ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေး |
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသား လွှတ်တော်တွင် ခြောက် နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စား လှယ်များ လစ်လပ်လျက်ရှိသည်။
မူလမဲစာရင်းကို အခြေခံ၍ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီသော တိကျမှန်ကန်သည့် မဲစာရင်းများကို ကြိုတင်ပြုစုထားရန်နှင့် မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ မဲပုံးနှင့် ဆန္ဒပြုခန်းများ ပြည့်စုံ ကောင်းမွန်မှု ရှိ၊ မရှိ စိစစ်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရန် အကြောင်းကြားထားခြင်း ဖြစ်ကြောင်း . . . |
လစ်လပ် မဲဆန္ဒနယ်များအလိုက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမည့် မဲဆန္ဒနယ်များမှာ ကချင် ပြည်နယ်တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်)၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း)၊ အမျိုးသားလွှတ်တော် နှစ်နေရာ (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) နှင့် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး)၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် နှစ်နေရာ (ကျွန်းစု၊ လောင်းလုံ)၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော် လေးနေရာ (တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံ တန်း)၊ အမျိုးသားလွှတ်တော် တစ်နေရာ(အုတ်တွင်း၊ ထန်းတပင်)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (က၀မြို့နယ် မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ငါးနေရာ (မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊ အမျိုးသားလွှတ်တော် တစ်နေရာ (တောင်တွင်းကြီး)၊ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော် ၁၀ နေရာ (ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ္ထီလာ၊ ပြင်ဦးလွင်)၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ(မော်လမြိုင်)၊ ရန်ကုန်တိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ခြောက်နေရာ (ကော့မှူး၊ သုံးခွ၊ ဒဂုံဆိပ် ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှည်း ကူး၊ မရမ်းကုန်း)၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ (ကလော)၊ အမျိုးသားလွှတ်တော် တစ်နေရာ (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ် တော် ငါးနေရာ(ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်)၊ အမျိုးသားလွှတ်တော် တစ်နေရာ (ဖျာပုံ၊ ဒေးဒရဲ)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (ရေကြည် မြို့နယ်-မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
သတင်း---Eleven Media Group
ကြားဖြတ်ရွေးကောက်ပွဲ အတွက်ပြင်ထားဖို့ ရွေးကောက်ပွဲ ကော်မရှင်အကြောင်းကြား
Reviewed by သစ်ထူးလွင်
on
12:28
Rating:
No comments:
Post a Comment