မဟုတ်တရုတ်တွေ တရားဥပဒေနှင့် မညီညွတ်ပါက ခွင့်လွှတ်ပေးမည်မဟုတ်

မြန်မာ-တရုတ် ဓါတ်ငွေပိုက်လိုင်းသွယ်တန်းနေတဲ့ တရုတ်များ (ဓါတ်ပုံ-googleimages)
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမျိုးစုံပြုလုပ်လျက်ရှိသော တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် တရားဥပေဒနှင့် မညီညွတ်သော ကိစ္စမျိုးလုပ်ဆောင်လာမည်ဆိုပါက တရုတ်အစိုးရ အနေဖြင့် နားလည်ခွင့်လွှတ်ပေးမည်မဟုတ်ဘဲ မြန်မာနိုင်ငံဘက်မှ တင်ပြလာသည့် အတိုင်းအရေးယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတကာဆက်ဆံရေးဌာနမှ ၁၃-၁၂-၂၀၁၁ ရက်က သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကျင်းပသော တရုတ်မြန်မာစီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်ကာ တရုတ်လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေစည်းမျဉ်း၊ ဓလေ့ရိုးရာများကို လိုက်နာလုပ်ဆောင်သင့်ကြောင်း ၎င်းဖိုရမ်တွင် အကြံပြုပြောကြားခြင်းများ ရှိခဲ့သည်။ "မြန်မာအစိုးရဘက်ကနေ တင်ပြလာလျှင် တရုတ်နိုင်ငံအစိုးရအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။ တရားဥပဒေနဲ့ မညီညွတ်ရင် နားလည်ခွင့်လွှတ်ပေးမှာမဟုတ်ပါဘူး။ ပြစ်ဒဏ်ပေးတာအပြင် မြန်မာနိုင်ငံမှာ ဘယ်တော့မှ ရင်းနှီးမြှုပ်နှံခွင့်မပေးတော့တာတွေ လုပ်ပစ်ရပါမယ်" ဟု ယင်းဌာနမှ ပါမောက္ခမစ္စတာလီချန်ယောင်းက ပြောကြားသည်။ (၈-၁၂-၂၀၁၁ ရက်၌ တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပသော တရုတ်-မြန်မာ စီးပွားရေးဖိုရမ်မှ)
ပြည်မြန်မာသတင်းဂျာနယ်
မဟုတ်တရုတ်တွေ တရားဥပဒေနှင့် မညီညွတ်ပါက ခွင့်လွှတ်ပေးမည်မဟုတ် မဟုတ်တရုတ်တွေ တရားဥပဒေနှင့် မညီညွတ်ပါက ခွင့်လွှတ်ပေးမည်မဟုတ် Reviewed by သစ်ထူးလွင် on 01:56 Rating: 5

4 comments:

Anonymous said...

ခုမှပဲ လူရှေ့သူရှေ့မှာ မဟုတ်တရုတ် တွေက လူလိုသူလို နည်းနည်းအသံထွက်ဖော်ရတော့တယ်။ စောင့်ကြည့်ရသေးတာပေါ့လေ။

ခြေသလုံးအိမ်တိုင် said...

အင်းးးးးးးးးးးးးး စောင့်ကြည့်ကြသေးတာပေါ့..........မဟုတ်တရုတ် လုပ်တာတွေကတော့တော်တော်များပါတယ်လေ

66305065 said...

မြန်မာပြည်သူတွေဘက်မှပြောသလိုနှင့်တရုတ်အကျိုးစီးပွားကိုကာကွယ်လိုခြင်းသာဖြစ်သည်။တရုတ်အလုပ်သမားများနှင့်မြန်မာပြည်သူတို့ ပြဿနာဖြစ်လျှင်သဘာဝဓာတ်ငွေ့ စီမံကိန်းကိုမြစ်ဆုံဆည်ကိစ္စ္စကဲ့သို့မြန်မာတို့ကန့်ကွက်မည်စိုးသောကြောင့်ဖြစ်သည်ဟုထင်ပါသည်။

Tai said...

I want to give suggestion to Myanmar Authority and Local Authority about the labor rules.

Myanmar Authority must demand foreign companies to recruit local people form bottom to mid position levels in every section of foreign investment jobs. Then our local people can get some experience and one day they can take over these jobs. These rules are compulsory and every country is following it except Myanmar.
I found that all Chinese Companies are coming to our country with their own people from bottom to top position. How come our local can get direct benefits from these investment?
Currently I am working in India, offshore company and India Government demanded to recruit their local people at least two third of total workers. Otherwise the government will not issue work permit for Foreign workers for that particular company. Also they ask to promote their local people until the supervisor position.

But I don't see any rule and regulation in our country. Our local authority and government are sleeping and get bribe under table, keep quiet.

Please wake up.

Powered by Blogger.