ကိုကိုးကျွန်းတွင် စစ်ဖက်လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်

ကိုကိုးကျွန်း
မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ကျွန်းဖြစ်သည့် ကိုကိုးကျွန်းရှိ စစ်ဖက်လေယာဉ်ကွင်းအား တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လေယာဉ်ကွင်းအား ငါးနှစ်စီမံကိန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး အမှတ်(၉၅၁) စစ်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ယူ တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို တည်ဆောက်ခိုင်းတာတော့ ပေငါးထောင်အထက်လို့ ပြောတယ်။ မနှစ်က အောက်တိုဘာမှာ စတာဆိုတော့ တစ်နှစ် လောက် ပြီးသားပါပြီ”ဟု ယင်းလေယာဉ်ကွင်း တည်ဆောက်ရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။
ယခုအခါ လေယာဉ်ပြေးလမ်း အရှည်တိုးချဲ့ခြင်း၊ ကွင်းပတ်လည် ပြုပြင်ခြင်းနှင့် လေဆိပ် အဆောက်အဦး တည်ဆောက်ခြင်း လုပ်ငန်းများကို တပြိုင်နက်တည်း လုပ်ဆောင်နေကြောင်း သိရသည်။
ကိုကိုးကျွန်းလေယာဉ်ကွင်းသည် ပေးငါးထောင်ရှိသည့် လေယာဉ်ကွင်းတစ်ကွင်းဖြစ်ပြီး၊ တပ်မတော်လေယာဉ်များ အမြဲတစေ ဆင်းသက်နေ သည့် လေယာဉ်ကွင်းဖြစ်ကြောင်း သိရှိရသည်။
ကျွန်း၏ သွားလာရေးဆက်သွယ်ရေးအတွက် ကြယ်ငါးပွင့်ရေကြောင်းလိုင်းနှင့် တပ်မတော်(ရေ)၏ ရေယာဉ်များကို အားကိုးရကြောင်း ယင်း ကျွန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အစိုးရဝန်ထမ်းတစ်ဦးက ပြောကြားသည်။
“တိုက်လေယာဉ်တွေ ဆင်းနေတာတော့ ရှိတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။
YC(KS)
ကိုကိုးကျွန်းတွင် စစ်ဖက်လေယာဉ်ကွင်း တိုးချဲ့တည်ဆောက် ကိုကိုးကျွန်းတွင် စစ်ဖက်လေယာဉ်ကွင်း တိုးချဲ့တည်ဆောက် Reviewed by သစ်ထူးလွင် on 14:14 Rating: 5

No comments:

Powered by Blogger.