ရန်ကုန်မြို့ ခံတွေဆီကနေ တရုတ် ကျပ်သန်းပေါင်း (၂၅၀၀)ကျော်ယူဆောင်သွား

ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ ရက်ကြာ အပူဇော်ခံခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်ကို လာရောက်ဖူးမြော်ခဲ့ကြသော ဒေသခံပြည်သူများက ကျပ်သန်းပေါင်း ၁၅၀၀ ကျော်နှင့် နိုင်ငံတကာ ငွေကြေးများစွာကို ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အတွင်း အပူဇော်ခံခဲ့သည့် အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်မှာ ယခုအခါ မန္တလေးတိုင်းဒေသကြီးသို့ ဆက်လက်အပူဇော်ခံရန်အတွက် ယခုလ ၈ ရက်က မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ပင့်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

၁၆ ရက်ကြာ အပူဇော်ခံခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်တွင် ကျပ် ၁၅၀၈၁၆၈၉၈၆ နှင့် ကန်ဒေါ်လာ ၇၃၇၉၉ အပါအဝင် အက်ဖ်အီးစီ ၃၇၈၉၊ ရွှေငွေလက်ဝတ်ရတနာမျိုးစုံ ၈၃၇၇ ခု (ခန့်မှန်းတန်ဖိုး ၁၀၄၉၆၀၀၆၀၀) ကို ရရှိခဲ့ရုံ သာမက နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် အသုံးပြုလျက်ရှိသော ငွေကြေးများစွာလည်း အလှူခံရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ် ၄၀၀၃၃၇၂၅၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကျပ် ၁၂၂၇၀၀၈၀ နှင့် အခြားဝန်ထမ်းများစွာကလည်း အလှူငွေများစွာကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေ နဲ့ လက်ဝတ်ရတနာတွေမှာ နေပြည်တော် နှင့် မန္တလေးမြို့ က အလှူငွေတွေ မပါသေးပါ။
မြန်မာလူမျိုးတွေ ရဲ့  လှူဒါန်းပုံမှာ လွဲမှားနေသည်ဟု ယူဆပါသည်။ မြန်မာနိုင်ငံတ၀ှမ်းရှိ ဘုန်းတော်ကြီး ကျောင်း / စာသင်တိုက်များ ၊ လူအိုရုံ ၊ စာသင်ကျောင်း နဲ့ ကျန်းမာရေးဌာနများကို လှူဒါန်း ပါက ပိုမိုအကျိုးပြုနိုင်ပါသည်။ အခုလှူဒါန်းလိုက်သည့် ရွှေ ၊ ငွေ လက်ဝတ်ရတနာတွေကို ဘယ်သူရမည့် လည်းလို့ စဉ်းစားကြည့်ပါက တရုတ်နိုင်ငံ က ဗုဒ္ဓစွယ်တော်ပြပြီး ပြည်သူလူထုရဲ့ ချွေးနဲစာကို  ရယူသွားခြင်းဖြစ်သည်။

By သစ်ထူးလွင်

ရန်ကုန်မြို့ ခံတွေဆီကနေ တရုတ် ကျပ်သန်းပေါင်း (၂၅၀၀)ကျော်ယူဆောင်သွား ရန်ကုန်မြို့ ခံတွေဆီကနေ တရုတ် ကျပ်သန်းပေါင်း (၂၅၀၀)ကျော်ယူဆောင်သွား Reviewed by သစ်ထူးလွင် on 07:32 Rating: 5

30 comments:

linkardipa-ashin said...

မှန်တယ်ကွ တကယ်တော့ ဒို့မြန်မာလူမျိုးတွေက ယုံကြည်မှုလွန်ကဲနေတာ တကယ်တမ်းကျတော့ အကျိုးရှိမည့် နေရာတွေကိုသာ လှူသင့်တယ် အခုစွယ်တော်က ဘာသာရေးကို အဓိကထားပီး လာတာမဟုတ်ဘူး သူတို့နိုင်ငံရေး အဆင်မပြေလို့ လေပြေထိုးတဲ့အနေနဲ့ လာတာ ဘာမှ မဟုတ်ဘူး စွယ်တော် အစစ်ပါလို့ ဘယ်သူအာမခံရဲလဲ

Anonymous said...

အထက်ပါအယူအဆကို ထောက်ခံပါတယ်.ဒါပေမဲ့ကိုယ်တိုင်ပြောချင်ပေမဲ့ ပြောလို့မထွက်ဘူးဖြစ်နေတယ်. ကိုယ်တိုက်ကအိတ်စိုက်လှူရတာမဟုတ်ဘဲ သူများလှူတာကို မုဒိတာ မပွားနိုင်တဲ့ ဝန်တို မစ္ဆရိယစိတကြီးထားရင် အပယ်လားမှာ စိုးကြောက်လို့ပါ။ တကယ် အမှန်တရားကို အရှိအတိုင်းခြေခြေမြစ်မြစ် ဝေဖန်ရမယ်ဆိုရင် MNN ကပြောသလိုပဲ ဒက်ထိပဲ..

