၂၀၁၂ အတွက် ရွှေတိဂုံရှိလုပ်ငန်းများ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေး

လာမည့် ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ရွှေတိဂုံစေတီတော်ရှိလုပ်ငန်းများအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။ အဆိုပါ စားသောက်ဆိုင်၊ ဓာတ်ပုံ၊ ကားကွင်း၊ ရွှေဆိုင်း၊ အုန်းငှက်ပျော၊ ထီ၊ ခိုစာ၊ လိပ်စာအပါအဝင် လုပ်ငန်း ၁၄ မျိုးကို လာမည့် ဘဏ္ဍာရေးနှစ်အတွက် တစ်နှစ်စာဈေးပြိုင် စနစ်ဖြင့်ခေါ်ယူကာ ကျပ်သိန်းပေါင်း ၁၁၀၀၀ ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် ချထားပေးကြောင်း သိရသည်။ “ရွှေတိဂုံစေတီတော်ကြီးရဲ့ လုပ်ငန်း ၁၄ မျိုးကို ဈေးပြိုင်စနစ်နဲ့ ခေါ်တာဒီနှစ်က မနှစ်ကထက် ဈေးပိုပေးကြတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့်ကျချင်တော့ ဈေးပိုပြီး ပေးကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကလဲ ပိုက်ဆံများများပေးတဲ့သူကို လုပ်ကိုင်ခွင့်ချပေးတဲ့ သဘောပါပဲ” ဟု ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။ ယင်းကဲ့သို့ ကန်ထရိုက်ချထားပေးလိုက်ခြင်းမှ ရရှိလာသော ရွှေတိဂုံစေတီတော်ကြီး၏ စီမံခန့်ခွဲမှု ဝင်ငွေကိုလဲ ရွှေတိဂုံစေတီတော်ရှိ ဝန်ထမ်းများအား လစာ၊ လုပ်သက်ဆုကြေးများ၊ အိုနာစာရန်ပုံငွေစုထားပေးခြင်း တို့တွင် စနစ်တကျအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ “ရွှေဆိုင်းလုပ်ငန်းက သိန်း ၃၃၀၀ ကျော်ရတဲ့အတွက် လုပ်ငန်းတွေထဲမှာ ရရှိတာ အများဆုံးပါဘဲ။ ကျန်တဲ့ လုပ်ငန်းတွေက သိန်း ၁၀၀၀ နီးပါးတွေရတယ်” ဟု ယင်းက ထပ်မံပြောသည်။ ရွှေတိဂုံစေတီတော်ကြီးရှိ လုပ်ငန်း၁၄ မျိုးကို လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူ လုပ်ငန်းရှင်နှင့် နှစ်ချုပ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ယင်းလုပ်ငန်းများမှ ကျပ်သိန်း ၇၀၀၀ ကျော်ရရှိခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
By: သစ်ထူးလွင်
၂၀၁၂ အတွက် ရွှေတိဂုံရှိလုပ်ငန်းများ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေး ၂၀၁၂ အတွက် ရွှေတိဂုံရှိလုပ်ငန်းများ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေး Reviewed by သစ်ထူးလွင် on 13:26 Rating: 5

No comments:

Powered by Blogger.