သူတို့ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ရှိလဲ
Thursday, 09 June 2011 13:37
AddThis Social Bookmark Button
e4103 စိုးမြတ်သူဇာ
မကြီးစိုးက အခုလက်ရှိမှာ ‘သုည၏အခမ်းအနား’ ဆိုတဲ့ ဗီဒီယို ကားလေးရိုက်နေပါတယ်။ ဒါပြီးရင် ကြော်ငြာရိုက်ဖို့ ပြောထားတာ သုံးခုလောက်ရှိတယ်။ အဲဒီကြော်ငြာတွေလည်း ရိုက်ဖို့ရှိသလို ‘အားအားယား ယား’
ဆိုတဲ့ ဒီဗီဒီကားတစ်ကားလည်း ရိုက်ဖို့ရှိတယ်။ ဒီရက်ပိုင်းတွေမှာ ကားရိုက်တွေ ဆက်တိုက်ရှိနေမှာပါ။
 မြင့်မြတ်
ကျွန်တော်အခု ဦးဝင်းထွန်းထွန်း နဲ့ ဗီဒီယိုကားတစ်ကား ရိုက်နေပါတယ်။ ဒီဇာတ်ကားလေးပြီးရင် မဟော်ဂနီ ထုတ်လုပ်ရေးအတွက် ရိုးမန့်ဇာတ်ကားလေး တစ်ကားဆက်ရိုက်ဖို့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီရက်ပိုင်းတွေမှာ ဗီဒီယိုဇာတ်ကားတွေ ပဲ ဆက်တိုက်ရိုက်နေရမှာပါ။
 ဒါရိုက်တာ ၀င်းထွန်းထွန်း
အခု လက်ရှိမှာ ကျွန်တော် ‘သုည၏ အခမ်းအနား’ ဆိုတဲ့ဗီဒီယို ဇာတ်ကားလေး ရိုက်နေပါတယ်။ ဒါ ပြီးရင် တေးစီးရီးနှစ်ခွေကို ဗီစီဒီရိုက်ပေးဖို့ ရှိပါတယ်။ စီးရီးဗီစီဒီတွေပြီးရင်လည်း ဗီဒီယိုဇာတ်ကားတွေဆက် ပြီးရိုက်သွားဖို့ရှိပါတယ်။
 ဖွေးဖွေး
ဖွေးဖွေး ပြင်ဦးလွင်မှာ ဇာတ်ကားနှစ်ကား သွားရိုက်ဖို့ စီစဉ်ထားတာ မျက်စိနာတာကြောင့် တစ်ကားပဲရိုက်ပြီး ပြန်လာခဲ့ရတယ်။ ဇွန်လပထမပတ်ကစပြီး ဗီဒီယိုပြန်ရိုက်ဖြစ်မယ်။ ဇွန်လထဲမှာ ဗီဒီယိုသုံးကားရိုက်မယ်။ ဇူလိုင်လဆန်းမှာ ဒီဗီဒီတစ်ကား ရိုက်ဖြစ်မယ်။ တစ်ကိုယ်တော်ခွေအတွက် စပြီး  စီစဉ်နေပြီ။ တေးရေးတွေလည်း အပ်ထားပြီးပြီ။ ဖွေးအရင်က ဆိုဖူးတဲ့ သီချင်းပုံစံမျိုးနဲ့ နည်းနည်းကွဲမယ်။ စီးရီးက လုပ်ချင်တာကြာပြီ၊ အခုမှ စီစဉ်ဖြစ်တာ။ သြဂုတ်လမှာတော့ ပြည်ပခရီးစဉ်တစ်ခုသွားဖို့ စီစဉ်ထား ပါတယ်။ အလည်သက်သက်ပဲ ဖြစ်မှာပါ။
 ဒါရိုက်တာမင်းထင်ကိုကိုကြီး
