ဆင်ဖြူတော်နှင့်အတူ ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်လာ


4341
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်နေစဉ်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္စမြတ်စွယ်တော်အား နေပြည်တော် မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်း အနားကို နိုဝင်ဘာလ ၂၂ ရက်နေ့က မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္စမြတ်စွယ်တော်အား နေပြည်တော် မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာလ ၂၂ ရက်နေ့က နံ နက် ၁၁ နာရီ ၄၅ မိနစ်အချိန်၌ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း၊ လေဆိပ်မှတဆင့် ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်လာသည့် ပင့်ဆောင်ရေး ယာဉ်တန်းမှာ ကမ္ဘာအေးကုန်မြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်းသို့ မွန်းလွှဲ၁ နာရီခွဲအချိန်၌ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
4341a
ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်ရေး ယာဉ်တန်းအား ကမ္ဘာအေးဘုရားလမ်းပေါ်၌ တွေ့ရစဉ်
ထိုသို့ပင့်ဆောင်ရာ လမ်းများဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်း(လေဆိပ်လမ်း ဆုံမှ ရှစ်မိုင်လမ်းဆုံအထိ)ကမ္ဘာအေး ဘုရားလမ်း(ရှစ်မိုင်လမ်းဆုံမှ ပါရမီ လမ်းဆုံအထိ) စောင့်ကြိုဖူးမြော်ကြသည့် ပြည်သူများ အများအပြားရှိခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌဆရာတော် အမှုးပြုသည့် သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသူကျောင်းသားများနှင့် အသင်းအဖွဲ့များ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
4341b
ဗုဒ္ဓမြတ်စွယ်တော်အား ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း၌ ကိန်းဝပ်စံပယ်ရန် ပင့်ဆောင်နေစဉ်
မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် ပင့်ဆောင်ခြင်းဖြစ်သည့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်တွင် ၁၅ ရက် ရန်ကုန်မြို့ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လိုဏ်ဂူတော်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ပူ ဇော်ခံထားမည်ဖြစ်ကြောင်း သိရှိရ သည်။ ထိုမှတဆင့် မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ၁၅ ရက်အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။
အများပြည်သူများ ဖူးမြော်ရန်အတွက် ရန်ကုန်မြို့ရှိ ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်မှစ၍ ၀င်ရောက်ဖူးမျှော်ခွင့် ပြုခဲ့ကြောင်း သိရှိရသည်။
4341c
ဗုဒ္ဓမြတ်စွယ်တော်အား ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း၌ ကိန်းဝပ်စံပယ်ရန် ပင့်ဆောင်နေစဉ်
4341d
ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်းသို့ ဆင်ဖြူတော်နှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်
ပင့်ဆောင်လာသည့် ယာဉ်အားတွေ့ရစဉ်
Eleven Media Group
ဆင်ဖြူတော်နှင့်အတူ ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်လာ ဆင်ဖြူတော်နှင့်အတူ ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်လာ Reviewed by သစ်ထူးလွင် on 11:38 Rating: 5

3 comments:

Anonymous said...

ဆင်‌ပေါ်တင်ပြီးပင့်‌ဆောင်လာတယ်လို့သုံးလို့ရပါတယ်..ဘယ့်နှယ်..ခရုသင်း
စွဲ‌နေတဲ့ဆင်ကို..ဆင်ဖြူ‌တော်..ဆင်ဖြူ‌တော်..နဲ့ နားက‌လောလွန်းလို့..။

Anonymous said...

ဆင်ဖြူတော်ဆိုတာတကယ်မရှိပါ။ ကွျှဲမှလဲအဖြူရှိသည်။ ကျွှဲကိုအဘယ်ကြော့င်
ကွျှဲဖြူတော်မခေါ်ပါတာလဲ။

Anonymous said...

သိန်းစိန် အစိုး၇ အ၇ထူးတာကိုပြတာ

Powered by Blogger.