အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

4222
လွှတ်တော် အစည်းအဝေးများ မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်
၂၀၁၁ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် အမျိုးသားလွှတ်တော်က အလုပ်သမားအဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုခဲ့ပြီး ယင်းဥပဒေကြမ်း တွင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည်တင် ယာဉ်ရပ်နား စခန်း၊ ဆိပ်ကမ်း သို့မဟုတ် သံတမန် အဖွဲ့အစည်းများ၊ တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အဆောက်အအုံ တစ်ခုခုမှ ကိုက် ၅၀၀ အတွင်းတွင် ဆန္ဒပြခြင်းမပြုရ အချက် ပါဝင်သည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်းက အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခဲ့သည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်း ဖတ်ကြားရှင်းလင်းခဲ့သော အစီရင်ခံစာပါ အချက်များအရ အလုပ်သမားဝန်ကြီးဌာနမှ တင်ပြသည့် ဥပဒေပါအချက်များကို အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီက မြန်မာစာသဒ္ဒါ ရေးထုံးနှင့်ညီညွတ်စေရန် ပြင်ဆင်ခြင်း၊ ဥပဒေရေးထုံး နှင့် ညီညွတ်စေရန် ပြင်ဆင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြင်ဆင်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။

အမျိုးသားလွှတ်တော်က အလုပ်သမားအဖွဲ့အစည်း ဥပဒေ ကြမ်းအား အတည်ပြုခဲ့ပြီး ယင်းဥပဒေကြမ်းတွင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည် တင်ယာဉ်ရပ်နားစခန်း၊ ဆိပ်ကမ်း သို့မဟုတ် သံတမန် အဖွဲ့အစည်းများ၊ တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆောက်အအုံတစ်ခုခုမှ ကိုက် ၅၀၀ အတွင်းတွင် ဆန္ဒပြခြင်း မပြုရအချက် ပါဝင်
ဥပမာ အလုပ်သမားဝန်ကြီးဌာန မှ တင်ပြသည့် ဥပဒေပါ အလုပ်သမား အဖွဲ့အစည်းများ ဥပဒေအစား လွှတ်တော်ဥပဒေကြမ်း ကော်မတီက အလုပ်သမား အဖွဲ့အစည်းဥပဒေဟု ပြင်ဆင် အကြံပြုခဲ့ပြီး ဥပဒေရေးထုံးအရ ဗဟုဝုစ်အစား ဧက၀ုစ်သာ အသုံးပြုရသဖြင့် ဥပဒေအမည်ပါများအား ဖြုတ်သင့်၍ ပြင်ဆင်ခြင်း ဖြစ်ပါသည်ဟူ၍ ရှင်းလင်းခဲ့သည်။
ထို့ပြင် အလုပ်သမားဝန်ကြီး ဌာနမှ တင်ပြသည့် ဥပဒေပါ “အလုပ်ပိတ်ခြင်း ဆိုသည်မှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတစ်ခုခု တွင် ညှိနှိုင်း၍မရတော့သည့် အခြေအနေနှင့် ဆက်နွှယ်၍ အလုပ်ရှင်က လုပ်ငန်းတစ်ခုခု၏ အလုပ်လုပ်သော နေရာကို ယာယီပိတ်ခြင်း၊ အလုပ်ကို ခေတ္တရပ်ဆိုင်းထားခြင်း သို့မဟုတ် အလုပ်ခွင်ရှိ အလုပ်သမားများအား ဆက်လက် အလုပ်လုပ်ခွင့်မပြုခြင်းကို ဆိုသည်။” ကို လွှတ်တော်ဥပဒေကြမ်း ကော်မတီက “အလုပ်ပိတ်ခြင်းဆိုသည် မှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု တစ်ခုခုတွင် ညှိနှိုင်း၍ မရနိုင်သည့် အခြေအနေ၌ အလုပ်ရှင်က လုပ်ငန်းတစ်ခုခု၏ အလုပ်လုပ်သော နေရာကို ယာယီပိတ်ခြင်း၊ အလုပ်ကို ခေတ္တရပ်ဆိုင်းထားခြင်း သို့မဟုတ် အလုပ်ခွင်ရှိ အလုပ်သမားများအား ဆက်လက် အလုပ်လုပ်ခွင့်မပြုခြင်းကို ဆိုသည်။”ဟူ၍ ပြင်ဆင်အကြံပြုခဲ့ပြီး ဥပဒေရေးထုံးနှင့် မြန်မာစာသဒ္ဒါ ရေးထုံးနှင့်အညီ ပြင်ဆင်ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
အလုပ်သမား အဖွဲ့အစည်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်ရွှေက ဆွေးနွေးခဲ့သလို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ကလည်း ဒေါက်တာတင်ရွှေ၏ ဆွေးနွေးချက်အပေါ် ပြန်လည်ဆွေးနွေး ခဲ့သည်။
ထို့နောက် အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုရန်အဆို ပြုခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့သည်။
ထို့နောက် အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူသည့်အနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက သဘော တူပါသလား သုံးကြိမ် မေးမြန်းခဲ့ရာ သဘောမတူသည့်သူ မရှိသဖြင့် အလုပ်သမား အဖွဲ့အစည်းဥပဒေကြမ်းအား အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု အလုပ်သမား အဖွဲ့အစည်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု Reviewed by သစ်ထူးလွင် on 19:18 Rating: 5
Powered by Blogger.