ကားတင်သွင်းသူများအတွက် အကောက်ခွန် ဌာနအား ဖြတ်သန်းရခြင်းမှာ

ကားဟောင်းများအပ်နှံကာ ကားသစ်တင်သွင်းသူများအတွက် အခက်ခဲဆုံးအပိုင်းမှာ အကောက်ခွန်ဌာနအား ဖြတ်သန်းရခြင်းဖြစ်ကြောင်း တင်သွင်းသူများက ပြောကြားခဲ့ကြသည်။
အကောက်ခွန်ဌာနတွင် လုပ်ငန်းအဆင့်ဆင့်များပြားပြီး အချိန်ကြန့်ကြာခြင်း၊ အချို့ကားများအား မတားဆီးသင့်ဘဲ ထုတ်ယူရန် တားဆီးထားခြင်းများကြောင့်လည်း ကားတင်သွင်းသူအများစုမှာ အခက်အခဲများဖြင့် ရင်ဆိုင် ရခြင်းဖြစ်သည်ဟု သိရသည်။
ကားတင်သွင်းမှုနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများထဲတွင် အချို့ဌာနဆိုင်ရာများအနေဖြင့် ယခုကားတင်သွင်းခွင့်ပေးခြင်းမှာ အများပြည်သူစိတ်ချမ်းသာစေရန် စီစဉ်ခွင့်ပြုခြင်းဖြစ်၍ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းထက် အများပြည်သူလုပ်ငန်း လျင်မြန်ရေး၊ အဆင်ပြေစေရေးကိုသာ ဦးစားပေးကာ လုပ်ဆောင်ပေးသော်လည်း အကောက်ခွန်ဌာနအနေဖြင့်မူ လုပ်ငန်းအဆင့်များပြားမှုအား ဒီဇင်ဘာလ ၉ ရက်နေ့အထိ လျော့ချမှုမရှိသေးခြင်း၊ အချို့လုပ်ကိုင်မှုများမှာ ကားတင်သွင်းသူများအား ထိခိုက်မှုရှိခဲ့ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
''ဒုက္ခအရောက်ဆုံးက Customs မှာပါ။ File Run တာက နှစ်ရက်ကြာတယ်။ ယာဉ်ကြိုစစ်က တစ်ရက်၊ Duty ဆောင်တာက တစ်ရက်။ အနည်းဆုံး လေးရက်ကြာတယ်။ အဲဒီမှာ ကံမကောင်းရင် ငါးရက်လောက် ကြာသေးတယ်။ ပြီးတော့ ကားတစ်စီးအတွက် Customs Duty နဲ့ Commercial Tax က နှစ်ခုပေါင်း ၆၅ ရာခိုင်နှုန်းလို့ ပြောတယ်နော်၊ တကယ်တမ်းဆောင်တဲ့အခါမှာ ၇၅ ရာခိုင်နှုန်းလောက် ပေးနေရတယ်။ ဆိပ်ကမ်း အရောက် CIF ဈေးပေါ်မှာ မကောက်ဘဲ အဲဒီ CIF ဈေးပေါ်မှာ Commercial Tax ကို ထည့်ပေါင်းပြီး အဲဒီအပေါ်မှာမှ Customs Duty ကို ကောက်တာလို့ ကျွန်တော်ကတော့ ထင်မိတယ်။ ကျွန်တော်တို့ကတော့ Duty ပေးရတာ ပြဿနာ မဟုတ်ပါဘူး။ ရက်ကြာတာ၊ စိတ်ညစ်ရတာ လုပ်ငန်းအဆင့်တွေများတာ ပြဿနာပါ'' ဟု ကားတင်သွင်းသူတစ်ဦးက ပြောကြားခဲ့ပါသည်။  ''ကျွန်တော်တို့ စသွင်းခွင့်ပေးကတည်းက Used ကားလို့ ပြောထားတာ။ ဒါကို Recondition ဆိုပြီး Customs က ကားတစ်စီးကို ကျပ်တစ်သိန်း ဒဏ်ရိုက်တယ်။ ဌာန လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ရင်ကိုက်မယ်။ ဒါပေမယ့် အထူးအစီအစဉ်ဆိုတာကိုတော့ နားလည်ပေး သင့်ပါ တယ်။ စီးပွား/ကူးသန်း၊ ရထားဝန်ကြီးဌာနတွေဆို သူတို့လည်း တစ်ခါတစ်ရံအများအတွက် လုပ်ရတဲ့အခါ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းညီပေမယ့် အဲဒီအတိုင်း လျောက်လုပ်ရင် ဒုက္ခရောက်ကုန်မှာစိုးလို့ အဆင့်တွေကို လျော့ချပေးတယ်။ မြန်ဆန်အောင် လုပ်ပေးတယ်။ အဓိက ကတော့ အတိမ်းအစောင်းရှိတာတောင် လိုက်လုပ်ပေးတယ်။ အခု အဲဒီဌာနတွေက ခွင့်ပြုတဲ့ကားကို Customs က ခုထိ ထုတ်ခွင့်မပြုတာတွေ ရှိသေးတယ်။ OSS အဖွဲ့မှာ Customs ပါတယ်။ အဲဒီကတည်းက ဒီကားမရရင် မရဘူးဆိုတာ Customs ကပြောရမယ်။ ဒီရောက်တော့မှ မရဘူးဆိုပြီး တားထားတယ်။ ဒါပေမယ့် တကယ်တမ်းတားထားတဲ့ ကားတွေထဲမှာ လည်း မတားသင့်တဲ့ကားတွေ ပါနေပါတယ်။ လုပ်ငန်းရှင်ဘက်က လိမ်လည်တင်သွင်းတာတွေလည်း အများကြီးပါ၊ ဒါတွေကျရင်တော့ Customs အနေနဲ့ တားဆီးအရေးယူပစ်တာ မှန်ပါတယ်'' ဟု ကားတင်သွင်းသူ တစ်ဦးက လည်း ပြောကြားခဲ့သည်။

