စက်ဆန်းမီးဘေးသင့် ပြည်သူများ အကူအညီလိုအပ်လျက်ရှိ

ပုစွန်တောင်မြို့နယ် ABC စက်စန်းကုန်လှောင်ရုံ မီးလောင်ကျွမ်းခြင်းကြောင့် ကယ်ဆယ်ရေးစခန်းဖွင့်ထားသော အ.မ.က ကျောင်းအမှတ် ၂၀ နှင့် ၂၄ မှ မီးဘေးသင့် ဒေသခံများကို ယနေ့နံနက် ၆နာရီဝန်းကျင်တွင် ပုသိမ်ညွှန့် ရာကျော် ကျောင်းတိုက်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရှိရသည်။

ပုသိမ်ညွှန့် ရာကျော် ကျောင်းတိုက်တွင် နေအိမ်ဆုံးရှုံးသူ ဦးရေ နှစ်ရာကျော် ရှိပြီး ဒဏ်ရာရရှိသူများကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ နှင့် ရွှေဂုံတိုင် ဆေးရုံမှ ဆရာဝန်များ အခမဲ့ လာရောက် ကုသပေးလျက် ရှိကြောင်း သိရှိရသည်။

“ကျွန်တော်က ခေါင်းထိသွားတယ် ကျွန်တော့်ညီမလေးထိမှာဆိုးလို့ ကာပေးလိုက်တာ ဆရာဝန်တွေ အခမဲ့ ကုသပေးပါတယ် “ဟု ကတိုးရပ်ကွက်နေ အသက် ၁၂နှစ်ဝန်းကျင်ကလေးငယ် တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းတိုက်မှ မီးဘေးသင့် ဒေသခံများသည် ဆေးဝါးကုသမှု လုံလောက်စွာရှိသော်လည်း အ၀တ်အထည်နှင့် အိမ်ယာခင်းများ လိုအပ်လျက်ရှိကြောင်း ကယ်ဆယ်ရေးစခန်းမှ ကူညီပေးသူများထံမှ သိရှိရသည်။

“ဒီမှာ ဆေးဝါးအတွက်ကတော့ လာပြီးကူညီပေးကြပါတယ် အစားအသောက်ကလည်း သိပ်မပူရသေးဘူး အခုလိုအပ်နေတာက အ၀တ်အထည်ပေါ့ သူတို့က မီးပေါက်ကွဲမှုစဖြစ်တော့ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာတော့ ဘာမှ ယူချိန်မရဘူး ဆောင်းတွင်းဆိုတော့လဲ အေးတော့ သူတို့အတွက် အ၀တ်အစားတို့ စောင်တို့ ခြင်ထောင်တို့ လိုအပ်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုလှဌေးက ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့်ကုန်လှောင်ရုံနှင့် မျက်နှာချင်း ဆိုင်တွင်ရှိသော ကူးတို့ ဆိပ်ရပ်ကွက် သည် မီးကူး                 စက်လောင်ကျွမ်းခြင်း မခံခဲ့ရသော်လည်း၊ ကုန်လှောင်ရုံအတွင်း ပေါက်ကွဲ မှုအရှိန်ကြောင့် အိမ်ခြေ၂၅၀                              ခန့် ပြိုလဲပျက်စီးသွားခဲ့ပြီး  အဆိုပါရပ်ကွက်မှ ဒေသခံများသည် ပုသိမ်ညွှန့် ရာကျော်ကျောင်းတိုက်တွင် ထားရှိထားကြောင်း စုံစမ်းသိရှိရသည်။

လှူဒါန်းလိုသူများအနေဖြင့်  ပုသိမ်ညွှန့် ရာကျော် ကျောင်းတိုက်သို့ လာရောက်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
ဒီဇင်ဘာ ၂၉၊ရန်ကုန်မြို့။
စက်ဆန်းမီးဘေးသင့် ပြည်သူများ အကူအညီလိုအပ်လျက်ရှိ စက်ဆန်းမီးဘေးသင့် ပြည်သူများ အကူအညီလိုအပ်လျက်ရှိ Reviewed by သစ်ထူးလွင် on 11:12 Rating: 5

7 comments:

U Thar said...

