အားလည်းနာတယ် ပြောလည်းပြောချင်တယ်

 Sunday, 22 May 2011 23:59  ဒေါက်တာခင်မောင်ညို
စာရေးဆရာတွေကတော့ စာ ရွက်တွေပေါ်ကနေ ပြောချင်တာပါပဲ။ ဒါပေမဲ့ ဘာကြောင့်လဲမသိဘူး။ မြန်မာဖြစ်နေလို့ထင်ပါရဲ့ အား လည်းနာပါတယ်။ ကျွန်တော်တို့ဟာ ဘာကိုလုပ် လုပ်ပါ။ ရည်ရွယ်ချက်တော့ ရှိရပါ တယ်။ ဥပမာ ဒီမိုကရေစီလမ်း ကြောင်းကို သွားတယ်ဆိုပါတော့ ပြည်သူတွေအတွက် အစစအရာရာ အဆင်ပြေရေးအတွက် ရည်ရွယ် ကြမှာဖြစ်တယ်။ ဒီအတိုင်းပဲပေါ့၊ Good Governance နဲ့ Clean
Government ဆိုတာ ပြည်သူ တွေအတွက်ပါပဲ။ ပြည်သူတွေ အတွက် အလုပ်လုပ်တယ်ဆိုတော့ အုပ်ချုပ်သူတွေအတွက် မပါဘူး လား။ ပါပါတယ်။ သူတို့လည်း အဆင်ပြေစေရပါတယ်။
ဒီနေရာမှာ ဘာကြောင့်ဆိုတဲ့ Purpose လေး ကတော့ အရေးပါတယ်။ ဥပမာ- အာဏာကြီးသုံးရပ်၊ တရားရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကို ဘာကြောင့် ခွဲထားလဲ။ အကြွင်းမဲ့အာဏာဟာ အုပ်ချုပ်သူ ကိုပျက်စီးစေသလို ပြည်သူတွေ လည်း အနှိပ်စက်ခံရနိုင်လို့ပါပဲ။ ဒါကို နိုင်ငံရေး သို့မဟုတ် ဘောဂဗေဒသီအိုရီအရ Lose/Lose (ဆုံးရှုံးခြင်း/ဆုံးရှုံးခြင်း)ပုံစံလို့ ဆိုကြတယ်။ တကယ်တမ်းလိုလား တာကတော့ Win/Win (နှစ်ဦး နှစ်ဝ အနိုင်ရတဲ့)ပုံစံပါပဲ။ ကောင်းသော အုပ်ချုပ်မှုဟာ ပြည်သူတွေကို ကောင်းတဲ့ရလဒ် တွေရစေမှာပါပဲ။
ဒီအတွက် ပြည်သူ့ ဝန်ထမ်းတွေဟာ ပြည်သူအတွက် လုပ်ပေးရမယ်ဆိုတဲ့ သဘောကို (မြဲမြံစွာ)ထားရှိရမှာပါပဲ။ ဥပမာ တလောက ကျွန်တော့်ရဲ့နိုင်ငံကူး လက်မှတ်ကို သက်တမ်းသွားတိုး တယ်။ ဖော်ဖော်ရွေရွေနဲ့ ကူညီကြ တယ်။ ဒါပေမဲ့ ‘စလစ်’လို့ခေါ်တဲ့ စာရွက်ထုတ်တဲ့နေရာမှာတော့ အသက် ၆ဝ အထက်တွေကို အသက် ၁၈ နှစ်အောက်တွေနဲ့ တွဲ ထားတယ်။ အသက် ၁၈ နှစ်အောက်တွေ ဆိုတာ မိသားစုတွေ၊ ကလေးတွေ တသီတတန်းကြီးနဲ့။ သူတို့စာရွက် စာတမ်းက တစ်ထပ်ကြီးပါ။ မိသားစု တစ်စုလုံး အခန်းကျဉ်းထဲ စုပြုံဝင် နေကြတယ်။ ကလေးတွေက အော် ဟစ်ဆူညံနေကြတယ်။ မိခင်တစ်ဦး ဒါမှမဟုတ် ဖခင်တစ်ဦးနှင့်အတူ ကလေးသုံးယောက် လေးယောက် ပါလာတယ်။ ဒီလို မိသားစုတွေ အများကြီးပါပဲ။ ဒီတော့ အသက် ၆ဝ အထက် အဘိုးကြီးတွေက ကလေးတွေကြား မှာ ကသိကအောက် ဖြစ်ရတာပေါ့။ တကယ်တော့ သာမန်လုပ်သား ပြည်သူတွေနဲ့အတူလုပ်ရင် ဘာမှ ပြဿနာမရှိဘူး။ ဒီနေရာချောင် တယ်ဆိုပြီး VIP လည်း လာပါ သေးတယ်။
တကယ်တော့ရည်ရွယ် ချက်ကဘာလဲ။ အသက်ကြီးတဲ့သူ (၆ဝ ကျော်) တွေကို အဆင်ပြေစေဖို့ ရည်ရွယ် တာပါ။ သူတို့ဟာ မတိုးမဝှေ့ရဘဲ၊ တာရှည်မစောင့်ဆိုင်းရဘဲ စလစ် ထုတ်နိုင်ဖို့၊ စိစစ်ပေးနိုင်ဖို့ ဆောင် ရွက်ပေးထားတာပါ။ ကျေးဇူးတင် စရာကောင်းပါတယ်။ ဒါပေမဲ့ ၁၈ နှစ်အောက်ဆို တာနို့စို့ကလေးလည်း ပါတယ်လေ။ ဒီကလေးတွေနဲ့ လုပ်ရတာ အဆင် မပြေဘူး။ ဒီမှာဘယ်သူမှလည်း မပြောကြဘူး (ပြောရဲဟန်လည်း မတူပါဘူး)။ အသက် ၆ဝ ကျော် အမြတ် ခွန်အတွက် ကင်းလွတ်ခွင့်ရသတဲ့။ ဒါကြောင့် တစ်လကြာတော့ စလစ် နဲ့နိုင်ငံကူးလက်မှတ် သွားထုတ်ဖို့ ကြိုးစားတယ်။