မေလမှာ ရုပ်ရှင်ပွဲတော်နှစ်ခု သွားဖြစ်ခဲ့တယ်။ လာအိုနဲ့ကိုရီးယား နှစ်နိုင်ငံပေါ့။ ဇွန်လထဲမှာတော့ အင်းသီးမှတ်တမ်းကားကို အများဝယ်လို့ ရနိုင်တဲ့ ဈေးနှုန်းတဲ့ဈေးကွက်ထဲကို ဖြန့်မယ်။ ဇူလိုင်လထဲမှာတော့ ကိုလံ ဘီယာကိုသွားဖို့ ရှိတယ်။ ဇာတ်ကားသွားပြဖို့ပါပဲ မနှစ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် အင်းသီးဇာတ်ကားကို ဖြန့်ဖြစ်ပေမယ့် ဒီနှစ်တော့ ဘာမှထပ်မလုပ်ဖြစ်ဘူး။ နောက်ထပ် မှတ်တမ်းဇာတ်ကားတစ်ကား ထပ်ရိုက်ဖို့ စီစဉ်နေပါတယ်။ ပဒေါင် အမျိုးသမီးတစ်ဦးရဲ့အကြောင်း ပါ။
 စံရတီမိုးမြင့်
စံရတီလောလောဆယ် CNC ကြော်ငြာအသစ် ရိုက်ထားတယ်။ ဆရာဂျွန်လွင်စီစဉ်တဲ့ ရှိုးပွဲတွေ ဆက်တိုက် လျှောက်ဖြစ်နေတယ်။ ဇွန်လ ၃ ရက်နေ့က စံရတီ့မွေးနေ့ဆိုတော့ သူငယ်ချင်းတွေနဲ့ ညဘက်မုန့်သွား စားဖြစ်တယ်။ ကြော်ငြာရိုက်ဖို့ စီစဉ်ထားတာတွေလည်း ရှိပါတယ်၊ ပြည်ပမှာကြော်ငြာတစ်ခု သွားရိုက်ဖို့ရှိပေမယ့် သေချာမှထပ်ပြောပါမယ်။ ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတာတွေ ရှိပေမယ့် လောလောဆယ်တော့ မရိုက်ဖြစ်သေးပါဘူး။
 နန်းသူဇာ
နန်းသူဇာ ဇွန်လထဲမှာ ကြော်ငြာသုံးခုရိုက်ဖို့ လက်ခံထားတယ်။ တစ်ယောက်တည်းရော၊ အတွဲတွေနဲ့ ရောပါ။ ရန်ကုန်မှာပဲ ရိုက်ရမှာပါ။ ဓာတ်ပုံရိုက်ဖို့အတွက်လည်း လက်ခံထားတာ ရှိပါတယ်။ ပြည်ပခရီးစဉ် သွားဖို့လည်း ရှိပါတယ်။ အလည် သက်သက်ပါပဲ။ ဇာတ်ကားရိုက်ဖို့ ပြောကြတာတွေရှိပေမယ့် လက်မခံ ဖြစ်သေးပါဘူး။ လောလောဆယ် ကြော်ငြာတို့ ဓာတ်ပုံရိုက်တို့လောက်ပဲ လက်ခံဖြစ်ပါမယ်။
 ဒါရိုက်တာကြည်ဖြူသျှင်
ဇာတ်ကားရိုက်ကူးမှုတွေ ခဏ နားထားပါတယ်။ စက်တင်ဘာလမှ ဇာတ်ကားပြန်လည် ရိုက်ကူးဖြစ်မယ်။ နားနေတဲ့ သုံးလတာအတွင်းမှာ ကွန် ပျူတာနဲ့ ပတ်သက်တဲ့သင်တန်း တက် ဖြစ်ပါမယ်။ Documentary ရိုက်ဖို့ စီစဉ်နေပေမယ့် လောလောဆယ်ကတော့ မရိုက်ဖြစ်သေးပါဘူး။ စက်တင်ဘာလမှာ ဗီဒီယိုတစ်ကား၊ ဒီဗီဒီ တစ်ကားရိုက်ဖြစ်ပါမယ်။ သရုပ်ဆောင် အပြောင်းအလဲ ဖြစ်ဖို့လည်း ရှိပါတယ်။
ချစ်သုဝေ
ဒါရိုက်တာသားကြီး ရိုက်တဲ့ ဗီဒီယိုဇာတ်ကားမှာ အောင်ရဲလင်းနဲ့ အတူ ရိုက်ကူးနေပါတယ်။ ပြီးရင် ဗီဒီယိုနှစ်ကား ထပ်ရိုက်ဖို့လက်ခံထားတယ်။ သရုပ်ဆောင်တွေကတော့ မသေချာသေးဘူး။ လကုန် ပိုင်းမှာ နယ်ရှိုးပွဲတစ်ခုသွားဆို ဖြစ်ဖို့ရှိတယ်။ ကြော်ငြာရိုက်ဖို့ လက်ခံထားတာလည်း ရှိတယ်။ အားတဲ့နေ့မနက် ပိုင်းတွေတော့ မင်္ဂလာဆောင်တချို့ မှာ သီချင်းလိုက်ဆိုဖြစ်တယ်။ ‘တိမ် တွေနေတဲ့အရပ်’ က ဗီစီဒီရိုက်ပြီးသွား ပါပြီ။ သရုပ်ဆောင်တွေရော၊ ဒါရိုက်တာတွေရောနဲ့ သေချာညှိနှိုင်းပြီး ရိုက်ကူးထားတာပါ။ ပွင့်လင်းရာသီမှာ ဖြန့်ချိနိုင်ဖို့ ကြိုးစားမှာပါ။ အဲဒီအခွေ ရဲ့ ဗီစီဒီထွက်ပြီးမှပဲ နောက်တစ်ခွေ အတွက် ထပ်ပြီးပြင်ဆင်ဖြစ်မှာပါ။