ဒီလိုအန္ဒ၇ာယ်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကို
လူနေအိမ်ခြေနဲ့နီးကပ်တဲ့နေ၇ာတွေမှာသို
လ်လျှောင်တာတော့မကောင်းပါဘူး
လူတွေကကို၇လိုတဲ့လောဘတခုဘဲကြည့်
ပြီးအကျိုးအမြတ်လိုချင်ကြတယ် တာဝန်၇ှိ
တဲ့လူကြီးတွေကလဲဘာမှမစစ်ဆေးဘဲငွေ
၇၇င် သိုလျှောင်၇ုံထဲဘာထဲ့ထဲ့ ခုတော့ဘာ
မှမဆိုင်တဲ့သူတွေပါထိခိုက်သေဆုံး၇တယ်
ဒီလိုပေါက်ကွဲစေတတ်ပြီးအန္ဒ၇ာယ်ဖြစ်စေနိုင်
တဲ့အ၇ာကိုသိုလ်လျှောင်တဲ့ပိုင်၇ှင်ကိုစစ်ဆေး
ပြီးအေ၇းယူပေးလို့၇မယ်ဆို၇င်စစ်ဆေးအေ၇း
ယူပေးစေလိုပါတယ် ။

Anonymous said...

တကယ့်တရားခံအစစ်ကိုဖေါ်ထုတ်ပီး ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်။ ဝိသမလောဘတွေ

နတ်ငမူးရဲ့စာ said...

တရားစွဲပေးပါထိရောက်စွာအရေးယူပေးပါ

ko oo said...

တကယ်တမ်း စက်ရုံအလုပ်ရုံများနှင့် စက်မှုအဆောက်အဦးနဲ့ အန္တရာယ်ရှိ ဓါတုပစ္စည်းများကိုသိုလှောင်ရာမှာ လူနေရပ်ကွက်များ၊ လူနေထူထပ်သော နေရာများတွင် မထားသင့်ပါဘူး။ သီခြားနေရာသတ်မှတ်ပေးသင့်ပါတယ်။ သတ်မှတ်ပေးသော သီခြားနေရာများတွင်လည်း လူနေအိမ်များ၊ အိမ်ယာများ ဆောက်လုပ်နေထိုင်ခွင့်မပေးသင့်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ပြန်လည်ပြင်ဆင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းမှာ အရမ်းအားနည်းကျပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူနေအိမ်အစ စက်ရုံအဆုံးအဆောက်အဦးများရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာကိစ္စများ၊ အဆောက်အဦ ကြံ့ခိုင်မှုများကို တစ်လ(သို့)ခြောက်လ တစ်ကြိမ် စစ်ဆေးခြင်းများလုပ်ခြင်းမျိုးကို မလုပ်ကြပေ။ ဖြစ်တော့မှဖြစ်ဟု သာထားရှိကြသည်။ ပြင်ဆင်စရိတ်ကြီးခြင်း၊ လုပ်ခမလုံလောက်ခြင်းတို့ကြောင့်ပါ။ ကျွန်တော်တို့တိုင်းပြည်အတွက် စနစ်တခုတော့ထားသင့်ပါတယ်။ ကွာလတီ၊ အကောင်းဆုံးစစ်ဆေးမှု ဒါတွေကိုတော့ ထားဖို့လိုနေပါပြီ။

စေတနာဖြင့်
ကိုဦး(အညာမြေ)

yobo said...

အရမ်းမှန်ပါတယ်.......ကိုဦး(အညာမြေ) ရေ.......

zayyan said...

အိပ်နေရင်မှလန့် ပြီးကျတော်မှာထပြီးကြည့်မိတယ်....အဝေးကမီးခိုးတွေဘဲ
တွေ့ ရတယ်....လန့် သွားတယ်အရမ်းဘဲ.....မီနစ်20လောက်နေတော့
ကျတော်တို့ နားကဆေးရုံကိုလူနာတင်ယဉ်တွေအများကြီးဆူညံပြီးရောက်လာတယ်..မီးလောင်တဲ့ ....အရမ်းတုန်လှုပ်ခဲ့ ရတယ်...မကြုံဘူးပါဘူး..။
စိတ်ထဲမကောင်းဝူး...တကယ်ဘဲ.....ကျတော်မှာပြန်အိပ်လို့ မရခဲ့ ဘူး..။
သေတာကလေးတွေပါတယ်....အရမ်းဘဲစိတ်မကောင်းဖြစ်ရပါတယိ...မွေးရာပါနှလုံးရောဂါပါတဲ့ ကျတော်အခုတော့ဆေးခန်းပြနေရပြီး.....။

LS said...

သူတို့လေးတွေ လိုအပ်နေတဲ့ အကူအညီတွေကို တတ်နိုင်သလောက်...ဌာနအလိုက်..အသင်းအဖွဲ့ အလိုက် အကူအညီများပေးကြပါလို့....ဆန္ဒပြုလိုက်ပါတယ်...

Powered by Blogger.