နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် စိစစ်ရေးလုပ်ငန်းများ စတင်

အကျဉ်းထောင်များတွင် ဆက်လက်အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန်အတွက် အကျဉ်းသားစိစစ်ရေး လုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သိရသည်။
“ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့အတွက် အကျဉ်းသားစာရင်း စစ်ရတာ သုံးလနီးပါးရှိတယ်။ အခုလည်း လွှတ်ဖို့အတွက် စစ်နေတာ နည်းနည်းတောင်ကြာနေပြီ"ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်း သတင်းရင်းမြစ်က အဆိုပါ အကျဉ်းသားစာရင်း မည်သည့်အချိန်ပြီးစီးမည်ကို ဖြေကြားရန် ငြင်းဆန်သည်။
အစိုးရသစ်တက်ပြီးနောက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။
နိုင်ငံရေးဖြေလျှော့ပေးမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတို့သည် ချိတ်ဆက်လျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုသည် မြန်မာနိုင်ငံ အပေါ်တွင် ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရန် များစွာအထောက်အကူပြုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။
မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ရောက်ရှိခဲ့သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက်လွှတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
YC(KS)
Myanmar News Now
နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် စိစစ်ရေးလုပ်ငန်းများ စတင် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် စိစစ်ရေးလုပ်ငန်းများ စတင် Reviewed by သစ်ထူးလွင် on 21:34 Rating: 5

2 comments:

Saw Kyaw said...

မြန်မြန်နဲ့တယောက်မကျန် လွှတ်မြောက်ကြပါစေဗျာ။

yinminkhine said...

နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်မြောက်ကြပါစေ....

Powered by Blogger.