NLD ပါတီ၏ ပညာရေးရန်ပုံငွေပွဲတော် ပြုလုပ်မည့်နေရာ ပြောင်းရွှေ့လိုက်ရ ထူးထူးခြားခြား IC အဖွဲ့ ပါ ပါဝင်လာ

ပြန်လည်ပြုလုပ်ခွင့်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်း ပွဲတော် ပြုလုပ်မည့်နေရာကို ပြောင်းရွှေ့လိုက်ရပြီဖြစ်ကြောင်း NLD မှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးက  ပြောကြားသည်။
အဆိုပါပွဲကို သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာ ၁၅ရက်နေ့၌ပြုလုပ်မည်ဖြစ်သော်လည်း သက်ဆိုင်ရမှ ခွင့်မပြုသဖြင့် ယင်းအစီစဉ်ကို ဖျက်သိမ်း လိုက်ရကြောင်း ပွဲစီစဉ်သူထဲတွင်ပါဝင်သူ ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“သုဝဏ္ဏကွင်းမှာ အန်ကယ်တို့ ပွဲလုပ်မယ်ဆိုတော့ ဥပဒေကထပ်ထုတ်လိုက်တယ်။ ဘယ်အားကစားကွင်းမှ အားကစားပွဲကလွဲရင် ဘာပွဲမှ မလုပ်ရတော့ဘူးတဲ့” ဟု NLD မှ ဦးဝင်းထိန်က ပြောကြားသည်။
ယင်းပွဲကို MCC Hall တွင် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း ပြုလုပ်သွားနိုင်ရန် စီစဉ်နေကြောင်း၊ ပြုလုပ်မည့်ရက် အတိအကျကို မသတ်မှတ်ရ သေးကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
၎င်းအပြင် ဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော် IC တေးဂီတအဖွဲ့ကလည်း ဖျော်ဖြေပြီး ရန်ပုံငွေများကို ရှာဖွေပေးသွားမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောဆိုသည်။
NLD ပါတီသည် ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်လိုက်ချိန်တွင် လိုအပ်လာသည် ရန်ပုံငွေများကို ရှာဖွေပေးနိုင်မည့် ရန်ပုံငွေ ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ယင်းပွဲပြုလုပ်မည့်နေရာကို ရရှိထားပြီးဖြစ်သော်လည်း ပွဲခွင့်ပြုမိတ်ကို ခရိုင်အဆင့်မှရရှိထားပြီး တိုင်းအဆင့်မှ ခွင့်ပြုချက်ရရှိရန် ဆက်လက်ကြိုးစား နေကြောင်း သိရသည်။
လက်ရှိ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေချိန်တွင် အာဏာရှင်အစိုးရလက်ထက်က ပြုလုပ်လေ့ရှိသော အထက်ပါ နှောက်ယှက်မှုမျိုးကို ပြုလုပ်မှုများ ပြန်လည်ပေါ်ပေါက်လားကြောင်း ၈၈မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ နာမည်ကျော် တရားဟောဆရာတော်နှစ်ပါးကိုလည်း နိုင်ငံရေး၌ ပါဝင်ပတ်သက်ခဲ့မှုကြောင့် နည်းအမျိုးမျိုးဖြစ်နှောက်ယှက်မှုများ ပြန်လည် လုပ်ဆောင်နေကြောင်း Peace Press သတင်းအရ သိရသည်။
 By: သစ်ထူးလွင်
NLD ပါတီ၏ ပညာရေးရန်ပုံငွေပွဲတော် ပြုလုပ်မည့်နေရာ ပြောင်းရွှေ့လိုက်ရ ထူးထူးခြားခြား IC အဖွဲ့ ပါ ပါဝင်လာ NLD ပါတီ၏ ပညာရေးရန်ပုံငွေပွဲတော် ပြုလုပ်မည့်နေရာ ပြောင်းရွှေ့လိုက်ရ ထူးထူးခြားခြား IC အဖွဲ့ ပါ ပါဝင်လာ Reviewed by သစ်ထူးလွင် on 00:04 Rating: 5

3 comments:

burma said...

Iron Cross ပါလာပြီဆိုတော့ အနုပညာရှင်အဆိုတော်တွေ အားလုံးပြီးပြည့်စုံသွားပါပြီ ဒီရန်ပုံငွေ ပွဲက သမိုင်းတင်မယ့် ပွဲတစ်ပွဲပါပဲ...အားလုံး အားလုံးသော အဆိုတော်တွေပါဝင်လာလို့ပါ......အမေစုရဲ့စီစဉ်မှုအောက်မှာ အနုပညာရှင်တွေ အမြဲရှိနေမှာပါ....

tommy said...

ပွဲလုပ်မယ်ဆိုတော့ ဥပဒေကထပ်ထုတ်လိုက်တယ်။ ဘယ်အားကစားကွင်းမှ အားကစားပွဲကလွဲရင် ဘာပွဲမှ မလုပ်ရတော့ဘူးတဲ့” NLD လုပ်မယ်ဆိုတော့မှဒီဥပဒေထုတ်လိုက်တယ်ဆိုတော့ နည်းနည်းတော့ထူဆန်းသလိုပဲ ...

soeminhtunn1 said...

အားလုံးကတော့မဖြစ်ခင်စည်းရုံးကြမှာလား စစ်ခွေးဘီလူးတွေဘောင်လွတ်ဥပဒေတွေထုတ် ထုတ်မရတော့ တုတ်စွဲဓါးစွဲလူသတ်လက်နက်ကိုင်ပစ်တော့မှ မပြေးကြနဲ့ ရည်ရွယ်ချက်နဲ့ယုံကြည်ချက်ကို အမြဲလက်တွဲခိုင်မြဲတက်လှန်းကြဖို့စည်းလုံးစေချင်ပါတယ်...
ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိပေါ့ဗျာ...

Powered by Blogger.