The Wild Rose said...

စေတနာသဒ္ဒါတရားနဲ့ လှူဒါန်းကြတဲ့သူတွေ ရှိကြသလို ...... အာဏာပိုင်က ဆိုင်ရာ ပိုင်ရာတွေကို ဖိအားပေးပြီး အလှူငွေ ထည့်ဝင်ခိုင်းကြတာလဲ ရှိကြပါတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ... လှူဒါန်းကြတာတော့ ကောင်းပေမဲ့ ... တကယ်လိုအပ်တဲ့ နေရာ ... အကူအညီတွေ လိုအပ်နေတဲ့နေရာကို လှူဒါန်းတာက ပိုပြီး အကျိုးရှိစေတာ အမှန်ပါ ....
ပြည်သူအများစုဟာ ပြည့်စုံလုံလောက်နေလို့ မိမိတို့သဒ္ဒါတရားရှိရာကို စိတ်ကြိုက်လှူဒါန်းကြတာ အကြောင်းမဟုတ်ပေမဲ့ .... ကိုယ့်နိုင်ငံနဲ့ ပြည်သူလူထု အခြေအနေနဲ့ ယခုလို လှူဒါန်းတယ်ဆိုတာတော့ ... တခုခုတော့ မှားနေသလို ဖြစ်နေတယ် ... ဒီအလှူငွေတွေက တရုတ်ပြည်ကို ပေးအပ်ရမယ် ထင်တယ် ...... ဒီအလှူတွေမှာ ကိုယ်ကတော့ မပါခဲ့ပါဘူး ... ဒါပေမဲ့ ... မုဒိတာပွါးပြီး သာဓုမခေါ်နိုင်ခဲ့တာတော့ အမှန်ပါ ... ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်စိတ်ထဲမှာ ဒီအလှူငွေတွေကို ကိုယ့်နိုင်ငံက တကယ်လိုအပ်တဲ့ နေရာတွေ မရှိနွမ်းပါး ဆင်းရဲချို့တဲ့ကြတဲ့သူတွေကိုသာ လှူဒန်းဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ အတွေးဝင်နေခဲ့မိလို့ပါ ... အဲဒီလို အတွေးရှိခဲ့လို့ တကယ်လို့ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိခဲ့ရင်လည်း အပြစ်လို့ ထင်မြင်ယူဆမယ်လို့ မထင်ပါဘူး ....
ရေရှားတဲ့ဒေသမှာ ရွာတဲ့မိုးဟာ ... ရေတွေ ပေါကြွယ်နေတဲ့ ဒေသမှာ ရွာတဲ့မိုးထက် ပိုတန်ဖိုးရှိ ပိုအကျိုးရှိတတ်တာ သဘာဝပါ ........

Tri Asian Taste said...

စွယ်တော်ရယ်၊ ဆံတော်ရယ်၊ ရုပ်ပွါးတော်ရယ်၊ ဘယ်ဟာက တန်ခိုးပိုကြီးသလဲ။ တန်ခိုးကိုကိုးကွယ်မှာလား၊ ဘုရားအဆုံးအမကို ကိုးကွယ်မှာလား၊ ဆရာတော် ဥုးသုမင်္ဂလကဟောတယ် ဘာဘဲရှုံးရှုံးတဲ့ ဥာဏ်မရှုံးစေနဲ့ တဲ့။ ဥဏ်နဲ့ ယှဉ်တဲ့အ လှူကပိုပြီ မြင့်မြတ်ပါတယ်။ တရုတ်တွေကတော့ မြန်မာတွေကို ဘယ်လိုအချဉ်ဖမ်းရမယ်ဆိုတာ နပ်ပြီးသားမို့ လို့  သိပ်ပြီးမအကြပါနဲ့ လို့ ပြောချင်ပါတယ်။ နယ်စပ်ကနေခိုးယူတာ၊ ဗြောင်းယူတာ၊ အားမရလို့  ပြည်တွင်းကငွေကို လာနှိုက်တာ။ သိပ်ပြီးမအကြပါနဲ့ လို့ ထပ်ပြောချင်တယ်။

tko said...

မှန်တယ်...တရုတ်တွေလူလည်လုပ်သွားတာ

Anonymous said...

စွယ်တော်မြတ်ကို သဒ္ဒါလို့လှူဒါန်းပါတယ်။ အလှူငွေတွေဟာ တရုတ်ကို လှူတာမဟုတ်ပါဘူး။ စွယ်တော်မြတ်ကိုသာလှူတာပါ။ အလှူငွေကို တရုတ်တွေယူတယ်လို့ သဘောထားရင်၊ ဒါမှမဟုတ် နိုင်ငံရေးနဲ့ ချိန်ထိုးပြီး ကြည့်ရင် ဘာသာရေးအတွက် မကောင်းပါဘူး။ နိုင်ငံရေးဟာ နိုင်ငံရေးပါ။ ဘာသာရေးဟာလည်း ဘာသာရေးပါဘဲ။ ဘာသာရေးကသာ ပိုမွန်မြတ်တာပါ။ ဘာသာရေးကို နိုင်ငံရေးအဖြစ် အသုံးချလိုက်ရင် နောက် တစ်ကြိမ် စွယ်တော်မြတ်ကြွလာရင်ဘဲဖြစ်ဖြစ်။ ကိုယ်တိုင်သွားရောက်လို့ဘဲဖြစ်ဖြစ် ကြည်ညိုမှု ပြက်ပြားနိုင်ပါတယ်။ ဘာသာရေး နဲ့ နိုင်ငံရေး မရောတာ အကောင်းဆုံးပါ။ သတင်း ဆောင်းပါးရှင်များ ရောထွေးမရေးသင့်ပါ။

အဆွေးလူ said...

