ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း

7183a
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြည်ပသတင်းထောက်များ သတင်းဓါတ်ပုံ ရိုက်ကူးနေစဉ်
လွှတ်တော် တတိယပုံမှန် အစည်းအဝေးများအနက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဓိက ကျလာမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ၂၀၁၁-၂၀၁၂ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း နှင့် ၂၀၁၂-၂၀၁၃ ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးသွားမည်ဟု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများက ပြောကြားခဲ့ပါသည်။
7183
ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ကျင်းပနေပုံကို သတင်းရယူနေသည့် ပြည်တွင်း၊ ပြည်ပမီဒီယာများအား တွေ့ရစဉ်
တတိယပုံမှန် အစည်းအဝေးများ စတင်ချိန်တွင် ပြည်ထောင်စု လွှတ်တော်နာယကထံသို့ ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းသည့် ၂၀၁၁-၂၀၁၂ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ၂၀၁၂-၂၀၁၃ ပြည်ထောင်စုဘဏ္ဍာ ငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းများ ရောက်ရှိနေပြီး ထိုဥပဒေကြမ်းများသည် ပြည်ထောင်စုလွှတ်တော်၌ သာတင်သွင်းခွင့်ရှိသည့် ဥပဒေကြမ်း များဖြစ်၍ ယခုကျင်းပသည့် အစည်းအဝေးများတွင် ပြည်ထောင်စု လွှတ်တော်က အဓိကကျမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

ပြည်သူ့ဘဏ္ဍာငွေများကို နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးရေး ကဏ္ဍများတွင် စနစ်တကျ အသုံးပြုနိုင်ရန် အတွက် ရေးဆွဲတင်ပြလာမှုအပေါ် မိမိတို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကလည်း အကောင်းထဲမှ အကောင်းဆုံးဖြစ်ရန်နှင့် ပြည်သူ့ကိုယ်စား ပြည်သူများရဲ့ ဘဏ္ဍာကို မည်သို့၊ မည်ပုံ၊ မည်မျှ၊ မည်ကဲ့သို့ ခွဲဝေ အသုံးချသလဲ။ ဒီအသုံးချမှုများဟာ ပြည်သူလူထုအတွက် အကျိုး ဘယ်လောက် ဖြစ်ထွန်းနိုင်မလဲ .  .  .
“မိမိတို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဟာ ပြည်သူ့လွှတ်တော်ကျင်းပချိန်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ပေမယ့် ပြည်ထောင်စုလွှတ်တော် ကျင်းပချိန်မှာတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြပါတယ်။ ယနေ့ လွှတ်တော် အစည်းအဝေးကို ခေါ်ယူရတဲ့ အဓိကအကြောင်းကတော့ ပြီးခဲ့တဲ့ ဒုတိယပုံမှန် အစည်းအဝေးတွင် အတည်ပြုရန် ကျန်သေးသော ဥပဒေများ အတည်ပြုနိုင်ရေး၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်သွင်းမည့် ၂၀၁၁ -၂၀၁၂ခုနှစ်အတွက် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ နှင့်အမျိုးသား စီမံကိန်းဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအဖြစ် စိစစ်သုံးသပ်ပြီး အတည်ပြုရေးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ တင်ပြလာသော အဆိုများ၊ မေးခွန်းများနှင့် ဥပဒေ ကြမ်းများကို ရရှိတဲ့အချိန်ပေါ်မှာ မူတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီလ ၂၆ ရက်နေ့ တွင်ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ပါသည်။
“ပြည်ထောင်စုအစိုးရအနေဖြင့် စုဆောင်းထားသော ပြည်သူ့ဘဏ္ဍာ ငွေများကို နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးရေးကဏ္ဍများတွင် စနစ်တကျ အသုံးပြုနိုင်ရန် အတွက် ရေးဆွဲတင်ပြလာမှုအပေါ် မိမိတို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကလည်း အကောင်းထဲမှ အကောင်းဆုံးဖြစ်ရန် နှင့် ပြည်သူ့ကိုယ်စား ပြည်သူများရဲ့ ဘဏ္ဍာကို မည်သို့၊ မည်ပုံ၊ မည်မျှ၊ မည်ကဲ့သို့ ခွဲဝေအသုံးချသလဲ။ ဒီအသုံးချမှုများဟာ ပြည်သူလူထုအတွက် အကျိုးဘယ်လောက် ဖြစ်ထွန်းနိုင်မလဲ နှင့်ဖြစ်ထွန်းမှုများဖြစ်လာနိုင်တာကို စိစစ်ပြီး ထောက်ခံရမည့် အချက်များကို ထောက်ခံ၊ အကြံပြုရမည့် ကိစ္စများကိုအကြံပြု၊ ပြောင်းလဲသုံးစွဲသင့် သည်များကို ပြောင်းလဲအသုံးပြုရန် အတွက် ကြိုးစား လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်း က ဆက်လက်ပြောကြားခဲ့သည်။
ထို့အတူ ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့တွင်လည်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ယခုကျင်းပသော တတိယပုံမှန် အစည်းအဝေးများတွင် ပြည်ထောင်စုလွှတ်တော်က အဓိကကျမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အမျိုးသားစီမံကိန်းများနှင့် ပတ်သက်၍လည်းကောင်း၊ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခွင့် ဥပဒေကြမ်းနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာ ငွေ၊ ရငွေသုံးငွေ ခန့်မှန်းငွေစာရင်း နှင့်ပတ်သက်၍လည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြရန်အတွက် ပြည်ထောင်စုဝန်ကြီးများနှင့် လိုအပ်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များကိုပါ ဖိတ်ကြားသွားမည်ဟု သိရှိရပါသည်။ ထိုကဲ့သို့ ရှင်းလင်းတင်ပြရာတွင် စီမံကိန်းနှင့်ဘတ်ဂျက် ကို တစ်ဆက်တည်း တင်ပြရှင်းလင်း ကြမည်ဖြစ်ပါသည်။
ထိုကဲ့သို့ တင်ပြရာတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာသည့် အမျိုးသားစီမံကိန်းများ၊ ဘတ်ဂျက်များကို ပြည်သူလူထုလိုလားချက် နှင့် အမျိုးသားရေး လိုလားချက်အတွက် ပကတိဖြစ်ပေါ်နေသော အခြေအနေမှန်နှင့် နှိုင်းယှဉ်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊  ပြဋ္ဌာန်းထားသည့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ နေ့စဉ်အစည်းအဝေး အစီအစဉ်ကို ပြီးဆုံးအောင် ဆောင်ရွက်ရမည် ဆိုသည့် ပြဋ္ဌာန်းချက်ပါရှိကြောင်း၊ မူအရ  ညနေ ၄ နာရီဟု သတ်မှတ် ထားသော်လည်း လွှတ်တော်၏ သဘောတူညီချက်ရယူပြီး ည ၁၀ နာရီဝန်းကျင် အထိ ဖြစ်သွားနိုင်သည့် အနေအထားရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။
လွှတ်တော်တတိယပုံမှန် အစည်းအဝေးများအနက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ဇန်န၀ါရီလ ၂၆ ရက်နေ့က စတင်ကျင်းပလျက် ရှိနေပြီး လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်များဖြင့် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ဇန်န၀ါရီလ ၃၁ ရက်နေ့ တွင် ကျင်းပမည်ဖြစ်ပါသည်။
EMG
ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း Reviewed by သစ်ထူးလွင် on 20:32 Rating: 5

No comments:

Powered by Blogger.