မြန်မာအပြောင်းအလဲ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ သဘောမရှိလို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးမြင်

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေဟာ နောက်ကြောင်း ပြန်လှည့်လို့ မရနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်ဟန်ရှိကြောင်း သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။
RFA
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ (Marty Natalegawa) ၏ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က စတင်ခဲ့သည့် သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ဓါတ်ပုံ - RFA
မြန်မာ ခရီးစဉ်က အပြန် စင်္ကာပူ ခရီးတထောက် ရပ်နားစဉ် တနင်္ဂနွေနေ့က Reuters သတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ မာတီ နာတလီဂါဝါ (Marty Natalegawa) က အခုလို ဖြေကြားလိုက်တာပါ။ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို မိမိအနေနဲ့ ယုံကြည်လိုပြီး ဒီလုပ်ငန်းတွေဟာ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ သဘောမရှိဘူးလို့ ထင်မြင်မိကြောင်း၊ လုပ်ငန်းစဉ်တွေ ရပ်သွားနိုင်တဲ့ အနေအထား တစ်စုံတစ်ရာ မတွေ့ခဲ့ရကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲလာအောင် ပိတ်ဆို့ အရေးယူ ပြစ်ဒဏ်ခတ်ထားခံရတဲ့ နိုင်ငံတွေ အတွက် အခု အခြေနေဟာ ပြုပြင် ပြောင်းလဲနေတဲ့ အချိန် ရောက်ပြီလို့ မိမိ ပြောနိုင်ကြောင်းလည်း Mr. Natalegawa က ဆိုပါတယ်။ မြန်မာနိုင်ငံ အခြေအနေဟာ အထူး အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီး ၂၀၁၄ ခုနှစ် အတွက် မြန်မာကို အာဆီယံ ဥက္ကဋ္ဌ တာဝန်ပေးခြင်းအားဖြင့် တိုင်းပြည် ဒီမိုကရေစီ ပြောင်းလဲရေးကို ပိုအားပေးရာ ရောက်သလို ဆတက်ထမ်းပိုး ပွင့်လင်းလာနိုင်တဲ့ အကျိုးကျေးဇူးတွေ ရမှာဖြစ်ကြောင်း မိမိနဲ့ တွေ့ဆုံခဲ့တဲ့သူ အများစုက ပြောကြားခဲ့ကြတယ် လို့လည်း သူက ဖြေပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဟာ အောက်တိုဘာ ၂၈ ရက်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး မနေ့က မနက်ပိုင်းမှာ မြန်မာနိုင်ငံက ပြန်လာခဲ့ပါတယ်။

သတင်း---RFA
မြန်မာအပြောင်းအလဲ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ သဘောမရှိလို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးမြင် မြန်မာအပြောင်းအလဲ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ သဘောမရှိလို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးမြင် Reviewed by သစ်ထူးလွင် on 08:30 Rating: 5

1 comment:

Anonymous said...

မယုံနဲ့မှားမယ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါရေ.............
ငါတို့နိုင်ငံက လူလိမ်တွေကိုမင်းမို့လို့ယုံလွယ်လိုက်တာ။
ငါပြောပြမယ် ဒီကောင်တွေအကြောင်းကို.........ဒီကောင်တွေက...
တောက်ရှက် မရှိတဲ့ကောင်တွေ။
တိုင်းပြည်ပ သယံဇာတ တွေ ရောင်းလို့အားမရသေးဘူး။ တိုင်းပြည်က မြစ်ပါရောင်းစားချင်နေပြီ ၊
(မြန်မာနိုင်ငံမှာ လျှပ်စစ်မီးလုံလောက်တယ်ပြောလိုပြော)
ချီးစားပြီး ပြောရင်တောင်ကလေးတောင် လျှပ်စစ်မီးလုံလောက်တယ်ဆိုတာ မယုံဘူးကွ။
ရပ်ကွက်ထဲမှာ မီးမလာလို့ မီးလာတဲ့အချိန်မျှော်ပြီး မီးလာရင် "ရေး..မီးလာပြီ" လို့ပြောလို့မှမဆုံးသေးဘူး ပျက်သွာတာ ငါတို့ကိုအုပ်ချုပ်နေတဲ့သူတွေ စောက်သုံးမကျလို့ လို့ လူတိုင်း ကလေးတိုင်းသိနေကြပြီ။

