အပြင်းထန် ဆုံးပေါက်ကွဲမီးလောင်မှုအတွင်း လူ ၄၁ ဦးပျောက် ဆုံးနေဆဲ ဗုံးထောင် ဖောက်ခွဲတာ လို့  မှုခင်းရဲ တပ်ဖွဲ့ မှ ယူဆ


ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကုတို့ဆိပ် ရပ်ကွက်ရှိ မေတ္တာမွန် ဂိုဒေါင်ဝင်း အတွင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ အချိန်၌ အပြင်းထန် ဆုံးပေါက် ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဂို ဒေါင်ဝင်း အနီး နေထိုင်သူ ၁၁ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး တို့ သေဆုံးခဲ့ကြောင်း သိရ သည်။
ဖြစ်ပွားပုံမှာ အဆိုပါနေ့ နံနက် ၁ နာရီ ၄ဝ မိနစ် အချိန်ခန့်၌ ကုတို့ဆိပ် ရပ်ကွက် အတွင်းရှိ မေတ္တာမွန် ဂိုဒေါင်ဝင်း အတွင်း မီးလောင်မှုဖြစ် ပွားရာ ပတ်ဝန်းကျင် တွင် နေထိုင် သူများက ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနသို့ အကြောင်းကြား ခဲ့ကြောင်း၊ မီးသတ်ဦးစီးဌာနမှ မီး သတ်ယာဉ် ၃ စီးဖြင့် အဆိုပါ နေရာ သို့ ရောက်ရှိ မီးငြှိမ်းသတ်စဉ် နံနက် ၁ နာရီ ၅၅ မိနစ်အချိန်၌ တိုင်းရင်း ပရဆေးများ သိုလှောင်ထားသော ဂိုဒေါင် အမှတ်(၇၉)မှ စတင်၍ ပေါက်ကွဲခဲ့ပြီး နံနက် ၂ နာရီ အချိန်၌ ဒုတိယ အကြိမ် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ထိုသို့ ပေါက်ကွဲမီးလောင်မှု ကြောင့် လူနေအိမ်ခြေ ၁၂ လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဖြိုး စေတနာ အခမဲ့ ဆေးခန်းတစ်ခါန်း၊ ဝန်ထမ်း တန်းလျားနှစ်ခုတို့ ပြိုကျ ပျက်စီးခဲ့ပြီး ပစ္စည်းများ သိုလှောင် ထားသည့် ဂိုဒေါင် ၁၇ လုံးနှင့် မီးသတ်ယာဉ် ၃ စီး မီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။
ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ရရှိ သောစာရင်း များအရ အဆိုပါ ပေါက်ကွဲ မီးလောင်မှုကြောင့် သေဆုံးသူ ကျား ၁၁ ဦးနှင့် မ ၅ ဦး၊ ဒဏ်ရာ ရသူ ကျား ၆၂ ဦးနှင့် မ ၁၇ ဦး ရှိကြောင်း၊ ၄င်းအပြင် ကျား ၂၆ ဦးနှင့် မ ၁၅ ဦးတို့မှာ ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။
ထိုပေါက်ကွဲမှုကြောင့် အိမ်ထောင်စု ၁၉၂ စုမှ လူဦးရေ ၉၂၆ ဦးမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာမှ ကုတို့ဆိပ် ရပ်ကွက်ရှိ မဟာဝိဇရကျောင်း၌ ကယ် ဆယ် ရေးစခန်း ဖွင့်ကာ ကူညီစောင့်ရှောက် ထားကြောင်း သိရသည်။
”ဒီလို ပေါက်ကွဲမှုမျိုးကို အရင် က ရန်ကုန်မြို့မှာ တစ်ခါမှ မတွေ့ဖူးဘူး။ အဓိက အခုလို လူအသေ အပျောက်နဲ့ ပျက်စီးမှု များသွားရ တာကမီးလောင်မှုကြောင့် မဟုတ် ဘဲ ပေါက်ကွဲမှုကြောင့် အဓိက အခုလို ဖြစ်သွားရတာ။ လောလောဆယ် ပေါက်ကွဲတဲ့ အကြောင်းရင်းကိုတော့ ရှာနေတုန်းပဲ။ တွေ့ရှိတဲ့ အနေအထား အရတော့ ဖြစ်နိုင် တာက နှစ်ခုရှိတယ်။ တစ်ခုက ပရဆေးတွေ ဓာတ်ပြုပြီး မီးလောင်နေတဲ့ အချိန်မှာ ရေနဲ့ထိပြီး ပေါက်ကွဲသွားတာရယ်၊ ဗုံးထောင် ဖောက်ခွဲတာရယ်။ ဒီအထဲ မှာမှ ဖြစ်နိုင်ခြေ အများဆုံးက ဗုံး ကြောင့် ပေါက်ကွဲတာ အများဆုံးဖြစ် နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဂိုဒေါင်ရဲ့အောက်ခြေ မြေပြင်မှာ အနက် ၁ဝ ပေ၊ အကျယ် ၁၅ ပေ လောက်ရှိတဲ့ တွင်းကြီးတစ်ခု ကျန် ခဲ့တဲ့အပြင် ဂိုဒေါင်စောင့်တဲ့ လုံခြုံ ရေးတွေကို စစ်ဆေးချက် အရ ဒီဂို ဒေါင်ဝင်း အတွင်းမှာ လွန်ခဲ့တဲ့ ၃ ရက်လောက် ကစပြီး အခုဖြစ်ပွား တဲ့ အချိန်အထိ လူငယ် ၅ ဦး လာ ရောက် နေထိုင်ပြိး ချက်ပြုတ်စား သောက်ကြတယ်လို့ သိရတယ်။ အခု အဲဒီ လူငယ် ၅ ဦးကိုလည်း လိုက်ရှာနေပါတယ်” ဟု မှုခင်းရဲ တပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိကြီး တစ်ဦးက ပြောသည်။
သူရထွန်း
ပေါ်ပျူလာဂျာနယ်
အပြင်းထန် ဆုံးပေါက်ကွဲမီးလောင်မှုအတွင်း လူ ၄၁ ဦးပျောက် ဆုံးနေဆဲ ဗုံးထောင် ဖောက်ခွဲတာ လို့  မှုခင်းရဲ တပ်ဖွဲ့ မှ ယူဆ အပြင်းထန် ဆုံးပေါက်ကွဲမီးလောင်မှုအတွင်း လူ ၄၁ ဦးပျောက်  ဆုံးနေဆဲ  ဗုံးထောင် ဖောက်ခွဲတာ လို့  မှုခင်းရဲ တပ်ဖွဲ့ မှ ယူဆ Reviewed by သစ်ထူးလွင် on 13:53 Rating: 5