 ဖြူဖြူကျော်သိန်း
ဖြူဖြူ လောလောဆယ် နယ်ရှိုးပွဲတွေ သွားဆိုဖြစ်တယ်။ အင်္ဂလိပ် တေးသီချင်းတွေချည်းပဲ စုထားတဲ့ အခွေတစ်ခွေ စီစဉ်နေတာ တော်တော်လေးပြီးသွားပါပြီ။ မကြာခင် ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ ကိုယ် ပိုင်သံစဉ်သီချင်းတွေချည်း စုထားတဲ့အခွေလည်း စီစဉ်နေပါတယ်။ ပြည်ပ ပွဲက သွားဖို့စီစဉ်ထားတာ ရှိပေမယ့် လောလောဆယ်တော့ မသေချာသေးပါဘူး။ ရန်ကုန်မှာရှိုးဆိုဖို့လည်း ရှိပါတယ်။ တစ်ကိုယ်တော်ရှိုး လုပ်ဖို့ကတော့ လောလောဆယ် အစီအစဉ် မရှိသေးဘူး။
 ကောင်းခန့်
ကျွန်တော် ဇွန်လ ၆ ရက်နေ့မှာ ဒါရိုက်တာအောင်ဗပါဝါနဲ့ ဗီဒီယို တစ်ကား စပြီးရိုက်နေပါပြီ။ မေလ ကုန်ပိုင်းမှာ စင်ကာပူမှာ ဇာတ်ကား သွားရိုက်ဖို့ စီစဉ်ထားပေမယ့် ပျက်သွားတာကြောင့် ကားရိုက်နည်းနည်း ဟသွားတာပါ။ ဇွန်လထဲမှာတော့ ဆက်တိုက်ရိုက်ဖြစ်ပါမယ်။ စင်ကာပူ ခရီးစဉ်ကတော့ ပွင့်လင်းရာသီလောက် မှပဲသွားဖြစ်မယ်။ ကြော်ငြာရိုက်ဖို့ လက်ခံထားတာလည်း ရှိပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေး ပိုစတာ တွေ ဗီစီဒီတွေ ရိုက်ကူးထားပါတယ်။
 မေသန်းနု
မဆင့်မော်လမြိုင်မှာ ဗီဒီယို ဇာတ်ကားသွားရိုက်ဖြစ် နေပါတယ်။ ဇွန်လ ဒုတိယပတ်လောက်မှ ပြန် ရောက်မှာပါ။ ရန်ကုန်မှာဗီဒီယို တစ်ကားထပ်ရိုက်ဖို့ ရှိပါတယ်။ ဇူလိုင်လ ဆန်းမှာတော့ မဆင့်တို့ ပါရမီရှင် အငြိမ့်စင်ကာပူမှာ သွားကဖြစ်ဖို့ရှိတယ်။ မဆင့်ကြိုးစားခဲ့တဲ့ ရလဒ်ကို ပြည်ပအထိသွားပြီး ကပြခွင့်ရမှာဆို တော့ ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ဆိုရမှာပါ။ စင်ကာပူမှာပဲ အငြိမ့်သွားကရင်းနဲ့ ဗီဒီယိုဇာတ်ကားနှစ်ကား ရိုက်လာဖို့ စီစဉ်နေကြပါတယ်။ အဲဒီမှာလည်း ပါဝင်ဖြစ်မှာပါ။ တခြား ပြည်ပပွဲတွေလည်း ကမ်းလှမ်းလာခဲ့ရင်လည်း ဒီကအလုပ်အားရက်တွေ နဲ့တိုက်ဆိုင်ခဲ့မယ်ဆိုရင် လက်ခံကပြ ဖြစ်ပါမယ်။
