တက္ကသိုလ်ဝင်တန်းပညာသင်ဆု (၁၄) ဦးခေါ်ယူမည်

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းပညာသင်ဆု (၁၄) ဆုကို EC ပညာ့ရိပ်သာမှခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါပညာ့ရိပ်သာမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ “ကျွန်တော်တို့ ဒီပညာသင်ဆုကို နှစ်တိုင်းပေးလာတာဖြစ်ပါတယ်။ မည်သူမဆိုလျှောက်ထားနိုင်ပါတယ်။

ရန်ကုန်ကကျောင်းသားတွေအတွက် ရန်ကုန်မှာ စာမေးပွဲစစ်ပေးပြီး နယ်ကကျောင်းသားတွေဆိုရင် EC ပညာ့ရိပ်သာက ဆရာတွေဆင်းပြီး စာမေးပွဲစစ်ပေးပါတယ်။ ပညာသင်ဆုအတွက် ၃ နာရီစာမေးပွဲ ဖြေဆိုရမှာမည်ဖြစ်ပြီး၊ မြန်မာစာ စာစီစာကုံး၊ အင်္ဂလိပ်စာ Essay,  Letter တွေကို အဓိကဖြေဆိုရမှာပါ” ဟု EC ပညာ့ရိပ်သာမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာစောလှဖြူကပြောသည်။ အဆိုပါပညာသင်ဆုကို ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် EC ပညာ့ရိပ်သာ၏ ၁၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၁၄ ဦးပေးရန်စီစဉ်ခြင်းဖြစ်ကြောင်း နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုပေးသည့် ကျောင်းသားဦးရေအား တဖြည်းဖြည်းတိုးပေးခြင်းဖြစ်သည်။ န၀မတန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူတိုင်း လျှောက်ထားနိုင်ပြီး ရေးဖြေစာမေးပွဲကို န၀မတန်းသင်ရိုးအတိုင်း မြန်မာစာ စာစီစာကုံး၊ အင်္ဂလိပ်စာ၊ သချာင်္၊ ဓာတုဗေဒ၊ ရူပဗေဒ ပါဝင်သော သုံးနာရီမေးခွန်ကို ဖြေဆိုရမည်ဖြစ်သည်။ ရေးဖြေစာမေးပွဲ အောင်မြင်သူများကို လူတွေ့၊ နှုတ်ဖြေစစ်မေးပြီး အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်း၊ နယ်မှ ကျောင်းသားကျောင်းသူများအား နီးစပ်ရာခရိုင်သို့မဟုတ် ပြည်နယ်၊ တိုင်းဒေသကြီးမြို့တော်များတွင် ရွေးချယ်ရေးစာမေးပွဲကို ကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။ ပထမအဆင့်အနေဖြင့် ရွေးချယ်ခံရသူများသည် EC ပညာ့ရိပ်သာတွင် သင်ကြားရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ စာသောက်ရေး၊ စရိတ်အား လုံးလုံးကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ရွေးချယ်ခံရသူများသည် သင်ကြားရေးစရိတ် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားလိုသူများအနေဖြင့် အမည်၊ ဖခင်အမည်၊ ကျောင်းနှင့် တန်းခွဲ၊ ဆက်သွယ်ရန်လိပ်စာ၊ ရရှိခဲ့ဖူးသောထူးချွန်ဆုများကို ဖော်ပြလျက် (၂၉-၂-၂၀၁၂) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း-၀၁-၅၄၈ ၉၄၀၊ ၀၁-၅၄၈ ၆၄၀၊ ၀၁-၅၄၅ ၃၉၄ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

 ထွန်းထွန်း (အင်တာနက်ဂျာနယ်)
တက္ကသိုလ်ဝင်တန်းပညာသင်ဆု (၁၄) ဦးခေါ်ယူမည် တက္ကသိုလ်ဝင်တန်းပညာသင်ဆု (၁၄) ဦးခေါ်ယူမည် Reviewed by သစ်ထူးလွင် on 17:50 Rating: 5

No comments:

Powered by Blogger.