21 comments:

shwewarmuimui said...

ဟား--ဒါအရမ်းရက်စက်လွန်းရာကျပါတယ်။ကိုယ့်မိသားစုတစ်ယောက်ယောက်
သာပါခဲ့ရင်-------တော်တော်ကြေကွဲစ၇ာကောင်းပါတယ်။မလုပ်သင့်ပါဘူး။
ဖမ်းမိရင်သေဒါဏ်အပြစ်မှလွှဲပြီးဘာမှပေးစရာမရှိပါဘူး။ရက်စက်လွန်းလို့ပါ။

SM said...

အဲ့လိုဗုံးဖောက်ခွဲတာလို့အများဆုံးလို့ပြော၇င် အဲ့ဒီမှာ လုံခြုံေ၇းဝန်ထမ်းလည်း ၇ှိတာဘဲ အဲဒီလူငယ် (5) ယောက်ေ၇ာက်လာကတည်းက တာဝန်ကျမဟုတ်ဘဲ လက်ခံထားတာ ဘာကြောင့်လည်း လူတွေဒုက္ခေ၇ာက်ကြ၇တယ် ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်ကြ၇တယ် အဲ့ဒီဂိုဒေါင် တာဝန်ခံနဲ့ အမျာားကြီးသက်ဆိုင်တယ်လို့ထင်ပါတယ်

SM said...

ဂိုဒေါင်တာဝန်ခံထက် ဂိုဒေါင်ပိုင်၇ှုင်ပေါ့
ဟုတ်တယ်ဆို၇င် လန်ကျုပ်သတင်းမဟုတ်ဘဲ တိကျမှန်ကန်တဲ့ သတင်းလေး ဖြစ်စေချင်မိပါတယ်

Anonymous said...

အက်ဆစ် ကြောင့်မဟုတ်ဘူးဆိုပြီး သက်သေပြချင်တာနဲ့ ဝိသမလောဘသမားတွေကာကွယ်ချင်တာနဲ့ ဓါးစာခံ ရှာတာဖြစ်နေမယ်။. အမှန်တရားအတိုင်းဖြစ်ပါစေ

Bravo said...

ထင်ရာလျှောက် လက်ညှိုးထိုးပြီး ဒါမဟုတ်ဒါ ပြောမဲ့အစား သေသေချာချာစစ်ဆေးပေးပါ။ ပညာတတ်များကိုအားကိုးပါ။ ဓါတုပညာရှင်များနဲ့ စစ်ဆေးပါ။

ဇာနည် said...