 ကာတွန်းရွှေမင်းသား
ကျွန်တော်အခု ဇာတ်ကြီးဆယ်ဘွဲ့ကို အရင်ရှိပြီးသားပုံစံနဲ့မတူတဲ့ ပုံစံတစ်မျိုးနဲ့ ပြန်လည်ရေးဆွဲနေပါ တယ်။ အဓိကတော့ ကလေးတွေလည်း နားလည်လွယ်ပြီး မှတ်သားရလွယ်ကူတဲ့ ပုံစံမျိုးဖြစ်အောင် ရေးသားမှာပါ။ ကာတွန်းသမိုင်း ပြုစုနေတာကတော့ တစ်ဝက်လောက်ပဲ ရှိပါသေးတယ်။ ရန်ကုန်က ကာတွန်း ဆရာအများစုရဲ့အချက်အလက်တွေ ရောက်လာပေမယ့် နယ်တချို့က ကာတွန်းဆရာတွေရဲ့ အချက်အလက် တွေက ထပ်ပြီးစုနေရတုန်းပါပဲ။
 သက်မွန်မြင့်
သက်မွန် အခုဗီဒီယိုကားတွေ ဆက်တိုက် ရိုက်ဖြစ်နေပါတယ်။ ဇွန်လကုန်ပိုင်းမှာတော့ စင်ကာပူသွား ဖြစ်မယ်။ ဇာတ်ကားနှစ်ကား ရိုက်ကူးမှာပါ။ စင်ကာပူမှာ ရိုက်မယ့်ဇာတ်ကားတွေ အတွက်တော့ ကြိုတင်ပြင် ဆင်မှုတွေ လုပ်ထားပါတယ်။ ရက်ကသိပ်မရတာကြောင့် တစ်ပတ်၊ ၁၀ ရက်လောက်ပဲ ကြာဖြစ်ပါမယ်။ ဇူလိုင်လထဲမှာပဲ ဒီဗီဒီတစ်ကား ရန်ကုန်မှာ ရိုက်ဖို့စီစဉ်ထားပါတယ်။
 ဒါရိုက်တာဝိုင်း
ဇွန်လ ၁၅ ရက်နေ့မှာ ပြေတီဦး ၀တ်မှုံရွှေရည်တို့နဲ့ ဗီဒီယိုတစ်ကား ရိုက်ဖို့စီစဉ်ထားတယ်။ ဇူလိုင်လထဲ မှာ အာဒမ်ဧ၀ဒဿ ဇာတ်ကားရုံတင်မှာပါ။ ကျွန်တော့်ရဲ့ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမှုဖြစ်တဲ့ အတွက် ပရိသတ်ကပေးတဲ့ အောင်စာရင်းကို စောင့်ကြည့်ရမှာပါ။ ဒီနှစ်ထဲမှာ ဒီဗီဒီတစ်ကားပဲ ထပ်ရိုက်ဖို့ စီစဉ်ထားပါတယ်။ ရုပ်ရှင်ကားကြီး ရိုက်ဖို့ စီစဉ်ထားတာတွေ ရှိပေမယ့် လောလောဆယ်တော့ ရိုက်ဖို့ အဆင် မပြေသေးပါဘူး။
 အောင်ရဲလင်း
‘ကျွန်တော်အခု ဗီဒီယိုကားလေးတွေပဲ ဆက်တိုက်ရိုက်ဖို့ စီစဉ်ထားပါတယ်။ အခုလက်ရှိမှာတော့ ဒါရိုက်တာသားကြီးရိုက်တဲ့ ဇာတ်ကား မှာချစ်သုဝေနဲ့ တွဲဖက် သရုပ်ဆောင် နေပါတယ်။ ဒီကားက ဖန်စီကား လေးပါ။ ဒီကားပြီးရင်လည်း ဒါရိုက်တာကိုသားကြီးနဲ့ ဗီဒီယိုတစ်ကား ထပ်ရိုက်ရမယ်။ ပြီးရင် ဒါရိုက်တာ  ဟိန်းစိုးရိုက်တဲ့ ကားမှာစိုးပြည့်သဇင်နဲ့ဆက်ရိုက်ရမယ်။ ပထမရိုက်မယ့် နှစ်ကားက အောင်တိုင်းကျော် ထုတ်လုပ်ရေးအတွက်ပါ။ ဒုတိယတစ်ကားကတော့ အောင်သီရီအတွက် ရိုက်ပေးရမှာပါ၊ ဒီကြားထဲမှာတော့ မန္တလေး မှာ လုပ်တဲ့ ပရိုမိုးရှင်းပွဲတစ်ခုက လာဖို့ဖိတ်ထားတာ ရှိပါတယ်။  ကားရိုက် အားရင်တော့ သွားဖြစ်မှာပါ။ နေ့မှာ ဇာတ်ကားတွေရိုက်ပြီး ညပိုင်းမှာ ပြက္ခဒိန်ပိုစတာတွေ ရိုက်နေပါတယ်။
