မီးလောင်ပေါက်ကွဲခဲ့သော နေရာတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများထပ်မံတွေ့ ရှိ

ပေါက်ကွဲစေတတ် သော ယမ်းစိမ်းနှင့် အခြားပစ္စည်းအိတ် ၂၀ ခန့်ကို ဇန်နဝါရီ ၅ရက်က မင်္ဂလာတောင် ညွန့်ကူးတို့ ဆိပ်ရပ်ကွက်တွင် ထပ်မံတွေ့ ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ''ယမ်းစိမ်း၊ ဆေးဒန်းနဲ့  တခြား ပစ္စည်းတွေပါ။ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာ အောက်မှာပဲ တစ်နေကုန်ရှာရင်းဖွေရင်းနဲ့ မီးသတ်ဝန်ထမ်းတွေက တွေ့ရှိခဲ့တာ။ အခု အဲဒီပစ္စည်းတွေကို ရေနဲ့ဖျက်ဆီးလိုက်ပါ ပြီ'' ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

၂၀၁၁ခုနှစ် ဒီဇင်ဘာ ၂၉ရက် က ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းပေါက် ကွဲမှုသည် မေတ္တာမွန်ဂိုဒေါင်အုပ်စုရှိ တီဗွီ၊ အီးဗွီဒီ၊ ဒီဗွီဒီစက်များ ထားရှိသည့် ဂိုဒေါင် အမှတ် ၈ဝမှ မီးလောင်ကျွမ်းပြီး ပရဆေး များထားရှိသည့် ဂိုဒေါင်အမှတ် ၇၉သို့ မီး ကူးစက်လောင်ကျွမ်းခဲ့ကာ ပရဆေးဂိုဒေါင် အတွင်းရှိသော ဇဝက်သာအိတ် ၄၀၀၊ ဆေး ဒန်းအိတ် ၄၀၀၊ ဗမာယမ်းစိမ်းတစ်အိတ် လျှင် ပိဿာ ၅ဝရှိ အိတ်၂၀၊ ဘုမ္မာရာဇာ အိတ် ၅၀၊ သိန္ဓောအိတ် ၂၀၀၊ ဆားပုပ် အိတ် ၂၀၀၊ အလိုကျူအိတ် ၁၀၀၊ ထိန်ပွင့် အိတ် ၃၀ လက်ခြားအိတ် ၁၀၀၊ နံသာဆီ အိတ် ၅၀၊ နွယ်ချိုအိတ်၁၀၀၊ ပန်းဝတ်ဆံ အိတ် ၆ဝတို့ရှိရာ ၄င်းပရဆေးအိတ်များကို မီး လောင်ကျွမ်းပြီး ဓာတ်ပြုပေါက်ကွဲခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများမှ သိ ရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍သက် ဆိုင်ရာ ဂိုဒေါင်ပိုင်ရှင် နှစ်ဦးကို ပေါ့လျော့မှု၊ ပေါက်ကွဲမှု၊ အပြင်းအထန်နာကျင်စေမှု၊ မီးလောင်မှု စသည့်ပုဒ်မလေးခုဖြင့် အမှုဖွင့် ကာ မင်္ဂလာတောင်ညွန့်ရဲစခန်းမှ စစ်ဆေး လျက်ရှိသည်။''ဥပဒေအရ အရေးယူဆောင် ရွက်မှုတွေ ပြုလုပ်သွားမှာပါ။ သူတို့နှစ်ဦး ကို မင်္ဂလာတောင်ညွန့် ရဲစခန်းအပြင် အခြား သက်ဆိုင်ရာ ဌာနတွေကလဲ စစ်ဆေးနေပါတယ်'' ဟု ရန်ကုန်တိုင်း ရဲရုံးမှ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်းမ်
မီးလောင်ပေါက်ကွဲခဲ့သော နေရာတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများထပ်မံတွေ့ ရှိ မီးလောင်ပေါက်ကွဲခဲ့သော နေရာတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများထပ်မံတွေ့ ရှိ Reviewed by သစ်ထူးလွင် on 09:04 Rating: 5

No comments:

Powered by Blogger.