သြော်....
ကျုပ်တို့ နိုင်ငံမှာ ကိုးကွယ်ရာမရှိရော့လေသလား....
သူများနိုင်ငံက ခုတုံးလုပ်သွားတဲ့ ဗုဒ္ဓစွယ်တော်ကိုမှ ကိုးကွယ်ရာထင်နေကြတယ်....
မိမိအိမ်က ဘုရားကို ဆွမ်းပုံမှန်ပဲကပ်ကြပါဦးရွှေမြန်မာတို့ ရေ...........

Unknown said...

ဒါကြောင့်ဖြစ်မယ်...ခပ်ရွတ်ရွတ် တစ်ယောက်က မြန်မာတွေ ဘယ်နေရာတော်
လဲလို့ ဖွလိုက်တော့ စိတ်ဆိုးလိုက်ကြတာ...တရုတ်က စွယ်တော်အစစ်ဆိုပြီး
အပူဇော်ခံ....မြန်မာပြည်တွင်းမှာလဲ ဘုရားတွေ စွယ်တော်တွေ အများကြီးပါ..
နောက်ဆုံးတော့ ပိုက်ဆံတွေ တရုပ်ပြည်ရောက်ကုန်တာဘဲ။တရုပ်ပြည်ကအပေါ
စားတွေကို ဈေးကြီးပေးဝယ်။ကိုယ့်ပြည်တွင်းက အဖိုးတန်တွေ ဈေးပေါပေါနဲ့
ထုတ်။ဘုရားတောင်မှ တရုတ်စွယ်တော်က အစစ်ဆို ရိုက်သွားသေးတယ်။
ဒီအတိုင်းသာဆက်သွားယင် နောက် နှစ် ၅၀ ဆို ဗမာပြည်မွဲလောက်တယ်။

k said...

that is right

Saw Kyaw said...

ဘာဘဲပြောပြောဗျာ ကျွန်တော်တို့မြန်မာလူမျိုးတွေကိုက ညံ့တာပါ။
ဘာသာရေးကို တိုက်ခိုက်ပြောတာတော့ မဟုတ်ပါဘူး။ အဲဒီငွေတွေ လှူလိုက်တာ
ဘုရားဆီရောက်သွားပါတယ်ဆိုတာ ဘာနဲ့အထောက်အထားပြမလဲ ?
အမှန်ကတော့ အဲဒီငွေတွေဟာ ဆင်းရဲမွဲတေနေတဲ့ အောက်ခြေလူတန်းစားတွေ
အတွက်၊ စစ်ဘေးဒါဏ်သင့်လို့ ဒ့ကဃရောက်နေတဲ့ တိုင်းရင်းသားတွေအတွက်
ဖြစ်သွားမယ်ဆိုရင် သိပ်ကောင်းမှာပါဗျာ။

Zaw Zaw Aung said...

I agree with this statement.
Iမြန်မာလူမျိုးတွေ ရဲ့  လှူဒါန်းပုံမှာ လွဲမှားနေသည်ဟု ယူဆပါသည်။
All we can do now is to educate your parents, relatives, neighbors to think wisely and direct the donation to needing monasteries around the country as much as we can.

Saw Kyaw said...

ကျုပ်တို့အစိုးရကလဲ ရခိုင်ပြည်က ခိုးလာတဲ့ ဆင်ဖြူတော်ကြီးတွေကို တရုပ်
နိုင်ငံကို လှည့်လည်ပြသ အပူဇော်ခံပြီး အဲဒီငွေတွေ ပြန်ရအောင်လုပ်ကြည့်ပါလား
ဒါမှမဟုတ် ကျုပ်တို့တိုင်းပြည်မှာလည်း ဗုဒ္ဓမြတ်စွာဘုရားရဲ့ အစစ်အမှန်ကျန်ခဲ့
တဲ့ တံခိုးကြီးပစ္စည်းတွေရှိတာဘဲ သာသနာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး
အခုလိုမျိုး တရုပ်ပြည်မှာ သွားပြီး အပူဇော်ခံ အလှူခံကြည့်ပါလား ငွေတော့ရမှာ
မဟုတ်ဘူး တရုပ်ကနေ ဗမာပြည်ကို လေးဘက်ထောက်ပြီးပြန်လာရမှာသေချာတယ်။

my love said...

