တာချီလိတ်တွင် လားဟူတိုင်းရင်းသား(စုပေါင်း)နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပ

တာချီလိတ်မြို့တွင် လားဟူ တိုင်းရင်းသားရိုးရာ(စုပေါင်း)နှစ်သစ်ကူးပွဲတော်ကို ရှမ်းရိုးမကွင်းပြင်တွင် ဇန်န၀ါရီလ ၁၉ မှ ၂၁ ရက် အထိကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်သို့ တာချီလိတ်မြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာနေ လားဟူတိုင်းရင်းသား အများအပြား လာရောက်ခဲ့ပြီး အခြားတိုင်းရင်းသားများလည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ပွဲတော်တွင် ခေတ်ပေါ်တေး ဂီတစင်နှင့် လားဟူရိုးရာမြေ၀ိုင်း အတီးနှင့်အကများပါဝင်ခဲ့ပြီး ကျေး ရွာများမှ လားဟူတိုင်းရင်းသား အကများကို ကပြခဲ့ကြကြောင်း၊ ခေတ်ပေါ်တီးဝိုင်းတွင် လားဟူအဆိုတော်များအပြင် နာမည်ကြီးအဆိုတော် များလည်း ဖျော်ဖြေခဲ့ပြီး ညစဉ် တိုးမပေါက်အောင် စည်ကားခဲ့ကြောင်း၊ ပွဲတော်တွင်ကံစမ်းမဲများ၊ တိုင်းရင်းသား အ၀တ်အထည်ဆိုင်များ၊ ရိုးရာအစားအစာဆိုင်များ၊ ပျော်ရွှင်ဖွယ်ကစားနည်းများ လာရောက်ဖွင့်လှစ်သူအများအပြားရှိပြီး ရောင်းကောင်း ခဲ့ကြောင်း သိရသည်။
''ကျွန်မက နမ့်တူးရွာက လာတာပါ။ အားလုံးအယောက် ၃၀ ကျော်လာပြီး နှစ်ညအိပ်ပါတယ်။ ကျွန်မတို့တိုင်းရင်းသားပွဲတော်လည်းဖြစ်တော့ အရမ်းပျော်တယ်။ ပွဲတော်လာတဲ့သူတွေက ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ အီတန်ကားတွေနဲ့ လာကြပါတယ်။ ရွာမှာအဘိုးအဘွားတွေပဲ ကျန်တယ်။ ရွာလုံးကျွတ် လာကြတယ်။ မြေ၀ိုင်းအကမှာ ရွာတိုင်းကကြတယ်''ဟု နမ့်တူးရွာမှ မနန်းခမ်းက ပြောပြသည်။       

EMG
တာချီလိတ်တွင် လားဟူတိုင်းရင်းသား(စုပေါင်း)နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပ တာချီလိတ်တွင် လားဟူတိုင်းရင်းသား(စုပေါင်း)နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပ Reviewed by သစ်ထူးလွင် on 16:05 Rating: 5

No comments:

Powered by Blogger.