အစိုးရရာထူး ရယူရန် အလားအလာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး

(AFP သတင်းမှ 15 January 2012 ရက်စွဲပါ Suu Kyi hints at possible government role ကို ဘာသာ ပြန်ဆိုသည်)
မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကယ်၍ သူမအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် အမတ်နေရာ အနိုင်ရရှိပါက အစိုးရရာထူး ရယူခွင့်ကို မဖြစ်နိုင်ပါဟု ငြင်းဆန်မည်မဟုတ်ကြောင်း မနေ့က ပြောကြားလိုက်သည်။ အကယ်၍ ဝန်ကြီးရာထူးတစ်နေရာ ကမ်းလှမ်းလာပါက လက်ခံမည်လားဟု မေးမြန်းသောအခါ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က “အခြေအနေတွေပေါ်မှာ မူတည်ပါတယ်၊ ပြီးတော့ ဘယ်ဌာနဝန်ကြီးလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်” ဟု ပြန်လည်ပြောကြားသည်။
သတင်းထောက်က နိုင်ငံခြားရေးဝန်ကြီးရာထူးကို အကြံပြု ပြောဆိုသောအခါ သူမက ရယ်မော၍ “ဒီကိစ္စနဲ့ ပတ်သက်လို့ အများကြီး လေးလေး နက်နက် စဉ်းစားရမှာပါ” ဟု ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်အနီး မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅ဝ ခန့် စစ်ဖက်က အုပ်ချုပ်ခဲ့ခြင်းကို မနှစ်က အဆုံးသတ်ကာ အမည်ခံ အရပ်ဖက်အစိုးရက အာဏာလွှဲပြောင်း ယူခဲ့သော်လည်း အစိုးရအဖွဲ့ရာထူးများကို ယခင် ဗိုလ်ချုပ်ဟောင်းများကသာ ရယူထားကြသည်။ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် အမြင့်ဆုံးအဆင့် ပြင်သစ်သံတမန် နိုင်ငံခြားရေးဝန်ကြီး အလန်ယု(ပ်) (Alain Juppe) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု သိရှိရသည်။
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ရန် လျာထားသော ကိုယ်စားလှယ်အမတ် စုစုပေါင်း ၄၈ နေရာတွင် အောက်လွှတ်တော်မှနေရာ ၄ဝ၊ အထက်လွှတ်တော်မှ ၆ နေရာနှင့် ဒေသကြီးလွှတ်တော်များမှ ၂ နေရာတို့ ပါဝင်သည်ဟု သိရသည်။ မနှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံရပြီးနောက် အစိုးရအဖွဲ့တွင် ဝန်ကြီး၊ ဒုတိယဝန်ကြီး ဖြစ်သွားသူများ၏ လစ်လပ်နေရာများကို ဖြည့်တင်းရန် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း ဖြစ်သည်။ သို့သော် ယခုလျာထားသော အမတ်နေရာ အရေအတွက်သည် အာဏာရပါတီ၏ လူအများစုအင်အားကို ခြိမ်းခြောက်ရန် လုံလောက်ဦးမည် မဟုတ်ပေ။
နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် သမ္မတဦးသိန်းစိန် အပါအဝင် ဗိုလ်ချုပ်ဟောင်းများနှင့် သူမအကြား ဟိုးလေး တကျော် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ထွက်လာကာ အစိုးရနှင့် အတိုက်အခံ အုပ်စုအကြား ဆက်ဆံရေး သိသိသာသာ နွေးထွေးလာခဲ့သည်။
 yangon chronicle
***************************************************************************
အစိုးရရာထူး ရယူရန် အလားအလာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး အစိုးရရာထူး ရယူရန် အလားအလာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး Reviewed by သစ်ထူးလွင် on 08:55 Rating: 5

3 comments:

kyawtan said...

ဒါလိုချင်လို့ဒါလုပ်ကြတာဘဲလေ။ မြန်မြန်ရာထူးယူပြီး ကိုယ့်ကြောင့်ကိုယ် ဒီလိုနေရာ ရဖို့အနစ်နာခံငတ်ပြတ်နေရတဲ့ပြည်သူတွေကိုဆင်းရဲတွင်းထဲကပြန် ဆည်ပါတော့။
ဘယ်သူကဘယ်သူ့အတွက်အနစ်နာခံနေရသလဲ။ဘယ်သူကဘယ်သူ့ကိုကျေးဇူးတင်သင့်သလဲ။ စဉ်းစားကြပါ။

Anonymous said...

ကျော်တန် ရူးနေလားကွာ

Anonymous said...

မောင်kyawtanရာ ပြောလိုက်မှဖြင့် အနှောင့်မလွတ်အသွားမလွတ်
အဲသလောက်လွယ်မလားဟ မင်းပြောချင်တာကိုနားလည်ပါတယ်
ဖြေးဖြေးပေါ့ လောလှချည်လားမောင်ရာ။။
မင်းကိုယ်တိုင်လည်းပါဝင်လုပ်ဆောင်ရမှာဘဲ အားကပြည်သူထဲမှာရှိတယ်လို့
အမေစု ပြောပြီးပြီလေ။။

Powered by Blogger.