လွှတ်တော်နှစ်ရပ်မှဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံစဉ်။ (ဓါတ်ပုံ-မက်ဆင်ဂျာ ဂျာနယ်)

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် (ဓါတ်ပုံ-မက်ဆင်ဂျာ ဂျာနယ်)
ယနေ့(ဒီဇင်ဘာလ ၂၃ရက်)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန်အတွက် နေပြည်တော်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲပိုင်းတွင် လွှတ်တော်နှစ်ရပ်မှ ဥက္ကဌများနှင့် ဒီမိုကရေစီနှင့် လွှတ်တော်ရေးရာကိစ္စများ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်တွင် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှ ၁ နာရီ ၃၀ မိနစ်အထိလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်မှ ၂ နာရီ ၃၅ မိနစ်အထိလည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုကဲ့သို့ တွေ့ဆုံရာတွင် ဒီမိုကရေစီနှင့် လွှတ်တော်ရေးရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရပြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးခဲ့ကြောင်း မီဒီယာများသို့ ပြောကြားခဲ့ကာ ဆွေးနွေးမှုအသေးစိတ်ကိုမူ မပြောကြားခဲ့ပေ။ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က "ဒီမိုကရေစီစနစ်သည် တရားမျှတခြင်း လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတို့အပေါ် အခြေပြုသော ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖြစ်သည့်အလျောက် အားလုံးပါဝင်မှုသည် အထူးအလေးထားရမည့် ကိစ္စဖြစ်ကြောင်း" ကို ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။ ထို့အပြင် လွှတ်တော်နှစ်ရပ်စလုံးက ဒေါ်အောင်ဆန်းစုကြည် ယခုလိုလာရောက်သည့်အတွက် ၀မ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
EMG
လွှတ်တော်နှစ်ရပ်မှဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေး လွှတ်တော်နှစ်ရပ်မှဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေး Reviewed by သစ်ထူးလွင် on 17:50 Rating: 5

No comments:

Powered by Blogger.