ရန်ကုန်မြို့​တွင် ခုံး​ကျော်တံတား​လေး​ခု ​လေး​လအတွင်း​ အပြီး​တည်​ဆောက်မည်

ရန်ကုန်မြို့​ ကမာရွတ်မြို့​နယ်မှာရှိတဲ့​ လှည်း​တန်း​လမ်း​ဆုံ၊​ တာ​မွေက တာ​မွေအဝိုင်း​ထိပ်လမ်း​ဆုံ၊​ ဗဟန်း​မြို့​နယ်ထဲက ​ရွှေဂုံတိုင်လမ်း​ဆုံနဲ့​ အင်း​စိန်မြို့​နယ်က ဘုရင့်​နောင်လမ်း​ဆုံ​တွေမှာ ခုံး​ကျော်တံတား​တွေ တည်ဆောက်သွား​မယ်လို့ သိရပါတယ်။
ကမာရွတ်၊ လှည်းတန်းလမ်းဆုံအနီး ကားများ ပိတ်ဆို့နေပုံ
 နိုဝင်ဘာ ၂၈ ရက်က ​နေပြည်​တော်မှာလုပ်တဲ့​ ဝန်ကြီး​ဌာနသုံး​ခုနဲ့​ ပြည်တွင်း​မီဒီယာ​တွေ ​တွေ့​ဆုံပွဲမှာ စက်မှုနှစ်ဝန်ကြီး​ ဦး​စိုး​သိန်း​က ​ပြောလိုက်တာလို့​ ​တွေ့​ဆုံပွဲတက်ခဲ့​တဲ့​ သတင်း​ထောက်တဦး​က ​ပြောပါတယ်။

အခုလို ခုံး​ကျော်တံတား​တွေ တည်​ဆောက်ဖို့​လုပ်တာဟာ ရန်ကုန်မြို့​ပြ ဖွံ့​ဖြိုး​ရေး​အတွက် ဖြစ်တယ်လို့​ ဆိုပါတယ်။
မြို့​ ပြစီမံကိန်း​ပညာရှင် ​ဒေါက်တာ​ကျော်လတ်က “ဒီကိစ္စက ဘယ်တိုင်း​ပြည်မှာပဲဖြစ်ဖြစ်၊​ ဘယ်မြို့​မှာပဲဖြစ်ဖြစ် တကယ်လို့​ ကား​ကများ​ပြီး​လို့​ ကျပ်လာတယ်ဆိုရင် တခါတ​လေကျ​တော့​ ဖြတ်တဲ့​နေရာမှာ ​စောင့်​နေရတာ​တွေ ​ရှောင်ရှား​ဖို့​အတွက် ခုံး​ကျော်တံတား​ ​ဆောက်ကြတာ​ပေါ့​။ ကမာရွတ်၊​ ​ရွှေဂုံတိုင်၊​ တာ​မွေ စသည်ဖြင့်​ သုံး​နေရာ​လောက်က​တော့​ တကယ်ကို အ​ရေး​တကြီး​ လို​နေပါတယ်။ အထူး​သဖြင့်​က​တော့​ ရန်ကုန် ​မြောက်ဘက်နဲ့​ ​တောင်ဘက် ဆက်တဲ့​ပြည်လမ်း​ပေါ့​။ ပြည်လမ်း​က ကမာရွတ်​နေရာ တည့်​တည့်​မှာ အဲဒီနား​မှာက လမ်း​ငါး​ခု ဆုံ​နေတာပါ။ အဲ​တော့​ ခုံး​ကျော်တံတား​ရှိတယ်ဆိုရင် ​မြောက်ဘက် ​တောင်ဘက်ကို သွား​နေတဲ့​ ယာဉ်​တွေက မြန်မြန်ဆန်ဆန် ​ရောက်သွား​မှာ​ပေါ့​။ အခု​နေ အဲဒီလမ်း​ကို သွား​ရတာက ​တော်​တော်ကြာတယ်။ မင်္ဂလာဒုံ ​လေဆိပ်က​နေပြီး​တော့​ မြို့​ထဲကို​ရောက်ဖို့​ တနာရီ​လောက် ​မောင်း​ရတယ်။ ခုံး​ကျော်တံတား​ ရှိရင်​တော့​ မြန်လာမှာ​ပေါ့” လို့ ​ပြောပါတယ်။
လော​လောဆယ် အခုနှစ် မိုး​ရွာသွန်း​မှု အဆက်မပြတ်ခဲ့​တာ​ကြောင့်​ ရန်ကုန်မြို့​တွင်း​လမ်း​တွေ ဆိုး​ဆိုး​ဝါး​ဝါး​ပျက်စီး​နေတာ ဦး​စား​ပေး​ပြင်ဆင်သင့်​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။
ရန်ကုန်မြို့​ မှာ ​နေထိုင်သူလူဦး​ရေ​ပေါင်း​ ငါး​သန်း​လောက်ရှိမယ်လို့​ ခန့်​မှန်း​ပြောဆို​နေကြပြီး​ ​နေ့​စဉ်သိန်း​နဲ့​ချီတဲ့​ မြို့​ခံ​တွေ မြို့​ထဲနဲ့​ မြို့​လယ်ကို ခရီး​သည်တင် ဘတ်စ်စကား​တွေ စီး​နင်း​သွား​လာ​နေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