ဘုရာဖူးခရီးသွားများလို့  ရင်ပြင်တော်၌ပင် အိပ်စက်ခဲ့ရသူများပြား

ကျိုက်ထီးရိုးဘုရားသို့ ခရစ္စမတ်ကာလအတွင်း ဘုရားဖူးခရီးသွား စည်ကားများပြားခဲ့ပြီး တည်းခိုခန်း များပြည့်ခဲ့သည့်အတွက် ရင်ပြင်တော်၌ပင် အိပ်စက်ခဲ့ရသူ များပြားခဲ့ကြောင်း သိရသည်။
“ခရစ္စမတ်နေ့က ကျောင်းပိတ် ရက်နဲ့တိုက်ဆိုင်လို့ ဘုရားဖူးကို နှစ်ညအိပ်သွားဖို့စီစဉ်ထားခဲ့ပေမယ့် တစ်ရက်တည်းနဲ့ ပြန်ခဲ့ရတယ်။ ဘုရားလည်းရောက်ရော တည်းဖို့အခန်းလိုက် ရှာတာ လုံးဝမရှိတော့ဘူး။ တည်းခို ခန်းမပြောနဲ့ရင်ပြင်မှာတောင်အိပ်စရာ နေရာမရှိခဲ့ဘူး။ ကျိုက်ထီးရိုးက နှစ်စဉ်ဒီဇင်ဘာလဆိုရင် ဘုရားဖူးစည်ပေမယ့် ဒီနှစ်ကပိုစည်သလိုပဲ။ ညဘက်ရင်ပြင်မှာဆိုရင် ခြေချစရာ နေရာတောင်မရှိပါဘူး” ဟု ဘုရားဖူး ခရီးသွားတစ်ဦးက ဆိုပါသည်။
“ကျွန်တော်တို့ ဒီဇင်ဘာလ ဘုရားဖူးကာလအတွင်း အဆင်ပြေအောင် တောင်တက်ကားတွေကို မနက် ငါး နာရီကစပြီး အချိန်တိုးမြှင့်ပြေးဆွဲပေးပါတယ်။ ပုံမှန်ရက်တွေဆိုရင် တောင်တက်ကားတွေက မနက် ခြောက်နာရီမှ စထွက်တာပါ။ ဒါပေမဲ့ ခရစ္စမတ်နေ့မှာတော့ ဘုရားဖူးတွေ ကနံနက်၂ နာရီ လောက်ကတည်းက တောင်တက်ကားဂိတ်မှာ ပြည့်နေတော့ နံနက် ၄ နာရီလောက်ကနေ ည ၇ နာရီလောက်အထိ ပြေးဆွဲပေးခဲ့ရပါတယ်။ နှစ်စဉ် ခရစ္စမတ်လိုနေ့မျိုး နယူးရီးယားလို နေ့မျိုးဆိုရင်ဘုရားဖူး များပေမယ့် ဒီနှစ်ခရစ္စမတ်နေ့က ကျောင်းတွေရုံးတွေ ပိတ်ရက်နဲ့တိုက်ဆိုင်တော့ ဘုရားဖူးပိုများခဲ့ပါတယ်” ဟု ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းမှ ဥက္ကဋ္ဌဦးဝိတင် က ပြောပြခဲ့ပါသည်။
လက်ရှိတွင် ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်း မှ ပြေးဆွဲပေးနေသည့် ကားအစီးရေ ၁၄၃ စီး ရှိကြောင်း သိရသည်။
“ယာဉ်စီးခနှုန်းတွေက ကင်ပွန်းစခန်းမှ ရသေ့တောင်အထိ တစ်ဦးကို ရှေ့ခန်း၂၀၀၀ နောက်ခန်း ၁၅၀၀၊ ကင်ပွန်းစခန်းကနေ ရင်ပြင်တော် အထိ တစ်ဦးကို ရှေ့ခန်း ၄၀၀၀  နောက်ခန်း ၃၀၀၀ သတ်မှတ်ထားပါတယ်။ ဒီယာဉ်စီးခတွေထဲမှာ အသက် အာမခံကြေး ပါပြီးသားပါ” ဟု ဦးဝိတင်က ဆက်လက်ပြောပြခဲ့ ပါသည်။
EMG
ဘုရာဖူးခရီးသွားများလို့  ရင်ပြင်တော်၌ပင် အိပ်စက်ခဲ့ရသူများပြား ဘုရာဖူးခရီးသွားများလို့  ရင်ပြင်တော်၌ပင် အိပ်စက်ခဲ့ရသူများပြား Reviewed by သစ်ထူးလွင် on 16:57 Rating: 5

No comments:

Powered by Blogger.