၂၀၀၄ ဆူနာမီနှင့်အတူ မြောပါသွားခဲ့သူ မိန်းကလေးကို ပြန်တွေ့

ထူးခြားလှသည့် ဖြစ်စဉ်တစ်ခုမှာ အင်ဒိုနီးရှား နိုင်ငံရှိ မိသားစုတစ်ခုတွင် ဖြစ်ပွားခဲ့ရကြောင်း သိရသည်။ လွန်ခဲ့သည့် ၂၀၀ ၄ခုနှစ်တွင် ဖြစ်ပွားခဲ့ရသည့် ဆူနာမီရေလှိုင်းဒဏ်ကြောင့် ယင်းဒေသတွင် လူပေါင်း ၂၃၀၀၀၀ သေကြေခဲ့ရ သည့် ဖြစ်ရပ် ဖြစ်ပွားအပြီးတွင်  မိသားစုတစ်ခုမှာ ၎င်းတို့၏သမီးငယ် သေဆုံးသွား ခဲ့ပြီဖြ စ်ကြောင်း မေ့မေ့ေ ပျာက်ပျောက် မှတ်ယူခဲ့ရာမှ ၇ နှစ်တာကြာမြင့် အပြီးတွင် ပျောက်ဆုံးခဲ့ရသူ သမီးငယ်ကိုပြန်တွေ့ သည့် ဖြစ် ရပ်ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အဆိုပါ မိန်းကလေးမှာ သူမ၏ညီမနှစ်ယောက်နှင့် အတူသေဆုံးသွားခဲ့ရပြီဟု ယူဆခဲ့ကြသော်လည်း သူမနေထိုင်ရာ မြို့ရှိ ကဖေးဆိုင် တစ်ခုအနားတွင် ပြန်လည်တွေ့ရှိခဲ့ရပြီးနောက် သူမ၏မိသားစုနှင့် ပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်သည်။ Wati ဟုခေါ်သည့် အဆိုပါ မိန်းကလေး မှာ ပြန်တွေ့ချိန်တွင်အသက် ၁၅ နှစ်ရှိပြီဖြစ်ကာ  ထိုစဉ်က အသက်ရှင်ကျန်ရစ်ခဲ့ပြီးနောက် အမျိုးသမီးတစ်ဦး၏ ခေါ်ယူမွေးစားခြင်းကို ခံခဲ့ရကာ သူတောင်းစားအဖြစ် လုပ်ကိုင်စေခဲ့ရာကြောင်း ထို့နောက် သူမအနေဖြင့် လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့ရာမှတစ်ဆင့် ယခုလို မိသားစုနှင့်ပြန်လည် ဆုံတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ သူမမှာ အဖိုးဖြစ်သူနှင့် တစ်ဆင့် တွေ့ဆုံခဲ့ရာမှ မိဘများရှိရာ သို့ ပြန်လာနိုင်ခဲ့ခြင်း လည်း ဖြစ်သည်။
MRTV-4
၂၀၀၄ ဆူနာမီနှင့်အတူ မြောပါသွားခဲ့သူ မိန်းကလေးကို ပြန်တွေ့ ၂၀၀၄ ဆူနာမီနှင့်အတူ မြောပါသွားခဲ့သူ မိန်းကလေးကို ပြန်တွေ့ Reviewed by သစ်ထူးလွင် on 04:47 Rating: 5

1 comment:

ven said...

ကမ္မဝိပါကော အစိန္တိယော. ဘုရားဟောနဲ့ တစ်ထပ်ထည်းပါပဲ၊ သတ္တဝါတို့၏ ကံသည် ကြံစည်လို့ မရအောင် ဆန်းကြယ်လှပါတယ်၊ သေကံမရောက် သက်မပျောက်ပဲ ပြန်ဆုံခွင့်ရသွားတာ ဝမ်းသာစရာပါပဲနော်။

Powered by Blogger.