

aung said...

သူများနိုင်ငံတွေမှာ ချမ်းသာတဲ့နိုင်ငံကြီး/ငယ်တွေ မဆိုလိုပါဘူး၊ မြန်မာထက်ဆင်းရဲတဲ့ နိုင်ငံတွေမှာတောင် ဒီဖုန်းကိစ္စက အတော်အဆင်ချောနေတာ ကြာလှပြီ၊ “အော် ငါတို့နိုင်ငံမှာကွယ် ” ဘာပြောရမှန်းကို မသိတော့ဘူး - စိတ်တွေ အလိုလိုနေရင်း ကျင်းကြပ်လာတယ် - အများစုက ဆင်းရဲသားတွေဆိုတော့ . . . 1213 လို့လည်း ဆိုပြန်သေးတယ် . . . အော် ခေတ်မှီနိုင်ငံတော်ကြီး ဘယ်လိုများ တည်ဆောက်နေကြတယ် - ဆက်သွယ်ရေးဥပဒေဆိုတာကလည်း အဆင်သင့်မဖြစ်သေးဘူး ဆိုပြန်တယ် - မြန်မာပြည်လိုဒေသကြီးတစ်ခုမှာ 1962နှစ်ကနေ 2010နှစ်ကုန်တဲ့အထိဗျာ မဟာကျေးဇူးတော်ရှင်စစ်အာဏာရှင်ကြီးတွေအဆက်ဆက် တိုင်းပြည်သယံဇာတတွေထဲမှာဘဲ အိပ်ပျော်နေခဲ့ကြတာလား- 1012ရောက်လာတဲ့အထိ နိုင်ငံတကာမှာကျင့်သုံးနေပြီးဖြစ်တဲ့ တိုင်းပြည်အကျိုးပြုမည့် အဘက်ဘက်သောဥပဒေ အဆင်သင့်မဖြစ်သေးဘူး (ဟိုမှာလည်း ဥပဒေအဆင်သင့်မဖြစ်သေး - ဒီမှာလည်း ဥပဒေအဆင်သင့်မဖြစ်သေး လို့ တိုင်းပြည်ဖွံ့ဖြိုးရေးဆိုင်ရာတိုင်း လိုလိုမှာ တွေ့နေရတယ်) ဆိုတာ နိုင်ငံနဲ့လူမျိုးကို တော်တော်စော်ကားရာ ရောက်တယ် - တော်တော်ပညာမဲ့တဲ့ ကျေးဇူးရှင်ကြီးတွေ။ တိုင်းပြည်သယံဇာတဆိုတာ ဘာလဲ-ဘယ်လဲတော့ မသိဘူး အဲဒီပညာရှင်ကြီးတွေလက်ထက်မှာဘဲ တိုင်းပြည်လူဦးရေ70%ကျော်က တောနေဆင်းရဲသားဖြစ်ရတဲ့အထဲ အခုသူတစ်ပါးနိုင်ငံတွေမှာ 3Dကျွန်ဘ၀ရောက်ခဲ့ရတဲ့အဖြစ် - တိုင်းပြည်ကို သမင်လည်ပြန် ပြန် လွှမ်းမိတိုင်း နှစ်50ပညာရှင်ကြီးများ အားကိုးထိုက်ပါဘိ . . . ဒီ မီဒီယာကလည်း onlineပေါ်မှာတောင် ကျော်ဆန်းလုပ်ဦးမလို့တဲ့- ပြည်သူလူထုရဲ့ရင်ဘက်ထဲက ကျော်ဆန်းလိုချင်တာတွေချည်းဘဲ မျှော်လင့်နေတာလား - ၀န်ကြီးချုပ်(အင်္ဂလန်ဝန်ကြီးချုပ် တိုနီဘလဲ)က ရဲစခန်းသွားပြီး သားတော်မောင်ရမ်းကားအတွက် အာမခံပေးခဲ့ရသကဲ့သို့ တင်ပြရဲ- ရေးသားရဲ- တောင်းဆိုရဲတဲ့အထိ မီဒီယာကို မတောင်းဆိုပါဘူး - အခုလို တတိုင်းပြည်လုံးရေးရာအတွက်တော့ ကျော်ဆန်းမလုပ်စေချင်ပါဘူး . . . ထင်တာဘဲလေ - မြန်မာဆိုတာမျိုးက ပါးစပ်ကတစ်မျိုး လက်တွေ့ကတစ်မျိုး - ရှားပါးလူမျိုး ။

salaiaung said...