မလိုအပ်တဲ့နေရာမှာ လှူဒါန်းခြင်းဟာ ဥာဏ်ပညာမပါတဲ့အတွက် အကျိုးမရဘူးမဟုတ်ပေမယ့် အကျိုးမများတာတော့ ဘုရားဟောကျမ်းဂန်များမှာ အတိအကျပြဆိုထားပါတယ်၊ တရုတ်ဆိုတာ လူသားစိတ်မရှိသူတွေ ယုတ်မာရိုင်းစိုင်းတဲ့သူတွေဆိုတာ တကမ္ဘာလုံးသိပါတယ်

chronic said...

အော် မြန်မာတွေ မြန်မာတွေ ...အဲ့ဒီ ငွေတွေ လိုအပ်နေတဲ့ နေရာတွေ ..ငတ်နေတဲ့ လူတွေ အများကြီး ကို လှူရင် ပိုမမြတ်ပေဘူးလား...
ဗုဒ္ဒဘုရားရှင် ရှိနေရင် မြန်မာတွေ စိတ်ဓာတ် အယူအဆ တွေ လွဲမှားနေတာတွေ ဆုံးမလိုက်မဲ့ ဖြစ်ခြင်း..
အနောက် နိုင်ငံတွေ ရဲ့ အယူဝါဒ က သာ မှားနေကြတာ..စိတ်ဓာတ် ပိုင်းမှာ တော့ ဘုရား ဆုံးမတော် မူ ခဲ့ တဲ့ အတိုင်းကျင့်ကြံ ကြတယ်..
အလှူ ဒါန မှာ ဆိုလည်း သူတို့ လုပ်ကိုင်ပုံက လေးစားဖို့ကောင်းတယ်
............မြန်မာ မြန်မာ...ဗုဒ္ဒဘာသာ ကိုးကွယ်တဲ့ လူတွေက ဘယ်လိုတွေ ဖြစ်ကုန်တာ လဲ....
အော် တခုရှိ သေးတယ်...ကြုံတုန်း ပြောပြလိုက်ပါတယ်..
ကမ္ဘာအေး မှာ စွယ်တော် ရောက်တော့ ဖူးကြ တဲ့ လူတွေ ပြောပြ တာ ကြားရတာက ...တခါဖူးဖို့ ၄ နာရီ ကြာတယ်တဲ့.....
ည ရောက်တော့ ပိတ်ပြီ ဆိုတာနဲ့ ဗိုလ်ချုပ် တွေ အတွက် အကောင် ပလောင်တွေ အတွက်ဆို ပြီး သီးသန့် ဖူးခွင့် ရကြတယ်လို့ ကြားရပါတယ်..
ဘုရားရှင်ရဲ့ စွယ်တော် အစစ် တာမှန်ရင် ဒီမြေပေါ်တောင် မကြွသင့် တော့ပါဘူး...သိပ်ကို အကျင့်ပျက်ပြီး...လုံးဝမသန့်ရှင်းတော့တဲ့ တိုင်းပြည် ဖြစ်နေပါပြီ..အာဖရိက က ဆိုမာလီ နိုင်ငံတောင် မျော်လင့်ချက်ရှိပါသေးတယ်

DeDe said...

ဆရာတော်ကြီးတွေလည်း အလှူအတန်း ကုသိုလ်ပြုဖို့ တရားပြကြပါတယ်။ ဘယ်လိုလှူရတန်းရမယ်ဆိုတာလည်း ဟောကြားကြပါတယ်။ နာယူတဲ့သူတွေက တလွဲဆံပင်ကောင်းနေကြတာရယ်၊ မီဒီယာတချို့ ရဲ့ အလံရှုးလုပ်တာတွေက လမ်းလွဲစေခဲ့တယ်လို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်က ထေရ၀ါဒ ဆရာတော်များကို နှိပ်ကွတ်ပြီး မဟာရနဗုဒ္ဒဘာသာကို အားပေးတဲ့ အာဏာပိုင်အဖွဲ့တွေမှာ တာဝန်အရှိဆုံးပါ။ မြတ်စွာဘုရားကလည်း ဒါတွေကို ကြိုတင်မြင်လို့ သာသနာတော်ရဲ့ သက်တမ်းကို သတ်မှတ်ခဲ့တာလို့ ထင်ပါတယ်။

မြတ်နန္ဒာ said...

ထားလိုက်ကြပါတော့ဗျာ လှူခဲ့ပြီးသားဟာတစ်ခုကို ပြန်ပြေားနေလို့ ဘာမှမထူးပဲ ကုသိုလ်စိတ်ကနေ အကုသိုလ်စိတ်တွေဖြစ်နေရတယ်လေ
ကိုယ့်ဘက်က င့ါလှူလိုက်တယ် ဆိုပြီး ဘုရားကိုအာရုံပြု သာဓုခေါ်လိုက်ကြပေါ့ဗျာ.....ခုမှ တော့ စွယ်တော်အစစ်ဟုတ်ချင်မှဟုတ်မှာပါလေတို့ နိုင်ငံရေးလေပြေထိုးတာပါတို့ ဆိုတာကို ဘေးဖယ်ပြီး ကုသိုလ်စိတ်သက်သက်ယူလိုက်ပါလားဗျာ ဘာပဲဖြစ်ဖြစ်မြတ်ပါတယ် ....

bone said...

