ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV ပြုစု စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်မည်

မြန်မာနိုင်ငံသို့ နှစ် ၅ဝ အတွင်း ပထမဦးဆုံး လာရောက်မည့် အမေရိကန် ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး အစိုးရ အရာရှိ ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ရန်ကုန် မြို့တော်သို့ ရောက်ရှိခိုက် ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ် HIV ပိုး ကူးစက်ခံ လူနာများကို ပြုစုစောင့်ရှောက် ပေးနေသော ဂေဟာသို့ လာရောက်ရန် အစီအစဉ် ရှိကြောင်း အဆိုပါ ဂေဟာမှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းက The Voice Weekly သို့ ပြောကြားသည်။" မစ်စ် ကလင်တန်က ကျွန်မတို့ ဂေဟာကို လာဖို့အတွက် သူတို့ သက်ဆိုင်ရာက နေရာတွေ ဘေးပတ်ဝန်းကျင် တွေကိုတော့ လာကြည့်သွားတယ်။ ဒါပေမယ့် လာ မလာတော့ သေသေချာချာ သူတို့အကြောင်း မပြန်သေးဘူး " ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။ယင်း ပြုစုစောင့်ရှောက်ရေး ဂေဟာက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သော World AIDS Day အတွက် ရွေဂုံတိုင်ရှိ NLD ရုံးချုပ်၌ အထိမ်းအမှတ်ပွဲ ကျင်းပမည် ဖြစ်ပြီး ယင်းနေ့ အတွက်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ရန် ရှိကြောင်း ၄င်းက ရှင်းပြသည်။World AIDS Day ကို ဗဟန်း မြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် စတင်မည် ဖြစ်ပြီး အနယ်နယ် အရပ်ရပ်ရှိ NLD ရုံးခွဲများ ထံသို့ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးပို့မည် ဖြစ်ကြောင်း အဆိုပါ ဂေဟာမှ စေတနာ့ဝန်ထမ်း လုပ်အားပေး ကိုလှမျိုးအောင်က ပြောကြားသည်။" ကျွန်တော်တို့က အမှတ်တရ လက်ဆောင်တွေကို သော့ချိပ်တို့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဝေါလ်ရှိ တို့ကို အောင်လံ၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်းနဲ့ မိတီ0x081တလာတို့ကို နှစ်စဉ် ပို့ပေးတဲ့အတိုင်း ပို့မှာပါ " ဟု ၄င်းက ရှင်းပြသည်။အဆိုပါ ပြုစုစောင့်ရှောက်ရေး ဂေဟာသည် အမှတ် ၃၇၆၊ ကမ္ဘောဇ ၂ လမ်း၊ ၁၈ / B၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွင် တည်ရှိသည်။
ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV ပြုစု စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်မည် ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV ပြုစု စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်မည် Reviewed by သစ်ထူးလွင် on 08:20 Rating: 5

No comments:

Powered by Blogger.