မြန်မာတို့ တရုတ်နှင့် ဆက်ဆံရေးကောင်းနေခြင်းအပေါ် အမေရိကန် မစိုးရိမ်

(New Kerala မှ 3 December 2011 ရက်စွဲပါ US not concerned about Myanmar’s good relation with china clinton သတင်းကို ဘာသာပြန်ဆိုသည်)
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်မှုများကို မြန်မာအစိုးရက ထိမ်းသိမ်းနေခြင်းနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက စိုးရိမ် ပူပန်ခြင်းမရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေး ကောင်းနေတာနဲ့ပတ်သက်လို့ ကျွန်မတို့ စိုးရိပ်စရာအကြောင်းရင်းတွေ မရှိပါဘူး"ဟု ကလင်တန်က သူမ၏ နှစ်ရက်ကြာမြန်မာနိုင်ငံခရီးစဉ်ပြီးဆုံးခါနီး သောကြာနေ့တွင် NBC TV net work သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်နိုင်ငံဟာ ရှည်လျားတဲ့ နယ်စပ်ခြင်း ထိစပ်နေကြတယ်။ ဒါကြောင့် မြန်မာတွေအတွက်တော့ တရုတ်နိုင်ငံဟာ ဘယ်လိုအတူတကွ သင့်မြတ်အောင် နေထိုင်ကြမလဲလို့ ပုံဖော်ကြည့်ရမယ်။ အိမ်နီးခြင်း အင်အားကြီးနိုင်ငံ ဖြစ်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ စိတ်ဝင်စားစရာ ဘာမှမရှိသလို ကန့်ကွက်စရာလည်း မရှိပါဘူး"ဟု ကလင်တန်က ဆက်လက်ပြောဆိုသည်။
ကလင်တန်က သူမ၏ မြန်မာနိုင်ငံခရီးစဉ်သည် ဤနိုင်ငံအတွင်းမှ ပြုပြင်ပြောင်းလဲရေးသမားများကို ထောက်ခံအားပေးမည့် အမေရိကန် တွေ့ထိ ဆက်ဆံမှုအစီအစဉ်၏ အလားအလာကိစ္စအတွက်သာဖြစ်ပြီး ထိုတက်ပို၍အရေးပါသော အကြောင်းရင်းမရှိပါဟု ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက သတင်းထုတ် ပြန်သည်။
အစောပိုင်းတွင် ကလင်တန်က သူမသည် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ စိတ်ဝင်တစားရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်နှင့် တွေ့ဆုံရသည်မှာ ဂုဏ်ယူစရာဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
ဒါဟာ ကျွန်မတို့နှစ်ယောက်အတွက် ပထမဆုံးအကြိမ်တွေ့ဆုံမှုဆိုပေမယ့် မတွေ့ရတာ အချိန်တော်တော်ကြာပြီဖြစ်တဲ့ မိတ်ဆွေ တစ်ယောက် ကို တွေ့ရသလိုပါပဲ။ နှစ်ပေါင်းများစွာ အကျယ်ချုပ်ထိန်းသိမ်းခံဘဝကနေ လွတ်မြောက်လာတဲ့ သူမကိုတွေ့မြင်ရတာဟာ မယုံကြည်နိုင်လောက်အောင် စိတ်လှုပ်ရှားစရာ၊ ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ခဲ့ပါတယ်"ဟု ကလင်တန်က ထုတ်ဖော်ပြောကြားသည်။
ယခုအခါကလင်တန်သည် ၁၉၅၅ ခုနှစ်က John Foster Dulles ၏ နောက်ပိုင်း မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် မှတ်တမ်းဝင်သွားဖြစ်သည်။
ကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများပြုလုပ်ပြီးနောက်တွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသား အသိုင်းအဝိုင်း ကိုယ်စားပြု အဖွဲ့ဝင်များ၊ ဖွံ့ဖြိုးဆဲအရပ်ဖက်အဖွဲ့အစည်းအုပ်စုများ၏ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။
                                        ********************************************
YC 
Myanmar News Now
မြန်မာတို့ တရုတ်နှင့် ဆက်ဆံရေးကောင်းနေခြင်းအပေါ် အမေရိကန် မစိုးရိမ် မြန်မာတို့ တရုတ်နှင့် ဆက်ဆံရေးကောင်းနေခြင်းအပေါ် အမေရိကန် မစိုးရိမ် Reviewed by သစ်ထူးလွင် on 02:45 Rating: 5

No comments:

Powered by Blogger.