”ပုံစံ ၁၉ ပါမှတဲ့”
”မလိုဘူးဆို”
”မပါရင် Passport မထုတ် ပေးပါဘူး”
ဒါနဲ့ အသေအချာမေးရတယ်။ နေရာအနှံ့မေးတော့ ပုံစံ ၁၉ ရဖို့ ၁၇ လည်းလိုတယ်တဲ့။ ၁၇ က ဘာလဲဆိုတော့ အမြတ်ခွန်ကင်းကြောင်းတဲ့။
”အမြတ်ခွန်မလိုဘူးဆို”
”ပုံစံတော့လိုတယ်”
ဒီတော့မှ ကျွန်တော်စာရွက် စာတန်းတွေ အရေးကြီးကြောင်း သိရတော့တယ်။ ပုံစံ ၁၇ ကို အခွန် ရုံးသွားထုတ်တော့ ရပ်ကွက် ထောက်ခံစာလိုပါသတဲ့။ နေထိုင် ကြောင်းပေါ့ဗျာတဲ့။ သန်းခေါင်စာရင်းက နေထိုင် ကြောင်းထောက်ခံစာ မဟုတ်ပါ လား။ နားမလည်နိုင်အောင်ပါပဲ။ ပြီးတော့ ဒါတွေရဲ့မိတ္တူတွေကို အခွန်ရုံးမှာ ပေးရမတဲ့။
”စလစ်စာရွက်၊ သန်းခေါင် စာရင်း၊ မှတ်ပုံတင်”
ဒါတွေအားလုံး မိတ္တူကူးပေးရတယ်။ ဒီအတွက် လျှပ်စစ်စက်တွေ သုံးရတယ်၊ မှင်တွေသုံးတယ်။ ပြီးတော့ ဒါဟာ သူတို့ဘာမှလည်း မလုပ်ဘူးလေ။ ကျွန်တော်က အခွန်ပေးစရာ မလိုသူပဲ။ ဒါပေမဲ့ ၁၇ လိုသတဲ့။ ဒါမှ ၁၉ ရမတဲ့။ ပုံစံ ၁၉ ရမှ နိုင်ငံ ကူးလက်မှတ်ရမတဲ့။ ၁၉ က အမြတ်ခွန်ကင်းရှင်းကြောင်းနဲ့ဆိုင် တဲ့ စာရွက်လို့ပြောတာပဲ။ ၆ဝ ကျော်ရင်မလိုဘူးလေ။ ဒါပေမဲ့ စာရွက်တော့လိုတယ်။ ဒါက ထောက်ခံစာလေ။ ထောက်ခံစာ လိုသတဲ့။ကျွန်တော် ပုံပြင်လေးတစ်ပုဒ် ကို သတိရတယ်။ တစ်ခါက လူတစ်ယောက်ဟာ စိတ်ရောဂါကု ဆေးရုံမှတ်တိုင်ကနေ ဘတ်စ်ကားပေါ်ကို တက်လာသတဲ့။
”လူတွေ ကျန်းမာပါစေ၊ သြော်… ကြမ်းမာလို့ ငါအောက်မကျွံ တာပဲ”
လို့ပြောတော့ လူတွေက ဝိုင်းရယ်ကြတယ်။ ဒီအခါ တက် လာတဲ့လူက
”ဘာလဲ၊ ကျုပ်ပြော တာကို ဘာလို့ရယ်တာလဲ။ ကျုပ်ကို အရူးလို့ ထင်လို့လား၊ မရူးဘူးဗျ”
အဲဒီလူဟာ ပြောရင်းဆိုရင်း သူ့ရဲ့ အိတ်ထဲက စာတစ်ရွက်ကို ထုတ် တယ်။
”ဒီမှာကြည့်ကြစမ်း၊ ဘာ စာရွက်လဲ၊ မရူးကြောင်းထောက် ခံစာ၊ ဆေးရုံအုပ်ကြီးက ထုတ်ပေး လိုက်တဲ့ ထောက်ခံစာဗျ”
ကျုပ်ဖတ်ပြမယ်…။
”ဒီထောက်ခံစာကို ကိုင် ဆောင်ထားသူ ဦးထွန်းဦးသည် ရူး သွပ်ဝေဒနာမရှိကြောင်း ထောက်ခံ ပါသတဲ့”
ကျုပ်မရူးဘူး။ ပြစမ်း ခင်ဗျားတို့ဆီမှာ ဘာစာ ရွက်ပါလဲ။ ခင်ဗျားတို့မှာမရူးကြောင်း ထောက်ခံချက်ပါလားတဲ့။ လူတွေ အားလုံး တိတ်သွားတယ်။ အင်း၊ ကျွန်တော်လည်း ထောက်ခံစာလိုနေတာကို စဉ်းစား မိလို့ ပြုံးနေမိတယ်။ အဲလေ ဘာ ဆိုင်လို့လဲ။
ဒေါက်တာခင်မောင်ညို
EastwindBurma  ကူးယူဖေါ်ပြပါသည်။
အားလည်းနာတယ် ပြောလည်းပြောချင်တယ် အားလည်းနာတယ် ပြောလည်းပြောချင်တယ် Reviewed by သစ်ထူးလွင် on 09:59 Rating: 5

No comments:

Powered by Blogger.