ဟိုအဆောက်အအုံရောင်းစားချင်၊ ဒီအဆောက်အအုံငှားစားချင်နဲ့ နိုင်ငံမှာရှိတဲ့အဆောက်အအုံ
အထင်ကရနေရာတွေတောင် သူ့အမေလင်ပိုင် အဆောက်အအုံကျနေတာပဲ ရောင်းစားချင်နေတယ်။

ဟို လယ်ကွက်သိမ်း၊ဒီလယ်ကွက်သိမ်းနဲ့ သူတို့ အကျိုးအမြတ်ပဲ ကြည့်နေတဲ့သူတွေ လူစိတ်မှရှိရဲ့လားလို့ မေးနေစရာတောင်မလိုတော့ဘူး။

လက်နက်နဲ့အုပ်ချုပ်၊ မဟုတ်မမှန်တွေပြော၊ ဘလောင်းဘလဲနဲ့ ဒါလုပ်မယ်ဟိုဟာလုပ်မယ်နဲ့ အပြောနဲ့အလုပ် တခြားစီပဲ။ အန်တီစုနဲ့ အလုပ်အတူတူလုပ်ချင်သလိုလို၊ ငြိမ်းချမ်းရေးလိုချင်သလိုလို နဲ့ တဖက်က နိုင်ငံတူဖွား လူမျိုးမတူတဲ့ ကချင် တိုင်းရင်းသားတွေကို မတရားသတ်ဖြတ်နေတာ၊ စစ်ရာဇ၀တ်မှုကျူးလွန်နေတာ၊ အာဆီယံ ဥက္ကဌ လိုချင်လို့အမြဲတမ်းဗြောင်လိမ်၊ပြောလေ့ရှိတဲ့ နိုင်ငံရေးအကျဉ်းသမား လူစားရင်းကိုလည်း ဟန်ပြ လွှတ်ပေးပြီး နိုင်ငံရေးအကျဉ်းသားများတိုင်းပြည်မှာ လုံးဝမရှိတော့ဘူးလို့ သူတို့မို့လို့တောက်ရှက်မရှိ ပြောတတ်တယ်။

ဘုန်းကြီးတွေကိုအကျဉ်းချ၊တုတ်နဲ့ရိုက်လုပ်နေပြီးဖြေရှင်းမိခဲ့လို့ သေခါနီးသန်းရွှေကနေ သိန်းစိန်ဆိုတဲ့ထိပ်ပြောင်ကြီးကို လက်တို့ပြီးလွှဲပေးလိုက်ပြီးမှ ပြောင်ကြီးကတိုင်းပြည်ပါ ပြောင်သလင်းခါအောင် ရောင်းစားချင်နေတော့တာပဲ။

မိန်မလိုမိန်းမရနဲ့ ဖြောင်မျက်နှာပြောင်တိုက်ပြီး ပြည်သူက ရွေးချယ်လို့ တက်လာရတယ်ဆိုလိုဆို။ သန်းကနေ သိန်းကို လက်တို့ပြီး ပြည်သူကိုဗြောင်မျက်နှာပြောင်တိုက် လိမ်လည်မှု ပြုသွားတာတွေက သူတို့အထင်တိုင်းပြည်ကလူတွေကို အငပိန်းလူထုတွေလို့ထင်နေလို့လား။

ခုလဲ မီးရထားခတွေ၊ မီတာခတွေကို တက်အုံးမယ်လို့ လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး ခိုးယူဝိုင်းဖွဲ့ စားသောက်နေကြပါသော တရားဝင်လိုင်စင်ရ ခေတ်သစ် ဓါးပြများကို ပြည်သူတွေက လည်းမေတ္တာပို့နေပါသေးတယ်။

“ပြည်သူတွေ ဆီကနေ ရသလောက် လည်ပင်းညစ်ပြီး သူတို့တွေ မြိုဆို့နေတာ အားလုံး တနေ့ကျရင် တမျိုးလုံး ဓါတ်လိုက်ပြီး သေကြစမ်းပါစေဗျာ.... ... ...”မေတ္တာထားချက်များ ကမ်းကုန်ပါ၏. ..(ပြည်သူ့ သဘောထား)

Powered by Blogger.