ဆေးပေါင်းခသည့်ညနှင့် လကြတ်ခြင်း (ဗွီဒီယို)




မန္တလေး (ဒီဇင်ဘာ ၁၀ ရက်) - နတ်တော်လပြည့်ည လပြည့်အပြည့်ကြတ်ခြင်းအား မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့အရှေ့ပိုင်းမှ သိသာထင်ရှားစွာ တွေ့မြင်ခဲ့ကြရသည်။
လကြတ်ခြင်းသည် ည ၇ နာရီ ကျော်ခန့် စတင်ခဲ့ပြီး လ၏အောက်ခြေမှစကာ အမည်းရိပ်ကို စတင်မြင်တွေ့ရသည်။ ၅ ပုံ ၁ ပုံခန့် မျှ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ တစ်ဝန်းတွင် ပြည်သူလူထုအများက ထွက်မျှော်ကြည့်ရှုခဲ့ကြသည်။ Facebook စာမျက်နှာများတွင် လည်း လကြတ်မှုဖြစ်စဉ်ကို မှတ်တမ်းတင်ထားကြသကဲ့သို့ SkyNet ရုပ်သံ အစီအစဉ်ကလည်း တိုက်ရိုက် ထုတ်လွှင့်မှုများရှိ ခဲ့သည်။
1363 Total_Lunar_Eclipse_Occurred_Over_Asia4
ည ၈ နာရီ မိနစ် ၃၀ သာသာလောက်တွင် လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်ခဲ့ပြီး ၉ နာရီခန့်တွင် လမျက်နှာပြင်တစ်ခုလုံးသည် လိမ္မော်ရောင်သန်းနေသည်ကို တွေ့မြင်ခဲ့ရသည်။ ၂၀၁၁ ခုနှစ်အတွက် နတ်တော်လပြည့်နေ့သည် နက္ခတ်သိပ္ပံပညာသုံး နက္ခတ် လပြည့်ချိန်နှင့် မြန်မာပြက္ခန်သုံးဝေါဟာရ လပြည့်ရက်များ လာရောက်တိုက်ဆိုင်သည့်အပြင် မြန်မာ့ကောင်းကင်ပြင်မှ အစအဆုံး ကြည့်ရှုလေ့လာခွင့်ရရှိမည့် လအပြည့်ကြတ်ခြင်းဖြစ်စဉ်ဟု မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်း​ကျောင်း၏ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ဆောင်းပါးရေးသားခဲ့ဖူးသည်။
ဆေးပေါင်းခမှုနှင့်ယှဉ်တွဲပြီး ဖြစ်ပေါ်လာသော လကြတ်မှုဖြစ်စဉ်မျိုးသည် နှစ်ပေါင်း ၂၀၀ ကာလအတွင်း ၉ ကြိမ်ခန့်သာ​တွေ့ကြုံရ မည့် အခွင့်အရေးထူး တစ်ရပ်ဖြစ်သည်ဟု သိရှိရသည်။ လကြတ်နေချိန်သည် ကမ္ဘာ့အရိပ်လွှမ်းခြုံထားသော လမင်း၏ စွမ်းအားသတ္တိ နည်းပါးနေချိန်ဖြစ်ခြင်းကြောင့် နက္ခတ်သိပ္ပံ ဥပဒေသများအရ လမင်း၏ တိထီပြည့်ဝချိန် ဆေးဖက်ဝင်မည့် အခြေအနေအား ပြောင်း လဲ၍ လမင်း မြန်မာနိုင်ငံ ဧရိယာနယ်နိမိတ် မိုးကောင်းကင်မှ ဖြတ်ကျော်ချိန်တွင် ဆေးဖက်ဝင်လိမ့်မည်ဟု စာရေးသူက သိပ္ပံနည်းကျ​တွေးခေါ်ယူဆမိပါသည်ဟူ၍ လည်းပါရှိသည်။
ထို့ကြောင့် နတ်တော်လပြည့်ည လအပြည့်ကြတ်မှုဖြစ်စဉ်ကြောင့် ဆေးပေါင်းခမည်မှာ အမှန်ဖြစ်ပေတော့သည်။ 
Myanmar News Now
ဆေးပေါင်းခသည့်ညနှင့် လကြတ်ခြင်း (ဗွီဒီယို) ဆေးပေါင်းခသည့်ညနှင့် လကြတ်ခြင်း (ဗွီဒီယို) Reviewed by သစ်ထူးလွင် on 10:14 Rating: 5

No comments:

Powered by Blogger.