ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ထိုင်း​ဝန်ကြီး​ချုပ်​တွေ့​မည်

မြန်မာနိုင်ငံမှာ လက်ခံကျင်း​ပမယ့်​ စတုတ္ထအကြိမ် မဟာမဲ​ခေါင် ​ဒေသခွဲ ထိပ်သီး​ အစည်း​အ​ဝေး​ တက်ဖို့​ရှိတဲ့​ ထိုင်း​ဝန်ကြီး​ချုပ် ယင်လပ်ခ့်​ ရှင်နာဝပ်ဟာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံမယ်လို့​ ​သိရပါတယ်။
ထိုင်း​ ဝန်ကြီး​ချုပ် ယင့်​လပ်ခ့်​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အင်္ဂါ​နေ့​ ည​နေပိုင်း​မှာ ​တွေ့​ဖို့​ရှိတဲ့​အ​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ်ရုံး​ ​ပြောခွင့်​ရက ​ပြောပါတယ်။
ဒီသတင်း​နဲ့​ ပတ်သက်လို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က​နေ ထုတ်ပြန်တာမျိုး​ မရှိ​သေး​ပေမယ့်​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဝင် ဦး​ခွန်သာမြင့်​က​တော့​ ထိုင်း​ဝန်ကြီး​ချုပ်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံဖို့​ရှိတယ်လို့​ အတည်ပြု​ပြောပါတယ်။
ဒီအစည်း​အ​ဝေး ​ကို ထိုင်း​ဝန်ကြီး​ချုပ် မစ္စယင်း​လတ် ရှင်နာဝပ်၊​ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဆူရာ​ပေါင်နဲ့​ စွမ်း​အင်ဝန်ကြီး​တို့​လည်း​ လိုက်ပါပြီး​တော့​ ​ဒေသတွင်း​က အကြီး​အကဲ​တွေ တက်​ရောက်မှာ ဖြစ်ပါတယ်။
ထိုင်း​ နိုင်ငံကို မြန်မာပြည်က တင်ပို့​နေတဲ့​ ဓာတ်​ငွေ့​ပမာဏဟာ ထိုင်း​တနိုင်ငံ စွမ်း​အင်လိုအပ်ချက်ရဲ့​ ၃၀ ရာခိုင်နှုန်း​ရှိပါတယ်။ အစည်း​အ​ဝေး​မှာ စီး​ပွား​ရေး​ဆိုင်ရာ ကိစ္စ​တွေ ​ဆွေး​နွေး​သွား​ဖွယ်ရှိပြီး​ အ​သေး​စိတ်ကို မသိရဘူး​လို့​ ထိုင်း​နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာနက ​ပြောခွင့်​ရသူတဦး​က ​ပြောပါတယ်။
ဆွေး​နွေး​ပွဲ တက်​ရောက်မယ့်​ ထိုင်း​အစိုး​ရ အဖွဲ့​ဝင်များ​က​တော့​ စွမ်း​အင်ကဏ္ဍ ကိစ္စရပ်များ​ကို မြန်မာနဲ့​ သီး​ခြား​ ​ဆွေး​နွေး​သွား​မယ်လို့​ ထိုင်း​နိုင်ငံထုတ် ​နေရှင်း​သတင်း​စာမှာ ​ရေး​သား​ထား​ပါတယ်။
ဒီအစည်း​အ​ဝေး ​ကို ​နေပြည်​တော်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း​ရှင်း​ ဗဟိုဌာန (MICC)မှာ လာမယ့်​ တနင်္လာနဲ့​ အင်္ဂါ​နေ့​တွေမှာ ကျင်း​ပပြုလုပ်မှာဖြစ်ပါတယ်။
ပို့​ဆောင်​ ရေး​၊​ ဆက်သွယ်​ရေး​၊​ ရင်း​နှီး​မြှုပ်နှံမှု၊​ ခရီး​သွား​လုပ်ငန်း​၊​ စွမ်း​အင်၊​ စိုက်ပျိုး​ရေး​၊​ ကုန်သွယ်​ရေး​ စတဲ့​ကဏ္ဍ​တွေမှာ မဲ​ခေါင်မြစ်​ကြောင်း​တ​လျှောက်ရှိ နိုင်ငံ​ခြောက်နိုင်ငံက ပူး​ပေါင်း​ဆောင်ရွက်​နေပါတယ်။
ထိုင်း​ ဝန်ကြီး​ချုပ်ဟာ ​အောက်တိုဘာ လဆန်း​ပိုင်း​ကလည်း​ ​နေပြည်​တော်ကို ​နေ့​ချင်း​ပြန် သွား​ရောက်ခဲ့​ပြီး​ အဲဒီတုန်း​က မြန်မာသမ္မတ ဦး​သိန်း​စိန်နဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။ 
ကိုထွေး (ဒီဗွီဘီ)
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ထိုင်း​ဝန်ကြီး​ချုပ်​တွေ့​မည် ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ထိုင်း​ဝန်ကြီး​ချုပ်​တွေ့​မည် Reviewed by သစ်ထူးလွင် on 19:59 Rating: 5

No comments:

Powered by Blogger.