သတင်းအမှားတွေမရေးပါနဲ့ အခုရေးထားတဲ့ သတင်းကမှားနေတယ် ဘာမှတိုင်းရင်းဆေး ဂိုဒေါင်မဟုတ်ဘူး အမှန်တိုင်းပဲရေးပါ ပြည်သူတွေကို မလိမ်ပါနဲ့ သတင်းအမှန်ကို အားလုံးကသိချင်နေတာ

LS said...

ရင်ထဲမှာနာကျင်ခံစား ပြီး စိတ်မကောင်းဖြစ်မိပါတယ်...ဗုံးထောင်တာဆိုရင်တော့ အပြစ်မဲ့တဲ့ လူတွေ ညသန်းခေါင် မှာ ဘာမှန်းညာမှန်းမသိ သေကြေ ထိခိုက်ကြရတာ...လူမဆန်ပြီး ရက်စက်လွန်းပါတယ်...လောကကြီးက အပြစ်မပေးခင် ကိုယ်တိုင်လက်နဲ့ အပြစ်ပေးချင်ပါတယ်...

Anonymous said...

အေ၇ာင်တစ်မျိုးမျိုးကိုပြောင်းတော့မယ်ဆို၇င်...ပြည်သူကိုသေစေနိင်တဲ့သွေးေ၇ာင်ကိုမသုံးကြပါနဲ့...လူစိတ်လေးတွေမွေးပြီးလူလိုကျင့်ကြပါ...ဘယ်အ၇ာမှမမြဲဘူးနော်...(မှတ်ချက်-အာရုံပြောင်းသူများသိစေရန်)

အိုးဝေ said...

ရိုးရိုးလေးစဉ်းစား။မီးလောင်ပြီးမှ ပေါက်ကွဲတာ။ပေါက်ကွဲပြီး မှ မီးလောင်တာမဟုတ်ဘူး။ဖောက်ခွဲရေးသမားက ကိုယ်တိုင်ဆိုပါစို့။ညကြီး 2နာရီကြီးမှ ဂိုဒေါင်ကြီးတော့ သွားခွဲမနေဘူး။စဉ်းစားတာလဲ မြင့်လှချည်လား။(လူငယ်၅ယောက် ၃ရက်လောက်ကတဲက ချက်ပြုတ်နေထိုင်စားသောက်)မှုခင်းရဲတပ်ဖွဲ့လိုက်ရှာ။ဘာလဲ ဗုံးခွဲတဲ့လူက အဖွဲ့လိုက် လာပြီး ပျော်ပွဲစား ဗုံးတွေဆင် ည၂နာရီမှဗုံးခွဲ အို အိုး မြင့်လှချည်လား။ကံဆိုးသူ မောင်ရှင်ကတော့ ဘယ်သူဖြစ်မလဲတော့ မသိတော့ဘူးနော။

Anonymous said...

ဓါးစာခံလိုက်၇ှာနေတာ

Min Kha said...

ဖုံးဖောက်ခွဲတာဖြစ်နိုင်ပါတယ်။
ဘာလို့လဲဆိုတော့ ပေါက်ကွဲမှုအရမ်းပြင်ထန်ပြီ ပေါက်ကွဲချိန်မှာ ကောင်းကင်ပေါ်ကို မီးလုံးကြီး မြောက်တက်လာပြီး ခဲမိုးရွာလိုက်သလိုဖြစ်တာဆိုတော့လေ ။ ပြီးတော့ တွင်းကလည်း အနက်ကြီးပဲလေ ။

zayyan said...

အဲလို့ လုပ်ခဲ့ တာမှန်ရင်တော့အရမ်းမုန်းဖို့ ကောင်းပါတယ်...လူမဆန်တဲ့ 
အပြုအမူပါ...အဲလို့ တွေလုပ်တာမကောင်းပါဘူး....။
လူသားချင်းစာနာတက်တဲ့ စိတ်လေးတောင်မရှိတော့ဘူးလားဗျာ......။
ဖြစ်ချင်တာကိုပွင့်လင်းစွာပြောတာကောင်းပါတယ်...အဲလို့ လုပ်တာတော့
မကောင်းပါဘူး...အပြင်းအထန်ရှုတ်ချပါတယ်....။

ming said...

So many trouble in our country in last 5 yrs. why why .Because of people or Nature?Bomb ,storm,bomb,murder,rob,. now fire .really want to see our country -----be safe safe.Now no safe anywhere for all.Safe from any attack,safe from bad weather,safe from Fives kinds of enemies

နိုင်ငံ ဆိုတာ ဘာလဲ? said...

