ဂဒါဖီသားအကြီး ဖမ်းမိပြီ

လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာဂဒါဖီရဲ့ အကြီးဆုံးသား Seif al-Islam Gadhafi
လစ်ဗျားနဲ့ နိုင်ဂျာနိုင်ငံ နယ်စပ်အနီး လစ်ဗျားနိုင်ငံတောင်ပိုင်း အိုဘရီ (Obari) မြို့နားမှာ လစ်ဗျား ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ဂဒါဖီရဲ့သား အကြီးဆုံး ဆာအိအယ်လ်အစ္စလာမ် (Seif al-Islam) ကို လစ်ဗျားတပ်ဖွဲ့တွေက ဒီကနေ့ လက်ရဖမ်းဆီးမိလိုက်တယ်လို့ လစ်ဗျား စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။ ဂဒါဖီရဲ့ သားတစ်ဦးဖြစ်တဲ့ ဆာအာဒီ ဂဒါဖီကို နိုင်ငံရေးခိုလုံခွင့်ပေးထားတဲ့ နိုင်ဂျာနိုင်ငံထဲကို ဆာအိအယ်လ်အစ္စလာမ်ကို ခိုးသွင်းဖို့ သူ့ရဲ့လက်ထောက်တွေက ကြိုးပမ်းပေမဲ့ အခုလို ဆာအိကို ဖမ်းဆီးရမိခဲ့တာလို့ လစ်ဗျားအရာရှိတွေက ပြောပါတယ်။ နိုင်ဂျာသမ္မတ မဟာမဒူ အီဆိုဖူ (Mahamadou Issoufou) ကတော့ ဆာအိအယ်လ်အစ္စလာမ် နိုင်ဂျာနိုင်ငံထဲကို ရောက်လာပြီး နိုင်ငံရေးခိုလုံခွင့် တောင်းခံလာရင် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သူ့အနေနဲ့ မဆုံးဖြတ်ရသေးဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဂဒါဖီ အာဏာရနေစဉ်အတွင်း ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့ရာမှာ လူမဆန်တဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့မှုနဲ့ တရားစွဲဆိုဖို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC က ကြိုးပမ်းနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဆာအိအယ်လ်အစ္စလာမ်ကို ကိုယ်တိုင်လာရောက် အဖမ်းခံခြင်းဖြင့် မျှတတဲ့ တရားစီရင်မှုကို ခံစားရရှိမယ်လို့ ICC က ဖုန်းနဲ့ ပြောဆိုကမ်းလှမ်းခဲ့ကြောင်း ICC ရဲ့ ဥပဒေအကျိုးဆောင် အရာရှိချုပ် လူးဝစ် မိုရန်နိုအိုကမ်ပို (Luis Moreno-Ocampo) က ပြောဆိုထားပါတယ်။
ဂဒါဖီသားအကြီး ဖမ်းမိပြီ ဂဒါဖီသားအကြီး ဖမ်းမိပြီ Reviewed by သစ်ထူးလွင် on 22:09 Rating: 5

No comments:

Powered by Blogger.