ပုဂံလေဆိပ်၌ ဝိုင်ဖိုင်အင်တာနက်အသုံးပြုနိုင်ပြီ

ပုဂံလေဆိပ်
ယခုလ ၂၃ ရက်နေ့မှ စတင်၍ ပုဂံလေဆိပ်၌ ဝိုင်ဖိုင်အင်တာနက်စနစ်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါ ဝိုင်ဖိုင်ဇုန်ကို တည်ဆောက်ပေးခဲ့သည့် Red Link ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ အဆိုပါ ဝိုင်ဖိုင်ဇုန်၌ အင်တာနက် အမြန်နှုန်း 512 Kbps ကို ၂၄ နာရီ အပြည့် ထုတ်လွှင့်ပေးထားကြောင်း သိရသည်။ “လောလောဆယ်တော့ ပိုက်ဆံမပေးရသေးဘူး။ နောက်ပိုင်း ပိုက်ဆံကောက်ခံမယ်၊ ပိုက်ဆံမကောက်ဘူးဆိုတာတော့ မသိသေးဘူး။ သုံးချင်တဲ့ လူကတော့ Password နေရာမှာ Admin ဆိုပြီး ထည့်သွင်းလိုက်ရင် အခမဲ့အသုံးပြုနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ ရွှေဆံတော်ဘုရား၊ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗညုဘုရားနှင့် အခြားသော အထင်ကရ နေရာများ၌လည်း ဝိုင်ဖိုင်ဇုန်များ ဆက်လက်တည်ဆောက်သွားရန် လုပ်ကိုင်နေကြောင်း ဝိုင်ဖိုင်အင်တာနက်စနစ်ကို စတင်အသုံးပြုနိုင်ခဲ့သည့် ပုဂံဒေသသည် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားသည့် အရပ်ဒေသတစ်ခုဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖြော်ပထားပါသည်။

Myanmar News Now
ပုဂံလေဆိပ်၌ ဝိုင်ဖိုင်အင်တာနက်အသုံးပြုနိုင်ပြီ ပုဂံလေဆိပ်၌ ဝိုင်ဖိုင်အင်တာနက်အသုံးပြုနိုင်ပြီ Reviewed by သစ်ထူးလွင် on 10:23 Rating: 5

No comments:

Powered by Blogger.