နိုင်ငံ​တော်သံဃမဟာနာယက ​ရွှေဝါ​ရောင်သံဃာ​တော်များ​ကိစ္စ ကြား​ဝင်​ဖြေရှင်း

ရွှေဝါ​ရောင်​ တော်လှန်​ရေး​မှာ ဖမ်း​ဆီး​ ထိန်း​သိမ်း​ခံခဲ့​ရပြီး​ အခုလ ၁၃ ရက်​နေ့​မှာ ပြန်လွတ်လာကြတဲ့​ သံဃာငါး​ပါး​ကို ပိတ်ထား​တဲ့​ ​ကျောင်း​တွေမှာ ဝင်​ရောက် သီတင်း​သုံး​တဲ့​ အ​ပေါ် ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က တရား​စွဲဆိုတဲ့​ကိစ္စကို နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က ကြား​ဝင်​ဖြေရှင်း​ပေး​လိုက်တဲ့​အတွက် တရား​စွဲဆိုမှုကို ပြန်လည်ရုပ်သိမ်း​သွား​ပါတယ်။
သံဃာငါး​ပါး​က ​တော့​ မဂ္ဂင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ သံဃာတပ်​ပေါင်း​စု ​ခေါင်း​ဆောင် အရှင်ဂမ္ဘီရနဲ့​ ​ဂျောင်း​ဂျောင်း​လို့​ လူသိများ​တဲ့​ ဦး​ဣဿရိယ၊​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် ​ရွှေ​တောင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ ဆရာ​တော် ဦး​ပဏ္ဍဝံသ၊​ ​ခြောက်ထပ်ကြီး​ သာသနာ့​ဂုဏ်ရည် ​ကျောင်း​က ဦး​ဝိသုဒ္ဓ၊​ သံလျင်​ဗောဓိ​ကျောင်း​ ဆရာ​တော် ဦး​ပညာသီဟ တို့​ ဖြစ်ပါတယ်။
ရွှေဝါ​ရောင်​ တော်လှန်​ရေး​အပြီး​ ချိတ်ပိတ်တဲ့​ ဘုန်း​ကြီး​ကျောင်း​တွေကို ​ထောင်က​နေ လွတ်​မြောက်လာတဲ့​ သံဃာ​တွေက ကိုယ့်​ကျောင်း​ ကိုယ်ပြန်သီတင်း​သုံး​တာကို တရား​စွဲဖို့​လုပ်တာပါ။
ဒါ​ကြောင့်​ နိုင်ငံ​တော် သံဃမဟာနာယက ဆရာ​တော်​တွေက အဲဒီ့​ သံဃာ​တွေကို နိုင်ငံ​တော်သံဃမဟာနာယကရုံး​ကို ဒီက​နေ့​ ​ခေါ်ယူ​မေး​မြန်း​ ဩဝါဒ ​ပေး​တဲ့​အတွက် ​ပြေလည်ခဲ့​ပါတယ်။
ဒီက​နေ့​ နိုင်ငံ​တော်သံဃမဟာနာယက ဆရာ​တော်​တွေထံကို ကြွခဲ့​တဲ့​ ဦး​ပဏ္ဍဝံသက အစိုး​ရက တရား​စွဲတာ ပြန်ရုပ်သိမ်း​တဲ့​အပြင် ​ကျောင်း​ဖွင့်​ပွဲကို နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​က ဦး​စီး​ကျင်း​ပ​ပေး​မယ် ဆိုတာကိုပါ သ​ဘောတူညီချက်ရခဲ့​တယ်လို့​ ခုလို မိန့်​ကြား​ပါတယ်။
“နိုင်ငံ​ တော်ဗဟို သံဃနာယက ဥက္ကဋ္ဌ ဆရာ​တော်ကြီး​ကိုယ်တိုင်က ပါတယ်။ မင်း​တို့​ဒီလိုလုပ်ရမှာ မဟုတ်ဘူး​။ အခုပဲ လွတ်တယ်။ အခုပဲ ​ထောင်ထဲပြန်ထည့်​တယ် ဆိုရင် တိုင်း​ပြည် သိက္ခာကျတယ်။ သံဃာ​တော်​တွေကိစ္စ ငါတို့​ သံဃမဟာနာယက က တာဝန်ယူ ​ဖြေရှင်း​ပေး​မယ်ဆိုပြီး​တော့​ ဦး​ဇင်း​တို့​ကို ​ခေါ်​မေး​တယ်။ ဆုံး​မဩဝါဒ​ပေး​တယ်။ ​နောက်ပြီး​တော့​ လိုအပ်တာ​တွေကို ​ဆောင်ရွက်​ပေး​တယ်။ ဦး​ဇင်း​တို့​လည်း​ အဲဒါ​တွေကို ​သေချာနား​ထောင်ပြီး​တော့​ ကိုယ်​မေး​စရာရှိတာ​တွေကို ​မေး​တယ်။ ​မေး​ပြီး​တော့​မှ နှစ်ဖက်သ​ဘောတူ၊​ မဟာသံဃမဟာနာယက က ချမှတ်ထား​တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​အတိုင်း​ လိုက်နာ​နေထိုင် ကျင့်​သုံး​ပါမယ်ဆိုပြီး​ ဒီ​ကျောင်း​တွေကို ဦး​ဇင်း​တို့​လက်ထဲ​တွေကို တရား​ဝင်ပြန်ချ​ပေး​မယ်ဆိုတာကို သူတို့​ဆီက ကတိရခဲ့​တယ်။ အဲ့​လို သ​ဘောတူညီပြီး​ ပြန်လာတာပဲ။ ”
ခေါ်ယူခံရတဲ့​ သံဃာငါး​ပါး​အနက် အရှင်ဂမ္ဘီရ၊​ အရှင်ဦး​ဣဿရိယနဲ့
ဦး​ဝိသုဒ္ဒတို့​က ခရီး​လွန်​နေတဲ့​အတွက် ဒီက​နေ့​ ဦး​ပဏ္ဍဝံသနဲ့​ ဦး​ပညာစာရ ၂ ပါး​ပဲ သွား​ရောက် ဩဝါဒခံယူပါတယ်။
နိုင်ငံ​တော် သံဃမဟာနာယကရဲ့​ ခုလို ​ဆောင်ရွက်ချက်အ​ပေါ် ဝမ်း​မြောက်မိတယ်လို့​ ဦး​ပဏ္ဍဝံသက မိန့်​ကြား​သွား​ပါတယ်။
“ဦး​ဇင်း​တို့ ​ လိုချင်တာက အဲဒါပဲ​လေ။ လွန်ခဲ့​တဲ့​ အနှစ် ၂၀ ​လောက်က ​ပျောက်သွား​တဲ့​ သံဃနာယက အဖွဲ့​အစည်း​က သံဃာဘက်က ရပ်တည်မှု မရှိဘဲနဲ့​ နှစ်​ပေါင်း​ ၂၀ ​လောက် ငုတ်​နေပြီး​တော့​ အစိုး​ရဘက်မှာပဲ ဖြစ်​နေတာကိုး​။ အခု​တော့​ အဲဒီလို မဟုတ်ဘဲနဲ့​ ပြည်သူ​တွေဘက်က​ရော၊​ သံဃာ​တော်​တွေဘက်က​ရော မား​မား​မတ်မတ် ရပ်တည်တဲ့​ အ​နေအထား​လေး​ပေါ့​နော်။ အစ​လေး​ ​တွေ့​တဲ့​အခါကျ​တော့​ နည်း​နည်း​ ဝမ်း​သာတာ​ပေါ့​။ ​ကျေလည်း​ကျေနပ်တာ​ပေါ့​နော်။ ဒီထက်မက အကုန်လုံး​ အစအဆုံး​ ဒီ အ​ခြေခံ သံဃစည်း​မျဉ်း​ စည်း​ကမ်း​တွေအတိုင်း​ ဆရာ​တော်ကြီး​တွေက​နေပြီး​တော့​ ​ရှေ့​က​နေ မား​မား​မတ်မတ် ဓမ္မစက်က ​ရှေ့​သွား​၊​ အာဏာစက်က ​နောက်ကလိုက် ပုံစံကို မား​မား​မတ်မတ် ရပ်တည်​ပေး​မယ် ဆိုရင်​တော့​ ခြွင်း​ချက်မရှိ အလွန်ပဲ ရာခိုင်နှုန်း​ပြည့်​ ဝမ်း​သာရမှာပဲ။”
မကြာခင်မှာပဲ ဒီကိစ္စကို နိုင်ငံ​တော်သံဃမဟာနာယက က အများ​ပြည်သူသိ​အောင် စာထုတ်မယ်လို့​ ဆရာ​တော်က မိန့်​သွား​ပါတယ်။ 
အေးနိုင် (ဒီဗွီဘီ)
နိုင်ငံ​တော်သံဃမဟာနာယက ​ရွှေဝါ​ရောင်သံဃာ​တော်များ​ကိစ္စ ကြား​ဝင်​ဖြေရှင်း​ နိုင်ငံ​တော်သံဃမဟာနာယက ​ရွှေဝါ​ရောင်သံဃာ​တော်များ​ကိစ္စ ကြား​ဝင်​ဖြေရှင်း​ Reviewed by သစ်ထူးလွင် on 20:27 Rating: 5