ကျွန်တော် သုံးသပ်ချက်အ၇ မီးလောင်ပီးမှ ပေါက်ကွဲတာ ဖောက်ခွဲေ၇းမဟုတ်ဘူး..ဗုံးခွဲ၇င် မီးက ဒီလောက် မထွက်ဘူး..ballistic wave နဲ့  fragmentation ပဲထွက်တယ်..တွင်းဖြစ်ပီး ကျန်နေတာက demolition effect ကြောင့်ဖြစ်တာ..chemicals တွေ temperature တတ်လာပီး အဖုံးက လုံအောင် ပိတ်ထားတာဆိုတော့  auto ignition temperatureေ၇ာက်သွား၇င် explosion က ဖြစ်မှာပဲလေ..ရဲကြီး၇ယ် post တင်တဲ့သူ၇ယ် ကြည့်လုပ်ပါအုံး..ခင်များအိမ်မှာ ဓါတ်ဆီပုံး အောက်က မီးရှို့ထားပီး..ရဲစခန်းသွားအကြောင်းကြားလိုက်..ဒါဗုံးလားလို့ မေး..ဟုတ်ပီနော်..

The Wild Rose said...

ဒီဖြစ်စဉ်ကို သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဘဲ ထင်မြင်ချက်တွေနဲ့ ပြောနေကြတော့ .... ဘယ်ဟာ ယုံရမှန်းမသိဘူး ..... မီးစလောင်ပြီးမှ ပေါက်ကွဲမှုဖြစ်တာဆို ... ဘယ်လိုလုပ် ဗုံးထောင်ဖေါက်ခွဲတာလို့ ဖြစ်ရပြန်တာလဲ ... ဗုံးထောင်ဖေါက်ခွဲတယ်ဆိုရင် ပေါက်ကွဲမှု အရင်စဖြစ် ပြီးမှ လောင်စာတွေကြောင့် မီးဆက်လောင် ... အဲဒီလို ဖြစ်ရမှာပေါ့ .... အခုဟာက မီးကအရင်စလောင်တယ် မီးသတ်ကိုခေါ်တယ် ရောက်လာပြီး မီးငြိမ်းသတ်နေတုန်း ပေါက်ကွဲမှုဖြစ်တယ် .... ဖြစ်လို့ မီးသတ်ကားရော မီးသတ်သမားတွေ တခြား အနီးပါတ်ဝန်းကျင်က လူတွေရော သေဆုံး ထိခိုက်ဒါဏ်ရာ ရကုန်တာဆို ... ဒီသတင်းက ရှုပ်ကုန်ရော ....ဗုံးခွဲတာ ဖြစ်နိုင်တယ်ဆိုပြီး လောလောဆယ် အဲဒီ အနီးအနား ပါတ်ဝန်းကျင်မှာ အလုပ်လာလုပ် အဲဒီမှာ နေထိုင်ချက်ပြုတ်စားသောက်တဲ့ လူငယ်လေးတွေ လိုက်ဖမ်းကြဦးမယ် ...
ပေါက်ကွဲမှုဖြစ်မှတော့ ပေါက်ကွဲမှုဖြစ်တဲ့နေရာ တွင်းအဖြစ်ကျန်ခဲ့မှာပေါ့ ... အဲဒီနေရာမှာ ပေါက်ကွဲစေတတ်တဲ့ ဘာပစ္စည်းတွေ သိုလှောင်ထားလဲ စုံစမ်းပါဦး ဓါတုဗေဒ ပစ္စည်းတွေလား ယမ်းတွေလား မီးလောင်လို့ ရေနဲ့ပက်ရာက ရေနဲ့ ထိတွေ့လို့ ပေါက်ကွဲမှုဖြစ်စေတဲ့ ပစ္စည်းလား တချို့သတင်းမှာ ဝါယာ လျှော့ဖြစ်ရာက မီးစလောင်တယ်တဲ့ ... မီးအရင် စလောင်ပြီး ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေ မီးကူးစက် ဒါမှမဟုတ် ရေနဲ့ ထိတွေ့လို့ မရတဲ့ ဓါတုပစ္စည်းကြောင့် ပေါက်ကွဲတာနေမှာပေါ့ ... အားအားနေ ဗုံးခွဲပါတယ်ချည်းလုပ် ပြီးရင် တရားခံအစစ်တွေ မိတာလည်းမဟုတ် ဟိုလူ စွပ်စွဲဖမ်း ဒီလူတရားခံဆိုပြီး ဖမ်းထောင်ချနဲ့ လက်လွတ်စပယ် မလုပ်ကြစမ်းပါနဲ့ .... ဟိုးအရင် သံလျှင်ရေနံချက်စက်ရုံ ဗုံးကွဲတာ ... ခွဲတာတယောက် ... ဖမ်းပြီး သေဒဏ်အမိန့်ချတာ ၃ ယောက် နောက်ဆက်တွဲ အမှုတွဲတွေ တပြုံကြီးဖမ်း ကျွန်းတို့ အနှစ်နှစ်ဆယ်တို့ ချပစ်လိုက်တာ ... လက်သည်တရားခံ အစစ်မိတော့ ဝန်ခံခဲ့တာတောင် ... အရင် မတရားစွပ်စွဲထောင်ချ အပြစ်ပေးတဲ့သူတွေ ချထားတဲ့ အပြစ်ဒဏ်တွေ အတိုင်း ထောင်ထဲမှာ နေခဲ့ကြရရှာတယ် ... မဆိုင်တဲ့သူတွေ မတရားစွပ်စွဲ အပြစ်မပေးမိကြပါစေနဲ့ .....