အော်လူတွေလူတွေ လူတွေမို့လို့လူတွေလို့ပြောတာပါအခက်ဆုံးဆိုတဲ့အထည့်မှာဒီလူတွေပါတယ် ဘယ်ဟာကိုအစစ်လို့သတ်မှတ်ပြီးလှူကြတာလဲ ဒါဆိုကျနော်တို့နိုင်ငံကဘုရားပုထိုး တွေကိုအတုလို့ပြောလိုက်တာပေါ့နော်ဒီလောက်လည်းမအကြပါနဲ့သတိကလေးထားကြပါကိုယ့်အိမ်မှာကိုးကွယ်ထားတဲ့ဘုရားကိုရောဘယ်လိုသတ်မှကြသေးလဲနိုင်ငံတွင်းမှာလဲအများကြီးရှိပါတယ် ဒါက မဟာယနကိုးကွယ်တာပါတရုတ်တွေက ကျနော်တို့နဲ့မဆိုင်လောက်ပါဘူးဒါပေမဲ့လှူမယ်ဆိုတော့လှူပါမလှူနဲ့လို့တော့မပြောပါဘူးကနော်တို့နိုင်ငံမှာလှူစရာနေရာတွေအများကြီးရှိပါတယ်ဒုက္ခရောက်ကြတဲ့တပုံကြီးပါအစစ်ဆိုတာရောဘယ်သူပြောတာလဲဒီတရုတ်တွေက ကျနော်တို့နိုင်ငံကရွှေတိဂုံကိုတောင်သယ်လို့ရရင်သယ်ယူချင်နေတာ နိုင်ငံတော်မှာရှိတဲ့ပစ္စည်းတွေကိုအကုန်လုံးယူချင်နေတာ ဒီအလှူငွေတွေကိုဒီတရုတ်တွေမယူရင်ဘယ်သူယူမှာမို့လို့လဲ ကိုရင် စကားကိုကြည့်ပြောပါအုံး ကိုရင်ရယ် ဘာသာရေး ဟာဘာသာရေး နိုင်ငံရေးဟာ နိုင်ငံရေးဆိုတာ ကိုရင်ပြောမှာလားလူတိုင်းသိတာပေါ့ ဒီလိုစိတ်ကောင်ရှိနေရင်ကိုယ့်ခေါင်းကိုဒီလူတွေနင်းသွားမှာပေါ့ သူတို့တွေကဒီလိုစိတ်မျိုးမှမရှိတာကို ရတာကိုအကုန်လိုချင်နေတဲ့ကောင်တွေပါ နိုင်ငံတော်မှာရှိတဲ့ အဖို့တန်ရတနာတွေကို အစိုးရကလည်း သူ့တို့ရဲ့လှည့်ကွက်ထည့်မှာကိုရောက်တော့မှာပေါ့ သူတို့ကကိုယ့်နိုင်ငံအတွက် ကျနော်တို့နိုင်ငံကရသမျှ ရွေ ငွေ ကျောက် သဘာဝဓာတ်ငွေ့ သစ်တော အလကားရတယ်လို့မှတ်နေတာ အစိုးရကတော့ ကိုယ့်နိုင်ငံကထွက်ပစ္စည်းတွေကိုဒီကောင်တွေကိုရောင်းစားတယ် သူတို့အစိုးရက ကိုယ့်နိုင်ငံ ရေလို ရင်ရေ မီးလိုရင် မီးရစေရမယ် ဘယ်ကဘဲ မသာမာတဲ့နည်းလမ်းနဲ့ရရ ဘယ်လိုဘဲရရ ရအောင်ရှာပေးတယ် တို့နိုင်ငံကျတော့ ရေလိုရင် ရေ ပြတ်စေရမယ် မီးလိုရင် မီး မလာစေရဘူး ကိုယ့်နိုင်ငံကိုဒီလောက်ချစ်တဲ့အစိုးရမမြင်ဖူးပါဘူး ရှိတဲ့ဟာတွေကိုတောင်လုပ်ခွင့်မပေးခဲ့ဘူး ခုရခိုင်ပြည်မှာ ရေတံခွန်တွေ ဓာတ်ငွေ့တွေပေါလို့ တစ်နိုင်ငံလုံးကိုနွားတဲပါမကျန်ပေးလို့ရပါတယ် ဘယ်ကြောင့်လုပ်မပေးတာလဲ ရှင်းရှင်းလည်းဘဲ ကိုယ့်နိုင်ငံကိုမချစ်လို့ပေါ့တိုင်းရင်းသားတွေကို ကိုယ့်ထက်မသာစေချင်လို့ဘဲ သူများကောင်းစားမှာကိုမလိုလားဘူး ငါဘဲကောင်းစားမယ်ဆိုတဲ့ မိတ္ဆာဒိတ်ထိ စိတ်ဓာတ်တွေများနေလို့ဘဲ ခုတိုင်းရင်းသားတွေကိုတိုက်ခိုင်နေတယ် ဘယ်ကြောင့်လဲ တရားမျှတမှုမရှိလို့ဘဲ အစိုးရဆိုတာရှေးကို တစ်ပေလောက်ဘဲကြည့်လို့မရဘူး တစ်နိုင်ငံလုံး ကြည့်ရတယ် သူတို့ကြည့်တာ ဘာကိုကြည့်လဲသိလား ဟာဒီကောင်တွေ ဒီလူမျိုးတွေ ငါတို့ထက် သာသွားတော့မယ် ဖိထားအုံးမှဘဲလို့အမြဲတမ်းတွေးနေလိမ့်မယ်သူများနိုင်ငံက ချူစားရင်သူတို့သမီးကိုပါပေး ပါလိမ့်မယ် ပိုက်ဆံများရမယ်ဆိုရင် နောက်ဆုံးနိုင်ငံကိုပါရောင်းစားပါလိမ့်မယ်တရုတ်ကိုခုလည်းကုန်နေပါပြီမြန်မားနိုင်ငံတစ်ဝက်ရောင်းစားလို့......အားလုံးကိုလေးစားပါတယ် ........မျိုးချစ်လူငယ်.........ဘုန်းမြတ်ကောင်း

