ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန်မြို့ အတွက် ကြံ့ဖွံ့ (၆)နေရာဝင်ပြိုင်မည်

ဓါတ်ပုံ-Google Images
ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့အတွက် ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကပြောသည်။

ကော့မှုးမြို့နယ်အတွက် ဒေါက်တာ စိုးမင်း ၊ မင်္ဂလာတောင်ညွန့် မြို့နယ် အတွက် ဒေါ်လဲ့လဲ့အေး ၊ သုံးခွမြို့နယ်အတွက် ဦးအောင်ကျော်မင်း၊ လှည်းကူးမြို့နယ်အတွက် ဒေါက်တာ အောင်မြတ်သူ၊ မရမ်းကုန်းမြို့နယ်အတွက် ဦးရဲထွဋ် နှင့် ဒဂုံမြို့ သစ်ဆိပ် ကမ်းမြို့နယ်အတွက် ဦးအောင်ဝင်းတို့ကို ဝင်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌  ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကပြောသည်။
ရန်ကုန်တိုင်းမ်
ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန်မြို့ အတွက် ကြံ့ဖွံ့ (၆)နေရာဝင်ပြိုင်မည် ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန်မြို့ အတွက် ကြံ့ဖွံ့ (၆)နေရာဝင်ပြိုင်မည် Reviewed by သစ်ထူးလွင် on 07:35 Rating: 5

9 comments:

Anonymous said...

ဟာ ဝေါ့))))

Anonymous said...

တစ်ဝက် တစ်ပျက် လမ်းတွေ ဆက်ခင်းပေးမယ်လို့ မက်လုံးတွေပေးလို့ မရတော့ဘူး။ အရင်လို စည်ပင်သာယာ လုပ်ပိုင်ခွင့်တွေကုကံဖွံ့မှာ မရှိတော့ဘူး။ မစို့မပို့ ချေးငွေတွေ ထုတ်ချေးတာလည်း ခေတ်ဟောင်းမှာ ကျန်ခဲ့ပြီဆိုတာ သိထားပါ။ အရှင်းဆုံးကတော့ ပြည်သူကို လိမ်လို့မရနိုင်တော့ဘူးဆိုတာ သိထားစေချင်တယ်။ုကံဖွံ့ အပေါင်းတို့။ ။ ။

Tri Asian Taste said...

အောက်ခွေးအို ပေါ်ကခွေးခြေင်္သေ့ သဘောကြလွန်းလို့ ကျနော် ဘာဆက်ရေးရမှန်းတောင် မသိတော့ဘူး။ ဒီလောက်လက်ရာ မြှောက်တဲ့ ဓါတ်ပုံကို ဘယ်ကများရှာထားပါလိပ့်။ ဒီနှစ်အတွက် ဓါတ်ပုံဆုကို အဆိုတင်သွင်းပါတယ်။ ကိုသစ်ထူးလွင်ရေ ခင်ဗျာကိုတော့ မချီးမွမ်းဘဲ နေလို့မရတော့ဘူး

ရာရာ said...

ဟေးဟေး..ပါတီဝင်တစ်ယောက်က သူတို့ခင်းထားပါတယ်လို့ကြေငြာထားတဲ့အထိမ်းအမှတ်ကျောက်တိုင်မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဓါတ်ပုံရိုက်ခံနေပါလား...

aung san lin said...

ဟားဟားဟားးးးးးးးးးးးးးးးးးးးဘာတွေပြောပြော ကြံ့ဖွတ် အဲအဲ ကြံ့ဖွင့် ပါတီကို ထောက်ခံဖို့ အတွက် အင်းအား တစ်ကောင် ပြောရမလား တစ်ခုပြောရမလား ဘာပဲပြောပြော တစ်ဦးလို့ပြောမရတာတော့ ကျိန်းသေပဲ

Tin Maung Soe said...

master pieces

naysoe said...

ခြေင်္သေံ့ နဲ့ခွေး ကတော့လိုက်ဖက်ပါတယ်ဗျာ

philosophermgmyathar said...

အဲဒီဆိုင်းဘုတ်အခြေမှာ စဉ်းစားနေတာ ဘယ်သူမှတ်သလဲ ..သူ့နံမည်က
အောင်သိန်းလင်း တဲ့ ... မယုံရင် ခွေးပိုင်ရှင်ကို မေးကြည့် ...

Show said...

ပုံ..မိုက်တယ်ဗျာ
ပါတီကြီးကိုခွေးကစောင့်နေတာလေ
မင်းတို့ကို..သေလောက်အောင်ရှုံးစေချင်တာ
ခပ်ညံ့ညံ့ မင်းတို့ကျွေးတာစား မင်းတို့ပေးတာယူတဲ့သူတွေပဲမင်းတို့ကိုမဲပေးမှာပေါ့
လူတွေအသိဥာဏ်ရှိသင့်ပါပြီဗျာ
ဒီလောက်လိမ်နေတဲ့ကောင်တွေကို
ဒါနဲ့စကားမစပ် စွမ်းအားရှင်ဆိုတဲ့အရက်သမား
အလုပ်အကိုင်မရှိ တနေ့3000ရလို့ဝိုင်းကိုက်တတ်တဲ့ခွေးသူတောင်းစားတွေ
အစာရေစာမဝလို့လမ်းဘေးမှာပဲသေကုန်ပြီလား

Powered by Blogger.