Violin Angle said...

Just think in simple way. If bomb is explore, can't fire at first.Police officers, you should think in simple way. Don't protect the business men. That three boys want to be explore, they will explore to Kabar Aye Villa. And why they explore at night. Don't lay the blame on other people. If you are human and have brain, you should think.

Anonymous said...

ပေါက်ကွဲမှုကိုအားပေးတတ်တဲ့ အဖြူရောင်ဓါတု အခဲတစ်မျိုးရှိပါတယ်၊ ကျောက်မိုင်းတွင်းခွဲတဲ့ သူတွေကို စုံစမ်းကြည့်သင့်ပါတယ်။
၎င်းအခဲက ကိုယ်တိုင်မီးမလောင်ပါဘူး၊ ပေါက်ကွဲအားကိုတော့ ပမာဏပေါ်မူတည်ပြီး ဆယ်ဆမှ အဆရာထောင် ဖြစ်နှိုင်ပါတယ်။
သေချာစွာစုံစမ်းကြပါခင်ဗျာ လွယ်လွယ်မဆုံးဖြတ် ကြပါနဲ့။။

atu said...

ဂိုထောင်ထဲက ပစ္စည်းစာ၇င်း ပိုင်၇ှင်တွေ သိတယ်မဟုတ်လား ။ ဖြစ်နိုင်မဖြစ်နိုင်စမ်းသပ်ကြည်.ပေါ. ။ တခုခု ဖြစ်၇င် ဟိုလူ.လက်ညိုးထိုး ဒီလူ.အပြစ်ပုံချနဲ. ကိုယ်.ခေါင်.လွတ်၇င်ပြီးေ၇ာဆိုတဲ. အကျင်.ဆိုးတွေ အခုထက်ထိမဖျောက်ကျသေးဘူး။

ဂျစ်တူးလေး said...

မီးလောင်ရင်ဝါယာလျှော့....ပေါက်ကွဲရင်ဗုံး...ကောင်းပါလေ့..ဆင်ခြေတွေ

တောသားလေး said...

တစ်ကယ်ဆိုရင်အဲ့လိုမလုပ်သင့်ဘူးတစ်ကယ်လုပ်ရဲရင်တိုက်ရိုက်လုပ်ပါလား သွေးကြောင်ပြီးတော့ တိုက်ရိုက်မလုပ်ရဲဘဲနဲ့ အပြစ်မဲ့တဲ့ပြည်သူတွေကို အဲ့လိုလုပ်တာတော့ အရမ်းကိုစိတ်ဓာတ်ရော လူရော အောက်တန်းကျတယ်

uuoak said...

ရှင်းရှင်းကလေပါတဲ့။ အဲ့ဒီကူတိုဆိပ်နေရာဟာ ယနေခောတ်အလွန်စီပွားေ၇း လုပ်ဖို့အတော်ကေါင်းပါသတဲ့။ ကျူးကျော်တွေ သုတ်သင်တာ ဒီအတိုင်လုပ်တာ တော်တော်မတ၇ားတာပါ။ အဲ့ဒီနေ၇ာနဲ့ပါတ်သက် စီပွားေ၇းသမား ဝန်ကြီးဌာန စည်ပင် ဘယ်သူလည်း။ တဦး ဦးကတော့ အဲ့ဒီ၃အုပ်စုကဘဲ။ ဒီလောက်ပြင်းထန်ဗုံး အပြင်ကမ၇နိုင်ပါ။

Powered by Blogger.