Anonymous said...

စွယ်တော်ကလဲ ဋ္ဌာပနာမယ်လို့ကြားတယ်..ဟုတ်မဟုတ်တော့ မသေချာဘူးပေါ့..ဋ္ဌာပနာခဲ့ရင်နောက်ဆိုဒီလိုအသေအချာ ဖူးခွင့်ရှိပါတော့မလား..ရွှေတိဂုံကဆံတော်ကို ဒီလိုအသေအချာ ဖူးခွင့်ရခဲ့ရဲ့လား.. သီရိလင်္ကာနိုင်ငံကစွယ်တော်ဆိုရင်မြန်မာပြည်ကို ကြွလာခဲ့ဖူးလား.. ဘယ်လိုဘဲပြောပြော လှူပြီးသားတွေမို့မုဒိတာသာပွားသင့်ပါတယ်.. လှူလိုက်တဲ့ သူတွေအတွက်လည်း ကုသိုလ်စိတ်တွေပွားနေတာမို့ သူတို့အတွက်ကောင်းတာတွေ ဖြစ်လာမှာပါ.. လှူထားတာတွေက အလကားဖြစ်မယ်လို့ မထင်ပါဘူး.. ကြားဖူပါတယ်တစ်ခါတုန်းက တောရွာမှာနေတဲ့ အမေတစ်ယောက်က သူမသေခင် ရဟန္တာ ရဲ့ ဓာတ်တော်ကိုဖူးချင်လိုချင်လို့ မြို့သွားတဲ့ သားကို အမြဲမှာပါသတဲ့..ပင့်ခဲ့ပါလို့..သားကလဲအမြဲမေ့ပါတယ်တဲ့. နောက်ဆုံး တော့ သားကရွာပြန်နေတဲ့လမ်းမှာမှ အမေမှာတာကို သတိရပြီး လမ်းမှာတွေတဲ့ တိရိစ္ဆာန် အရိုးကို ပြုပြင်ပြီး ဓာတ်တော်ဆိုပြီး အမေအိုကို ပေးပါတယ်..အမေအိုကယုံကြည်ပြီး လွန်စွာကြည်ညိုတဲ့ အခါ ဓာတ်တော်က ရောင်ခြည်တော်တွေ ကွန့်မြူးပါတယ်.. စိတ်ထားတတ်ရင် အမြတ်ရမှာပါ

Anonymous said...

ကျွန်တော်ထင်တာကတော့ ဒီမိုကရေစီ ရှုထောင့်ကကြည့်ရင် သူပိုင်တဲ့ငွေ သူလှူချင်တဲ့နေရာမှာ လှူပိုင်ခွင့်ရှိတယ် သူ့ငွေလေ သူလုပ်ချင်တာလုပ်မှာပေါ့

စိုးဇေယျထွန်း said...

ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မုဒိတာ မပွားနိုင်ပါဘူး။ မြန်မာတွေ တစ်ခုခုတော့ လွှဲချော်နေပြီလို့ တွေးတောမိပါတယ်။
ကျုပ်တို့ လူမျိုးတွေက ဘုရားကို ရွှေချတာကိုမှ လှူတယ်လို့ထင်ကြတယ်။ မိဘမဲ့ကလေးကျောင်းတွေ ဆေးရုံတွေ စာသင်ကျောင်းတွေကို လှူတဲ့ အလှူရှင်ဆိုတာ တစ်သိန်းမှာ တစ်ယောက်တောင် မရှိပါဘူး။

ဘုရားဒကာ ကျောင်းဒကာကြီးလို့ပဲ ရှိပါတယ်။ စာသင်ကျောင်းဆောက်လှူတဲ့ အလှူရှင်ဆိုတာ လုံးဝမရှိသလောက်ကိုရှားပါတယ်။

