Child Care (youth) နှင့် စေတနာရှင်များ ကော့မှူးမြို့နယ်သို့ သွားရောက်လှူဒါန်း

Sunday, 29 May 2011 16:12


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ ၊ စေတနာရှင်လူငယ်များနဲ့ဖွဲ့စည်းထားတဲ့ Child Care (youth) အဖွဲ့ဟာ ယနေ့နံနက် (၉)နာရီမှာ ကော့မှူးမြို့နယ် ဘုရားကုန်း ရပ်ကွက်ရှိ အခမဲ့ ပညာဒါန ကြောင်းသို့သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ  မူလတန်းကနေ န၀မတန်းထိ
ပညာသင်ကြားနေတဲ့ ကျောင်းသား (၇၀)ဦး ကို ကျောင်းလွယ်အိတ် ၊ ပုံနှိပ်စာအုပ် ၊ ဗလာစာအုပ် ၊ ခဲတံ ၊ ဘောပင် စတဲ့ ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ အခမဲ့ပညာဒါနကျောင်းမှာ ကော့မှူးမြို့နယ်နဲ့ အနီးနားရွာများက လာရောက် ပညာသင်ကြားနေတဲ့          

ကျောင်းသားဦးရေ (၈၀)ခန့်ရှိပြီ စာသင်ခုံ နဲ့ကျောက်သင်ပုန်းများ လိုအပ်နေတယ်လို့်သိရပါတယ်။
 ဒါအပြင် ဆင်းရဲနွမ်းပါးပြီ ကျောင်းမအပ်နိုင်သေး တဲ့ ကျောင်းသား (၄) ဦးနဲ့ ကြည်မြင်တိုင်မြို့နယ်က ကျောင်းသား (၈)ဦးကိုလည်း ကျောင်းအပ်ခနဲ့ စာရေး ကရိယာများ ကူညီ ထောက်ပံခဲ့ပါတယ်။  လှူဒါန်းငွေ စုစုပေါင်း ကျပ်(၄) သိန်းဖြစ်ပါတယ်။  





Child Care (youth) နှင့် စေတနာရှင်များ ကော့မှူးမြို့နယ်သို့ သွားရောက်လှူဒါန်း Child Care (youth)  နှင့် စေတနာရှင်များ ကော့မှူးမြို့နယ်သို့ သွားရောက်လှူဒါန်း Reviewed by သစ်ထူးလွင် on 00:41 Rating: 5

No comments:

Powered by Blogger.