ဟီလာရီ ခရီးစဉ် ပိတ်ဆို့မှုရုပ်သိမ်းရေးမဟုတ်

ဟီလာရီ ကလင်တန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာပြည် ခရီးစဉ်တွင် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှု ပြန်လည်ရုပ်သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သိရသည်။ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rhodes က အမေရိကန် သမ္မတအိမ်ဖြူတော်၌ နိုင်ငံခြားသတင်းထောက်များနှင့် ယနေ့တွေ့ဆုံရာတွင် ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။ ပြီးခဲ့သည့် သောကြာ နေ့ကလည်း ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်မရှိသေးကြောင်း Fox news သို့ ပြောဆိုထားသည်။ မစ္စ ဟီလာရီသည် လာမည့် ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ယင်း ခရီးစဉ်နှင့် ပတ်သက်ပြီး သမ္မတ အိုဘားမားက ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခု ခရီးစဉ် သည် နှစ်ပေါင်း ၅၀ ကျော် ကြာပြီးနောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တဦး၏ ပထမဆုံးအကြိမ် ခရီးစဉ်လည်း ဖြစ်သည်။
ဟီလာရီ ခရီးစဉ် ပိတ်ဆို့မှုရုပ်သိမ်းရေးမဟုတ် ဟီလာရီ ခရီးစဉ် ပိတ်ဆို့မှုရုပ်သိမ်းရေးမဟုတ် Reviewed by သစ်ထူးလွင် on 18:23 Rating: 5

2 comments:

ပိုင်ဦးဆွေ (ဘန်ကေါက်) said...

ဦးဏှောက်သေးသေးလေးတွေရှိတဲ့ ဘောင်ဘီချွတ် ဗိုလ်ချုပ်တွေသိအောင် ကြိုတင်ကြားအောင် အမေ၇ိကန်က ပြောနေ၇တာဘဲ။ အခုဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ အိုကေပြီး အပြောင်အလွဲတွေလုပ်နေပြီ နင်တို့ပိတ်ထာတဲ့ ဟာတွေအခုချက်ချင်ဖွင့်ပေးလို့ လုပ်လိုမ၇ပါ။ခိုင်မာလုံလောက်တဲ့ ပြုပြင်ပြောင်လဲေ၇း လူအခွင်ေ၇းချိုးဖောက်မူ အမျိုသား၇င်ကြားစေ့ေ၇း လုပ်ဘိုအချိန်တော်တော်ယူ၇အုံမှာ အဲဒါတွေကိုကြည့်ပြီး အမေ၇ိကန် ကွန်ဂ၇က်က တစ်ထစ်ချင်းဖြေလျှောပေးမှာပါ။ဦးဏှောက်ကြီးတဲ့သူတွေမိုလို သူတိုစကါးလိုက်နားထောင်နေ၇တာပေါ။ကိုယ်ဟာကိုယ်နေလို၇တယ်ထင်တဲ့ ဗိုလ်ချုပ်တွေ အသိတ၇ားရှိလာဘို့ကလည်း တော်တော်ကိုလိုအပ်နေသေးတဲ့ အ၇ာပါ။မှန်သင်သလောက်မှန်ပါတယ် ဒေါ်စုကမီးစိမ်းပြလိုသာ အိုဘာမာက ဟီလာရီကို မြန်မာပြည်သွားခိုင်းတာ၊ပြီးတော့ အာစီယံလူကြီး၇ာထူကို မကန်ကွက်တာ ဒါတွေက အေ၇းကြီးအချက်ပါဘဲ။တဖန်စစ်ဗိုလ်ချုပ်တွေထင်သလို ဒေါ်စုက ဆန်ရှန်ပိတ်ဆိုမူ့တွေ ဖွင့်ပေးပါလို့ ပြော၇င် အမေ၇ိကန်က ချက်ချင်းဖွင့်မယ်ဆိုတဲ့ အယူအဆကလည်း မှာတယ်။ဒေါ်စုမှာ ကွန်ဂ၇က်ကို ဒီလောက်ထိသြဇာမသက်ေ၇ာက်ပါဘူး။ဗိုလ်ချုပ်တွေ တလွဲတချောတွေးခေါ် လုပ်ချင်၇ာတွေ ဇွတ်လုပ်နေတာတွေ မပြင်၇င်တော့ မပြင်သလိုဆက်ပိတ်ဆို့ထားမှာပါဘဲ။

seinpu said...

How long the military regime can keep the its true face behind the mask? It will never understand how congress and administration working together for decision like sanction because they only understand the decree not law.

Powered by Blogger.