6 comments:

Anonymous said...

မပြောချင်ဘူး င၇ဲကြီးမယ် တခုခုပဲ

AKT2008 said...

ဒီသတင်းက ကျနော်တို့ဗုဒ္ဓဘာသာနိုင်ငံတော်သံဃမဟာနာယက အဖွဲ့က အကောင်းဆုံးဆောင်ရွက်ခဲ့တယ်လို မြင်မိပါတယ်..တကယ်ကြားရတာ ၀မ်းသာစရာပါပဲ...။

အမြင့်စံ said...

အခု ထောင်ထဲကလွတ်တယ် အခုထောင်ထဲ ပြန်ထည့်တယ်ဆိုရင် တိုင်းပြည်သိက္ခာကျတယ်ဆိုတော့ နဲနဲကြာရင် ထည့်ချင်ထည့်ဆိုတဲ့သဘောလား ဘုရား။ ကျောင်းတိုက်တွေကကော မဟန ပိုင် လုပ်များလုပ်နေမလား

AUSTIN said...

ကျေးဇူးကြီးလှပါတယ်ဘုရား..နတ်လူသာဓုခေါ်ပါတယ်ဘုရား.....
သာဓု..သာဓု...သာဓု...

အကြင်နာမိုး said...

ဒီလိုပဲ ဖြစ်ရမယ်၊ သာသနာနဲ့ ပတ်သက်လာရင် သံဃမဟာနာယက ရှိနေတာပဲ အာဏာပိုင်များ ထင်သလို မလုပ်နိုင်အောင် သံဃာ့များရှေ့ကနေ ရပ်တည်ပြီး အမှန်အတိုင်း ဖြေရှင်းပေးနိုင်တာကို ကြိုဆိုပါတယ်၊ ဦးပဏ် ပြောတာ မှန်တယ်၊ အနှစ် ၂၀ ကျော်လောက် ပျောက်ဆုံးနေတဲ့ လုပ်ရပ်မှန်လေး ပြန်ပေါ်လာပြီ။ စည်းကမ်းအတိုင်းနဲ့ အမှန်အတိုင်းသာ ဆုံးဖြတ် အားလုံး လိုက်နာဖို့ ဝန်မလေးကြပါဘူး၊ လေးစားမှုများပါ တိုးလာမှာပါ၊

yein said...

ဝမ်းသာစရာ....ကြားရတဲ့သတင်းက....ဒီလိုဆိုတော့လဲ
အတိုင်းထက်အလွန်ကောင်း....

Powered by Blogger.