 မိုးယုစံ
မိုးယု အစကဇွန်လထဲမှာ ထိုင်းနိုင်ငံဖူးခက်မှာ ဇာတ်ကားသွားရိုက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ရာသီဥတု အခြေအနေအရ အလန်းဇယား ရုပ်ရှင်ကားရိုက်ကူးမှုကို အောက်တိုဘာလကို ရွှေ့လိုက်တယ်။ ဒါကြောင့်  လက်ရှိမှာတော့ ဗီဒီယိုကားလေးတွေ ပဲ ဆက်တိုက်ရိုက်နေပါတယ်။ ဒါရိုက်တာ ညီညီထွန်းလွင်နဲ့ ဇာတ်ကား မှာ သူထူးစံနဲ့ တွဲဖက်သရုပ်ဆောင် နေပါတယ်။ ဒီကားပြီးရင်လည်း ဗီဒီယိုကားတွေရိုက်ဖို့ ရှိပါတယ်။ ကြော်ငြာတွေနဲ့ ပိုစတာရိုက်ကူးမှုတွေ ရှိပါတယ်။ မိုးယု ပရိသတ်တွေ လက်ခုပ်သံကို ရယူနိုင်ဖို့ အနုပညာအလုပ်တွေ ကို ဆက်တိုက် လုပ်နေပါတယ်။
 ငှက်ပျောကြော်
ဇာတ်ကားရိုက်တွေ ရှိပါတယ်။ အခုလက်ရှိမှာတော့ ဒါရိုက်တာနေပိုင်ရိုက်တဲ့ လမင်းနှောင်တဲ့ကြိုးကား မှာ စူးရှ၊ မေသက်ခိုင်တို့နဲ့အတူ ပါဝင် သရုပ်ဆောင်နေတယ်။ အဲဒီကား မတိုင်ခင်က ဒါရိုက်တာညီညီထွန်းလွင် ရိုက်တဲ့ကားမှာ မိုးယုစံ၊ သူထူးစံနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဇွန်လထဲမှာတော့ ဗီဒီယိုကားလေးတွေပဲ ရိုက်ဖို့ရှိပါတယ်။ နေပိုင်ကားလေး ပြီးရင် ဒါရိုက်တာသျှိုကြီးရိုက်တဲ့ ကားမှာပါရမယ်။ ပြီးရင် ဒါရိုက်တာ ညီညီထွန်းလွင်နဲ့ ရိုက်ဖို့ပြောထားတာ ရှိပါတယ်။ ကားရိုက်စိပ်တယ်လို့ မဆိုသာပေမယ့် ပုံမှန်လေးတော့ လှုပ်ရှားဖြစ်ပါတယ်။ တချို့လတွေမှာတော့ နားရတာမျိုးရှိတယ်။
ဇွန်လထဲမှာ ကစ်ကစ် ဗီဒီယိုကားလေးတွေနဲ့ ကြော်ငြာလေးတွေပဲ ရိုက်ဖို့ရှိပါတယ်။ ဗီဒီယိုကားတွေ ကရန်ကုန်မှာပဲ ရိုက်မှာပါ။ ကစ်ကစ် အနေနဲ့ ကစ်ကစ်ရဲ့ပရိသတ်တွေနဲ့ အနီးဆုံးမှာရှိနေဖို့ အနုပညာအလုပ်တွေ ပုံမှန်လုပ်နေပါတယ်။ ပိုစတာ တွေလည်းရိုက်ဖြစ်တယ်။ အခုလက်ရှိ ရိုက်ဖြစ်တဲ့ ကားလေးတွေကတော့ ဖန်စီကားလေးတွေပါ။
သူတို့ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ရှိလဲ သူတို့ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ရှိလဲ Reviewed by သစ်ထူးလွင် on 18:33 Rating: 5
Powered by Blogger.