နိုင်ငံတိုင်းမှာ တစ်လကားအစီးရေ သိန်းနဲ့ချီပြီး သွင်းကြတာ။ အကောက်ခွန်ဆိပ်ကမ်းက ဘာပြဿနာမှ မရှိဘူး။ ဒီမှာက ကားအစုတ်လေး လေးငါးထောင်လောက်သွင်းတာကို အလုပ်မရှိ ကြောင်ရေချိုး ဖင်ပြန်ခေါင်းပြန် ကြည့်စစ်နေတယ်။
''ဆိပ်ကမ်းအာဏာပိုင်ကို သတင်းမေးရင်၊ ဓာတ်ပုံရိုက်ခွင့်တောင်းရင် ချက်ခြင်းခွင့်ပြုတယ်။ စီးပွား/ကူးသန်းလည်း ဒီလိုပဲ အကုန်ဖြေပေးတယ်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာနလည်း သတင်းကို ထိန်ချန်မထားဘူး။ အမြဲထုတ်ပြန်ပေးတယ်။ Customs ဆိုတာ လူအများကြီးနဲ့ ဆက်ဆံရတဲ့ ဌာနပါ။ ဒီလိုဌာနက ပိုပြီး ထင်သာမြင်သာ ရှိရမယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ထင်သာမြင်သာရှိကြဖို့ ပြောထားပြီးသားပါ။ ဒါပေမယ့် Customs အပါအ၀င် အခွန်နဲ့သက်ဆိုင်တဲ့ဌာနတွေက သတင်းတွေကို ထုတ်ပြန်ပေးတာ၊ ရှင်းလင်းပွဲလုပ်တာ မရှိသလောက် နည်းတယ်။ တံခါးဖွင့်မှ လာဘ်ပေး လာဘ်ယူ နည်းသွားမှာပါ။ တံခါးဖွင့်ပြီး အချိန်မရွေး သတင်းထုတ်ပြန်ပေးတာ လုပ်သင့်တယ်။ Customs က ဘာတွေသိမ်းတယ်၊ ဘာကြောင့် သိမ်းတယ်၊ သိမ်းထားတာတွေကို ဘယ်လိုလုပ်တယ်။ ဒါတွေက အများပြည်သူသိသင့်တယ်။ အရင်တစ် ခေါက်က ဖမ်းမိတဲ့ ကားတွေရော ဘယ်လိုလုပ်ထားလဲ၊ လူကိုရော ဘယ်လိုအရေးယူထားလဲ၊ အဓိကကတော့ အများနဲ့သက်ဆိုင်တဲ့ဌာနအနေနဲ့ ထင်သာမြင်သာရှိဖို့ အများနဲ့ဆိုင်တာတွေကို အခုထက်ပိုပြီးထုတ်ပြန်ဖို့ လိုတယ်လို့ မြင်ပါတယ်'' ဟု သတင်းအယ်ဒီတာတစ်ဦးက ပြော ကြားခဲ့ပါသည်။  ''နိုင်ငံတိုင်းမှာ တစ်လကားအစီးရေ သိန်းနဲ့ချီပြီး သွင်းကြတာ။ အကောက်ခွန်ဆိပ်ကမ်းက ဘာပြဿနာမှ မရှိဘူး။ ဒီမှာက ကားအစုတ်လေး လေးငါးထောင်လောက် သွင်းတာကို အလုပ်မရှိ ကြောင်ရေချိုး ဖင်ပြန်ခေါင်းပြန် ကြည့်စစ်နေတယ်။ ဌာနရဲ့ထိပ်ဆုံးအထိတောင် တင်ရတယ်ဆိုတော့  ကြိုးနီစနစ်နဲ့ ဗျူရိုကရေစီယန္တရား ဘယ်လောက်ဆိုးသလဲဆိုတာ စဉ်းစားကြည့်ပါ။ဟိုတစ်နေ့က ဂျပန်လုပ်ငန်းရှင်တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့ကဒီနိုင်ငံမှာ စီးပွားရေးလုပ်ရမှာ တွန့်ရတဲ့အချက် နှစ်ချက်ကို ပြောသွားတယ်။ (၁)က မူတွေခဏ ခဏ ပြောင်းတာ၊ ဘာကြောင့် Why လို့မေးရင် ဘာမှမဖြေဘူး။ အထက်အမိန့်ဆိုတာပဲ ဖြေတယ်။ သူတို့က ဒီတစ်ခွန်းတည်းနဲ့ ပြီးသွားပေမယ့် ဒီမှာက အားလုံးဆုံးရှုံးသွားတယ်။ (၂) က လာဘ်ပေးလာဘ်ယူ အရမ်းဆိုးတယ်။ ဖြောင့်ဖြောင့်မတ်မတ်လုပ်လိုတဲ့ စီးပွားရေးသမားတွေက ဒီကို သိပ်မလာချင်ကြဘူး'' ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆက်လက်ပြောကြားခဲ့ပါသည်။
''လာဘ်ပေးလာဘ်ယူ ကိစ္စဆိုတာ အရေးယူတာ တစ်ခုတည်းနဲ့ မပြီးပါဘူး။ ၂၀၀၆ တုန်းက အကောက်ခွန်ဦးစီးဌာနက အရာရှိအတော်များများကို အရေးယူလိုက်တယ်။ နောက်သုံးလေးနှစ်ကြာတော့ ဒုံရင်း၊ ဒုံရင်းပဲ။ ၀န်ထမ်းလစာ အကျိုးခံစားခွင့်တွေ ကိစ္စ အရင်ဖြေရှင်းသင့် တယ်။ ပထမဆုံး ၀န်ထမ်းတွေရဲ့ attitude ပိုင်းပြောင်းဖို့ ပညာပေးကြိုးစားသင့်တယ်။ နောက်ပြီး ၀န်ထမ်းအကြီးအကဲတွေကို အရည်အချင်းနဲ့လိုက်ပြီး လူမှန်နေရာမှန် ခန့်ထားမှသာ ဒီပြဿနာကို ကိုင်တွယ်လို့ရမယ်။ သေချာတာကတော့ လာဘ်ပေးလာဘ်ယူပြဿနာကို မဖြေရှင်းဘဲ တိုင်းပြည်စီးပွားရေး မတိုးတက်နိုင်ဘူး'' ဟု ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ 