အခုစွယ်တော်ကိုလှူတဲ့ ကိစ္စမှာတော့ ဖတ်ရတာ ၀မ်းနည်းမိပါတယ်။ ဘာသာရေးကိုမှာလှူချင်တယ်ဆိုလည်း တကယ်လိုအပ်နေတဲ့ နေရာတွေ အများကြီးပါ။ ဥပမာ လှူချင်တယ်ဆိုရင်တောင် မြန်မာနိုင်ငံက စာသင်တိုက်တွေ ဘုန်းကြီးကျောင်းတွေထဲမှာ ပင်ပင်ပန်းပန်း ဆွမ်းခံစားပြီး စာသင်နေရတဲ့ ဘုန်းကြီးတွေ အများကြီးပါ။

အခုစွယ်ဆိုလို့သာ စွယ်တော် လုပ်နေတာ။ တရုပ်ပြည်မှာ စွယ်တော် အစစ်ရှိတယ်ပဲ ထားပါဦး ရန်ကုန်ကို ရောက်လာတဲ့ စွယ်တော်ဟာ တကယ်စစ်မစစ်ဆိုတာ ဘယ်သူသက်ပြနိုင်လဲ.......

အဲဒါကို ငွေပုံအော လှူကြတယ်ဆိုတော့.........

GUGUGU said...

မယုံရင်မကန့်တော့ပါနဲ့ စေတနာမပါရင်မလှူပါနဲ့ တရုတ်တိုင်းကိုလူလိမ်လူညစ်လို့မှတ်ရင် အနီးပတ်ဝန်းကျင်ကတရုတ်တွေကို ရိုက်သတ်လိုက်ပါလို့ ပြောလို့ပါတယ် ဂျာမနီကဂျူးတွေကိုသတ်သလိုပေါ့ ဒါမှမြန်မာကွလို့ ဟစ်ကြွားနိုင်မှာပေါ့ ပြီးတော့နောက်တစ်ခါလာရင် ကန့်ကွက်စစ်မစစ်သက်သေပြခိုင်းလိုက်ပေါ့ မဟုတ်ရင် အလှူငွေမထည့်ရလို့ဆိုပြီးစည်းရုံးကြပေါ့

san san said...

အဲ့ဒါ တရုတ်တွေလူလည်လုပ်တာ။မြန်မာတွေကတော့အ ပြီး အ နေ တာဘဲ။ဘာလို့သူတို့ပေးရမှာလဲ။ဆင်းရဲတဲ့နေရာမှာ ရေလိုအပ်တယ် ။လှူပါလား။ဘာလို့တရုတ်ကိုပေးလိုက်ရတာလဲ ၊မြန်မာတွေဒီလောက်တုံးတယ်။ဒါကြောင့်တရုတ်နောက်လိုက်လုပ်နေရတာ၊

မျိုးချစ်လူငယ် said...

ခွေးမသားတရုတ် ငါ့တို့နိုင်ငံကိုလာဖြတ်ဆီးနေတာ။

မျိုးချစ်လူငယ် said...

........မျိုးချစ်လူငယ်.........ဘုန်းမြတ်ကောင်း ရေ........
လေးစားတယ်ဗျာ.....ခင်ဗျားကျူပ်ပြောတဲ့နိုင်ငံကောင်းစားဖို့အတွက် လုပ်ဖို့မမေ့ပါနဲ့လို့ပြောထားတဲ့စကားကို မမေ့တဲ့အတွက်ပါ။

nwenwe said...

ကိုယ်. အမြင်နဲ. ကိုယ် ကတော. အားလုံးက အမှန်တွေ ကြီးပါဘဲ...
ဒါပေမဲ. မြတ်စွယ်တော် ကို ကြည်ညို ပူဇော်တဲ. လူတွေလဲ သူတို. အမြင်နဲ. သူတို.ပေါ. ဆိုလိုတာက ကောင်းစေချင်လို. ဝေဖန်တာက
သင်.တော် ကောင်းမွန်ပေမဲ. အကြောင်းအရာ တခုကို မကောင်းတဲ.ဘက်က ကြီးဘဲ မမြင်ကြဖို.ပါ...
တဦးတယောက်ကောင်း အတွေးပြုပြင်မှုနဲ. နိုင်ငံလူမျိုးကတိုးတက်ကောင်းစားမှာ မှ မဟုတ်တာ... မြန်မာ နိုင်ငံသားတိုင်း...အပြောနဲ. သက်သေမပြဘဲ....အလုပ်နဲ.သက်သေပြနိုင်ကြရင်....တိုးတက်လာမယ်လို. ထင်ပါတယ်....

ဦးတေဇိန် said...

