မီဒီယာကို တင်းကြပ်သည့် ဥပဒေ မဖြစ်စေရန် အကြံဉာဏ်ရယူ

မီဒီယာသမားများအား တင်းကြပ်သည့် ဥပဒေ ဖြစ်မလာရေးအတွက် “ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှု၊ ပြည်သူ့ ဆက်ဆံရေး ကော်မတီ”က မီဒီယာသမားများနှင့် တွေ့ဆုံကာ အကြံဉာဏ်နှင့် အတွေ့အကြုံများ ရယူ၍ လွှတ်တော်အတွင်း ဆွေးနွေးတင်ပြသွားမည်ဟု သိရသည်။

ဇန်နဝါရီလအတွင်း ကျင်းပရန်ရှိသည့် လွှတ်တော်ဆွေးနွေးပွဲများအတွင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ မီဒီယာ ဥပဒေနှင့် ပတ်သက်၍ အဆိုပြု တင်သွင်းလာဖွယ်ရှိပြီး ယင်းဥပဒေ၌ မလိုလားအပ်သည့် အချက်များ ပါဝင်လာ မည်ကို ကြိုတင် ပြင်ဆင်သည့် အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

“ပိုပြီး တင်းကြပ်လာတာတွေ ရှိနိုင်တယ်၊ ပြစ်ဒဏ်တွေ များနိုင်တယ်။ အဲဒါတွေကို ကျနော်တို့က ဘယ်ဟာကတော့ မပါသင့်ဘူး၊ ဘယ်လိုမျိုးဆိုရင် ပိုကောင်းမယ်ဆိုတာမျိုးကို အောက်ခြေမှာကတည်းက စဉ်းစားနိုင်အောင် ပြင်ဆင် တဲ့သဘောဖြစ်ပါတယ်။” ဟု ကော်မတီဝင် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။
lotdaw95
မီဒီယာသမားများအား တင်းကြပ်သည့် ဥပဒေ ဖြစ်မလာရေး အတွက် “ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှု၊ ပြည်သူ့ ဆက်ဆံရေး ကော်မတီ”က မီဒီယာသမားများနှင့် တွေ့ဆုံကာ အကြံဉာဏ်နှင့် အတွေ့အကြုံများ ရယူ၍ လွှတ်တော်အတွင်း ဆွေးနွေးတင်ပြသွားမည် (ဓါတ်ပုံ မဇ္ဈိမ)
မီဒီယာ သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၂၃ ရက်နေ့ ရန်ကုန် ရှစ်မိုင်လမ်းဆုံရှိ ရန်ကုန်ဟိုတယ်တွင် ကျင်းပရန်ရှိပြီး ပြည်တွင်းဂျာနယ်များမှ သတင်းစာဆရာများ၊ FM ရေဒီယိုများမှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။

ကော်မတီဘက်မှမူ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်၊ အတွင်းရေးမှူး ဦးအောင်ကြိုင်နှင့် ကော်မတီဝင် ၁၅ ဦး တက်ရောက် မည် ဖြစ်သည်။

တင်သွင်းရန်ရှိသည့် မီဒီယာဥပဒေမှာ လွတ်လပ်စွာရေးသားခွင့်ကို ကန့်သတ်သည့် ဥပဒေမျိုး မဖြစ်ရန်လိုအပ်ပြီး
ပြည်ပတိုင်းပြည်များ၏ မီဒီယာများနှင့် ပတ်သက်သည့် ဥပဒေများ၊ စာနယ်ဇင်းသမားများကို အကာကွယ်ပေးသည့် ဥပဒေနှင့် အဖွဲ့အစည်းများ စသည်တို့ကို လေ့လာတင်ပြရန် ဆွေးနွေးပွဲ တက်ရောက်မည့် သူများက ပြင်ဆင်နေကြ သည်။

“ကျနော်တို့ ကြိုတင်ပြီးတော့ စာမူကိုတင်ရတယ် စိစစ်တယ်။ ဘယ်ဟာကို ခွင့်မပြုဘူး၊ ပယ်ပါ၊ ဖြုတ်ပစ်ပါ ဆိုတော့ ကျနော်တို့မှာ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရှိတယ်လို့တော့ ပြောလို့မရဘူး။ တချိန်တည်းမှာ မရိုးမသား မဟုတ် ဘဲ လွတ်လွတ်လပ်လပ်ရေးသားမှုကြောင့် အဲဒီလိုအချက်တွေကို ကန့်သတ်ရာရောက်တဲ့ အချက်အလက်မျိုးတွေ ပါမလာဖို့ကိုတော့ သတိထားဖို့လိုတယ်” ဟု ပွဲတက်ရောက်မည့် ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က
ပြောသည်။

စက်တင်ဘာလအတွင်းက ကျင်းပသည့် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင်လည်း သတင်းမီဒီယာ များ၏ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ရေးသားဖြန့်ဝေခွင့် စသည့်အခွင့်အရေးများကို အကာအကွယ်ပေးမည့် ဥပဒေ များပေါ်ထွက်လာရန် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းခဲ့သေးသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ဝန်ကြီးဌာနမှ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်ရန် ရှိကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဦးသိန်းညွန့်၏ အဆိုကို လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။

မီဒီယာသမားများကို အရေးယူနိုင်သည့် ဥပဒေများမှာ ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ အစိုးရ ကို အကြည်ညိုပျက်စေမှု၊ အီလက်ထရောနစ် ဥပဒေ စသည်တို့ဖြစ်ပြီး အဆိုပါ ဥပဒေများကို ပြန်လည်ပြင်ဆင်
ဖြည့်စွက်ရန် လိုနေပြီဖြစ်သည်ဟုလည်း ရှေ့နေတဦးလည်းဖြစ်သည့် ဦးသိန်းညွန့်က  မဇ္ဈိမနှင့် မေးမြန်းခန်းတခုတွင်
ပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ ၏ ယခုလအတွင်းထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် သတင်းထောက်များကို ဖမ်းဆီးထောင်ချ ထားမှု ၁၂ ယောက်ရှိပြီး ကမ္ဘာပေါ်တွင် စတုတ္ထအများဆုံးဖြစ်သည်ဟု ဖော်ပြသည်။

ယင်းအပြင် အမေရိကန်အခြေစိုက် နိုင်ငံတကာ လွတ်လပ်မှုဆိုင်ရာ အဖွဲ့ဖြစ်သည့် Freedom House က စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဝါးဆုံး ၁ဝ နိုင်ငံစာရင်းတွင် ထည့်သွင်းထားသည်။
 မျိုးသန့် 
ချင်းမိုင် (မဇ္ဈိမ) ။       ။
မီဒီယာကို တင်းကြပ်သည့် ဥပဒေ မဖြစ်စေရန် အကြံဉာဏ်ရယူ မီဒီယာကို တင်းကြပ်သည့် ဥပဒေ မဖြစ်စေရန် အကြံဉာဏ်ရယူ Reviewed by သစ်ထူးလွင် on 08:59 Rating: 5

No comments:

Powered by Blogger.