ကျွန်တော်တို့နိုင်ငံဟာ တိုးတက်ဖို့ ခြေလှမ်း လှမ်းနေရပြီဆိုတော့ ဒါဟာ အင်မတန်မှ ပြည်သူတွေအတွက်လိုအပ်တဲ့ အရာတစ်ခုလို့မြင်မိတယ်...မျော်လင့်နေမှာပါ

win kyaw said...

ဘာပဲပြောကြပြောကြပေါ့ဗျာ ကျွန်တော်ကတော့ ဒီ 5000 တန် ဖုန်း ကိစ္စကို ရွှေပြည်တံခွန် ထက်တောင်မှပိုဖြစ်စေချင်သေးတယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဘာကို မဖြစ်နိုင်ဘူးပြောရတာလဲ အမြတ်ကြီးစားတာတွေလည်း တော်သင့်ပြီလို့ထင်ပါတယ် တော်ရောပေါ့ ဟိုး အစဉ်အဆက် ကတည်းက ပြည်သူတွေကို အမြတ်ကြီးစားလာတာကိုယ်လုပ်ပေးလို့မရရင်တောင်မှ ကိုယ်က မရောင်းနိုင်ရင်တောင်မှ သူများကလုပ်ပါ့မယ် လုပ်နိုင်ပါတယ်ဆိုတာတောင်မှ ဘာတွေကန့်ကွက်နေတာလဲ တည်ဆဲဥပဒေ ဆိုတာကြောင့်လား ဒီမိုကရေစီ တောင် ရပြီးနေပြီ ဥပဒေက တည်ဆဲပဲလား ဘယ်တော့မှ အတည်ဖြစ်မှာလဲ ဒါဆို ဆက်သွယ်ရေးဝန်ကြီးက ဦးနှောက်မရှိတာလား ဥာဏ်တိမ်တာလားတော့မသိဘူး စွတ်မဖြစ်နိုင်ဘူးဆိုတာကြီးပဲ တာဝါတိုင်တွေထောင်ဖို့ ပြီးတော့မြေနေရာတွေ ဂြိုလ်တုတွေ ဘာတွေညာတွေနဲ့ အကြီးကြီးတွေလျှောက်ပြော ပြည်သူတွေစိတ်ဓါတ်ပျက်ပြားအောင်လုပ် တော်တော်ဆိုးဆိုးပါပဲလား ဆက်သွယ်ရေးသူတွေ
နည်းပညာဆိုတာရော ကောင်းကောင်းသိလို့လားလို့ သူတို့တွေ ပြည်သူတွေပိုက်ဆံကို ပိုပြီးတိုးတိုးယူသလိုမျိုး သူတို့ တွေစေတနာပိုတိုးတိုးလာရမှာ အခုတော့ စနစ်သစ်နဲ့မြန်မာနိုင်ငံတော်မှာ သူတို့စေတနာတွေက ဟောင်းနွမ်းလွန်းနေတယ် ဆက်သွယ်ရေးကလူတွေနဲ့ ကာလရှည်စွါ ကျောလှည့်ပူးပေါင်းအမြတ်ကြီးစားနေကြတဲ့လူတွေရယ် ကိုယ့်တိုင်းပြည်ကို တစ်ချက်လောက်ဖြစ်ဖြစ်စောင်းငဲ့ကြည့်ကြပါ

Powered by Blogger.