အင်း အကုန်လုံးကို ဖတ်ပါတယ် မြတ်စွာဘုရားဝါဒက ၀ိဘဇ္ဖ၀ါဒ ဝေဖန်ပိုင်းခြားရတဲ့ဝါဒပါ ဝေဘန်လို့ရပါတယ် ဝေဘန်ခံနိုင်တဲ့အရာက တကယ့် အမှန်တရားပါ၊ အလှူလှူတဲ့နေရာမှာ ပါရမီထိုက်အောင် လှူပါလို့ ပြောတဲ့ မြတ်စွာဘုရားဟောနဲ့တော့ မကိုက်တာအမှန်ပါဘဲ တကယ်လိုတဲ့ နေရာ မှာ အလှူခံအတွက် တကယ်အကျိုးရှိတာကို လှူတာက ပါရမီမြောက်ပါတယ်၊ ဥပမာ ခွေးကို ကျွေးရင် ဘ၀ ၁၀၀ အပါယ်မလားပါဘူး၊ ရဟန်းတာ ပစ္စေက ဗုဒ္ဓကို လှူရင် ဘ၀များစွာ မရေနိုင်အောင် အပါယ်မလားပါဘူး၊ ငတ်သေတော့မဲ့ခွေးနဲ့ ရဟန်းတာ ပစ္စေက ဗုဒ္ဓယှဉ်ပြီး ရွေးချယ်လှူရတော့မယ်ဆိုရင် ပါရမီထိုက် ပါရမီမြောက်တဲ့ အလှူကတော့ ခွေးတစ်ကောင်ကို အစာကြွေးလိုက်ခြင်းက ပါရမီမြောက်တဲ့ဒါန ပါ .......... ဘာဖြစ်လို့လဲ ကိုယ့်အကျိုးမကြည့်ဘဲနဲ့ သူ့အကျိုးကို ကြည့်လို့ပါတဲ့
ဘန်ကောက်ဘိက္ခု

ဦးတေဇိန် said...

ဒါပေမဲ့လေ……ယောနိသောမနသိကာရဘဲလား ဖြစ်အောင်တွေးတယ်ဘဲပြောရမလား နိုင်ငံကြီးက မြစ်တော်ရှရင် ပြည်သူတွေဘဲ ရေရှည်ဒုက္ခရောက်မှာဘဲဆိုပီး ပြည်သူ ဒုက္ခ မရောက်အောင် သန်း ၆၀ ရဲ့အကျိုးအတွက် မျှော်ကိုးပြီးတော့ ပင့်ပေးတာ
လှူခဲ့ တာတွေကိုလည်း အော် ဒို့လှူတာ စွယ်တော်ဆိုပေမဲ့
သန်း ၆၀ သော ပြည်သူတွေ နောင်ကောင်းစားရေးလဲ ပါပေသားဘဲဆိုပီး
ဒီလိုအတွေးနဲ့ဘဲ တွေးလိုက်ရင်တော့
ပါရမီမြောက်မယ်ဗျို့
လှူပြီးသောသူများ အထက်ပါအတိုင်းတွေးပီး ၀မ်းသာကြပါလို့ (ပရ စေတနာ= လှူပီးတော့ ၀မ်းသာတာ)
ပရစေတနာ ဖြစ်ကြပါလို့
မလှူရသေးတဲ့သူတွေလည်း အော်ဒီလိုဆိုလည်း ပါရမီမြောက်တဲ့ ဒါနပါပဲလားဆိုပီး သာဓုခေါ်ကြပါလို့
ဘုန်းကြီးပီပီ အနုမောဒနာတရား ဟောလိုက်ရပါတော့သတည်း……..
သာဓု……..သာဓု…….သာဓု……………..

REAL said...

3 million dollar is not too much . Actually it worth if we look and pray for Buddha Tooth . So to see Buddha tooth ,we pay 3 million dollar to china , it worth. Because we are Buddhism .

Gil said...

မြန်မာတွေအလှူလွဲတာပုဂံခောတ်ကတည်းကပါ။

kyawkyawsoe said...

@ သစ်ထူးလွင် ...

ညီလေးရော မိရိုးဖလာ ဗုဒ္ဒဘာသာမလား။ သူ့ဟာသူ တရုတ်မကလို့ ကလားဘဲဖြစ်နေဖြစ်နေ လှုဒါန်းတယ်ဆိုတာ သဒ္ဒါတရားနဲ့လှုတာ။ အကျိုးကိုမျှော်ပြီးရေလောင်းတာမဟုတ်ဘူး ညီလေး။ အဲဒီလိုဘဲ လှုတယ့်သူတွေကလည်း ကိုယ့်အကြည်စိတ်လေးနဲ့ လှုကြတာ သူတို့လှုတဲ့ ပိုက်ဆံတွေကို ဘယ်သူရပါစေဆိုပြီး ရည်ရွယ်တာမဟုတ်ဘူး။ ကိုယ်လှုလိုက်တာလေးကို ၀မ်းမြောက်ဝမ်းသာဖြစ်အောင်လို့ သဒ္ဒါစိတ်လေးနဲ့ ပိတိဖြစ်နေတာ။ သူများတွေ လှုနိုင်တမ်းနိုင်, ပိတိဖြစ်နေတာလေးကို ၀မ်းမြောက်ဝမ်းသာဖြစ်ရမှာပါ။ ဘယ်သူရတယ် လို့ စိတ်ထဲမှာဖြစ်သွားပြီဆိုတာနဲ့ အကုသိုလ်ဖြစ်သွားပြီ။

Powered by Blogger.