ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ ဆွေးနွေး

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ အတွက် ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်က ဦးစီးပြီး မနေ့ကနေ့လည် ၁ နာရီက ကျင်းပပြုလုပ်သွားခဲပါတယ်။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲအပြီး ပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်က ကိုရဲမြတ်ဟိန်းရဲ့ နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
ဒီဆွေးနွေးပွဲကို အန်အယ်ဒီ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်း ၊ ကိုတိုးကျော်လှိုင် ၊ ဒေါ်နော်အုန်းလှတို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း တက်ရောက်လာခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ယုံကြည့်ချက်ကြောင့် အကျဉ်းကျခံရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ခွင့်ရရေး အကျဉ်းကျနေဆဲကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့်ရရေးကို အဓိကထားဆွေးနွေးသွားခဲ့ကြတာပါ။
ကိုရဲမြတ်ဟိန်းရဲ့မိခင်ကလည်း အကျဉ်းကျခံနေရတဲ့ သားအတွက် ပညာဆက်လက် သင်ယူခွင့်ရဖို့အရေး သက်ဆိုင်ရာဌာနအသီးသီးကို စာတင်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ တက္ကသိုလ်ကျောင်းသားအများစုဟာ ပညာဆက်လက်သင်ယူခွင့်တွေကို ဆုံးရှုံးခဲ့ကြရ တာဖြစ်ပါတယ် ခင်ဗျာ။
သတင်း---Burma VJ Media Network
 
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ ဆွေးနွေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ဖို့  ဆွေးနွေး Reviewed by သစ်ထူးလွင် on 19:33 Rating: 5

No comments:

Powered by Blogger.