နိုင်ငံရေးအကျဉ်းသားဟောင်းများ ပထမဦးဆုံး အကြိမ် စုပေါင်းလှုဒါန်း

နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်း၍ ယနေ့ညနေက ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးရှိ လူနာများအား  ညနေစာ တနပ်စာ ငွေသုံးသိန်း လှုဒါန်းကြသည်။

သွားရောက်လှူဒါန်းသူများ ထဲမှ နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးဖြစ်သူ ကိုဇော်ရဲဝင်းက “ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာရှိတုန်းက ရုပ်ပိုင်းဆိုင်ရာသာမကဘူး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့တာတွေရှိခဲ့တော့ ရောဂါသည် တွေကို ကိုယ်ချင်းစာတဲ့ အနေနဲ့သွားလှူတာပါ ”ဟု က ပြောသည်။

ယခုလှူဒါန်းပွဲသည် နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် ပထမဦးဆုံးအကြိမ် စုပေါင်းလှုဒါန်းခြင်းဖြစ်သည်။ ထိုသို့လှူဒါန်းရာတွင် တားမြစ်ဟန့်တားမှု တစ်စုံတရာ မရှိခဲ့ကြောင်းလည်း  ၎င်းက ပြောသည်။

“အလှုအတန်းလုပ်တာဘဲလေ ဘာပြသနာမှမရှိပါဘူး ဆေးရုံကလည်းကြည်ကြည်ဖြူဖြူပါဘဲ”ဟု ကိုဇော်ရဲဝင်းက ထပ်လောင်းပြောကြားသည်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံတွင် စိတ်ကျန်းမာရေး ချို့တဲ့သူ ၁၀၃၅ ဦးဆေးကုသခံလျှက်ရှိပြီး သူနာပြုဆရာ ဆရာမပေါင်း ၇၄ ဦးကကြည့်ရှု စောင့်ရှောက်လျှက်ရှိသည်။
သွားရောက် လှူဒါန်းကြသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ

အဆိုပါလှူဒါန်းးပွဲသို့ နိုင်ငံရေးအကျဉ်းသားဟောင်း ၃၁ ယောက် တက်ရောက်ကြပြီး ၎င်းတို့အနေဖြင့် နောက်နောင်တွင်လည်း လူမှုအကျိုးပြုလုပ်ငန်းများ ဆက်လုပ်လုပ်ဆောင်သွားရန်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ က ပြောသည်။

နှစ် ၂၀ ကျော် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တိုင်းပြည်အေးချမ်းသာယာရေး အစိုးရ (န၀တ)  လက်ထက်နှင့် နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ (နအဖ) အစိုးရလက်ထက်တို့တွင် နိုင်ငံရေး သဘောထားကွဲလွဲမှုနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၀၀၀ ကျော်ရှိခဲ့ရာမှ ယခုနှစ်မေလနှင့် အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်တို့ဖြင့် ၃၀၀ ကျော်လွတ်မြောက်လာပြီနောက် နိုင်ငံရေး အကျဉ်းသား တစ်ထောင်ကျော် အကျဉ်းထောင်များထဲတါင် ကျန်ရှိနေသေးသည်။

နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိလွှတ်ပေးရန် ပြည်တွင်းနှင့် ပြည်ပမှ အဖွဲ့အစည်းများ အစိုးရများက အစိုးရသစ်ကို တိုက်တွန်းတောင်းဆိုလျှက်ရှိကြသည်။         ။
 
လှူဒါန်းသည့် ဂုဏ်ပြုလက်မှတ် လက်ခံနေစဉ်

ဒီဇင်ဘာ ၂၆၊ ၂၀၁၁ (YPI)
နိုင်ငံရေးအကျဉ်းသားဟောင်းများ ပထမဦးဆုံး အကြိမ် စုပေါင်းလှုဒါန်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ပထမဦးဆုံး အကြိမ် စုပေါင်းလှုဒါန်း Reviewed by သစ်ထူးလွင် on 08:12 Rating: 5

2 comments:

နိုင်မွန်အောင်သွင် said...

ကျွန်တော်တို့ကိုယ်တိုင်လည်း ခန္ဒာကိုယ်ထဲမှာပိတ်မိနေကြတဲ့ အကျဉ်းသားတွေပါပဲ။လွတ်မြောက်နိုင်ဖို့ အခက်အခဲတွေနဲ့ပါ။
အခုလို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ကြရတဲ့ ညီအကိုမောင်နှမများ ဆက်လက်ပြီး ကောင်းမှုကောင်းကျိုးများမှာ ညီညွတ်နိုင်ကြပါစေဗျာ။

tko said...

ကောင်းပါတယ်

Powered by Blogger.