EMG
ကားတင်သွင်းသူများအတွက် အကောက်ခွန် ဌာနအား ဖြတ်သန်းရခြင်းမှာ ကားတင်သွင်းသူများအတွက် အကောက်ခွန် ဌာနအား ဖြတ်သန်းရခြင်းမှာ Reviewed by သစ်ထူးလွင် on 16:13 Rating: 5

2 comments:

Myanmar said...

ထိပ်ဆုံးမှာ စစ်တပ်ကကောင်တွေ၇ှိနေတာ သဘာဝမကျဘူး။ ဗိုလ်ချုပ်လို ကိုယ်ကျိုးမဖက်တဲ့ စစ်ဗိုလ်ဆိုတာက မ၇ှိသလောက်ဘဲ။ သူက အာဇာနည်ပီသပါတယ်။ ကျန်စစ်ဗိုလ်တွေက အာဏာ၇ူး ဥစ္စာ၇ူးတွေဘဲ၇ှိတယ်။ စစ်တပ်က တိုင်းပြည်အတွက်မဟုတ်ဘဲ တိုင်းပြည်က စစ်ဗိုလ်တွေအတွက် (စစ်တပ်အတွက်လဲ မဟုတ်ဘူးနော်) ဖြစ်နေတယ်။ ဥပဒေတွေက ပြည်သူကို ကာကွယ်ဘို့ မဟုတ်ဘဲ ပြည်သူကို နှိပ်စက်ဘို့ဖြစ်နေတယ်။ ဥပဒေကို စစ်ဗိုလ်တွေနဲ့ စစ်ဗိုလ်တွေနဲ့ပေါင်းစားသူတွေကို ကာကွယ်ပေးဘို့ဘဲ သုံးနေတယ်။ ဘယ်မှာလဲ တ၇ားမျှတမှု..။ တ၇ားမျှတမှု ပြန်ပေးပါ....။ ။

soehtwe.k said...

အခွန်ဌာန ဆိုရင်ဘယ်ဌာနက လူများကောင်းလို့လဲ၊ပြည်သူလူထုအားလုံးကိုနှိပ်စက်နေတဲ့ ဌာနကိုပြပါဆိုရင် သူတို့ပဲလေ။အခွန်များဆိုင်ရာ ဥပဒေ ကို ပြည်သူတွေ သိအောင်လည်းမဖော်ပြ ရဲဘူး။အခွန်ရတဲ့ ငွေတွေ လည်းပြည်သူတွေအကျိုးခံစားခွင့်မရဘူး
ရုပ် တွေကိုက ဘီလူးရုပ်ပေါက်နေ တာ။

Powered by Blogger.